Border News Agency
နေပြည်တော်၊ ဧပြီ ၂၃။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ထိုင်းအထူးသံတမန်မစ္စတာဆီဟာဆက် ဧပြီလ ၂၂ ရက်က နေပြည်တော်မှာတွေ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် အပြုသဘောဆောင်တာတွေ စဉ်းစားနေတယ်လို့မင်းအောင်လှိုင်လိမ်ညာပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကိုအာဆီယံနိုင်ငံတွေစိုးရိမ်နေကြတာမို့ထိုင်းသံတမန်ကမေးတာမှာ စစ်ခေါင်းဆောင်က ကော င်းကောင်းမွန်မွန်စောင့်ရှောက်ထားတယ်လို့ ပြန်ဖြေတာပါ။
သူမအတွက် ပိုကောင်းတာတွေစဉ်းစားပေးနေတယ်ဆိုပေမယ့် သူမနေထိုင်ရာကိုတောင် တိတိကျကျ ထုတ်ပြောတာမရှိပါဘူး။
မြန်မာနှစ်ဆန်းတရက်နေ့မှာ သမ္မတဦးဝင်းမြင့်ကိုပြန်လွတ်ပေးခဲ့ပေမယ့် လူာထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြာည်ကို အဆက်အသွယ်ဖြတ်ထားတာငါးနှစ်ကျော်နေပြီးဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိကြောင်းသက်သေပြဖို့(Proof of Life) လှုပ်ရှားမှုကို သားဖြစ်သူကင်မ်အဲရစ်နဲ့အတူ တော်လှန်ရေးအင်အားစုတွေ၊ပြ ည်သူတွေက တောင်းဆိုနေကြတာပါ။






