Border News Agency
ကျောက်တော်၊ ဧပြီ ၂၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြို့နယ်တွေအပါအဝင် နိုင်ငံတဝှမ်းက မြို့နယ်ကိုးဆယ်ကျော်ကို အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ် ချုပ်ရေးအာဏာကျင့်သုံးဖို့ စစ်ကော် မရှင်တပ်က ဧပြီလ ၂၃ ရက်၊ဒီနေ့အမိန့်ထုတ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အမိန့်အမှတ် ၁/အရ အာရက္ခတပ်တော်ထိန်းချုပ်ထားတဆယ်ငါးမြို့နယ်ကို အရေးပေါ်အခြေအနေသတ်မှတ်လိုက်တာပါ။
အဲဒီမြို့နယ်တွေရဲ့အုပ်ချုပ်ရေးနဲ့ တ ရားစီရင်ရေး အာဏာအားလုံးကို ကာ ကွယ်ရေးဦးစီးချုပ်ဆီ လွှဲလိုက်ပြီး၊ကာချုပ်ကတဆင့် သက်ဆိုင်ရာတိုင်းမှူးတွေကို စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးဖို့ ထပ်တာဝန်ပေးထားပါတယ်။
အဲဒီအမိန့်ထုတ်ပြန်တဲ့နေ့ကစပြီး ရက်ပေါင်းကိုးဆယ်ထိအတည်ဖြစ်သလိုအ ရပ်ဘက်အုပ်ချုပ်ရေးထက် စစ်ဘက်ဆိုင်ရာအုပ်ချုပ်မှုပုံစံအတိုင်းတင်းတ င်းကျပ်ကျပ်လုပ်ဆောင်သွားဖို့ဖြစ်ပါတယ်။
မတရားမဝင်သမ္မတတုမင်းအောင်လှိုင်ဟာ ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ဟန်ပြဖိတ်ခေါ်ထားပေမယ့် ကာချုပ်အသစ်ကိုစစ်အုပ်ချုပ်ရေးအာဏာပေးပြီးအရေးပေါ်အခြေအနေကြေညာကာ စစ်အုပ်ချုပ်ရေးပြန်လုပ်တာဖြစ်ပါတယ်။






