Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး နိုင်ငံရေး သတင်း

ဆူရ်ဘုန်လေယာဉ်ကွင်းကို အာဏာသိမ်းစစ်တပ်ပြန်သိမ်းဖို့ ထိုးစစ်ဆင်နေ

(ဓာတ်ပုံ - ချင်းတော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ဆူရ်ဘုန်လေယာဉ်ကွင်း / ချင်းညီနောင်)

(ဓာတ်ပုံ - ချင်းတော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ဆူရ်ဘုန်လေယာဉ်ကွင်း / ချင်းညီနောင်)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
3
VIEWS
Share on FacebookShare on Twitter

Border News Agency
ဖလမ်း၊ ဧပြီ ၂၄။

ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ဖလမ်းမြို့နယ်ရှိ ဆူရ်ဘုန်လေယာဉ်ကွင်းကို အာဏာသိ မ်းစစ်တပ်ပြန်သိမ်းဖို့အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

အဲဒီဖလမ်းမြို့နယ်ကို ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလကစတင်ပြီး အာဏာသိမ်းစစ်တပ်က ကလေးမြို့ကတဆင့် ကလေး-သိုင်းငင်း-တီးတိန်-ဖလမ်းကားလမ်းမှစစ်ကြောင်းထိုးတိုက်ခိုက်လာတာဖြစ်ပါတယ်။

အဲဒီအပြင် ကလေး-နတ်ချောင်း-ဝေဘူလ-ဖလမ်းကားလမ်းမှလည်း အင်အားဖြည့်စစ်ကြောင်းထိုးတိုက်ခိုက်လာတာဖြစ်ပြီးဧပြီလ ၂၄ ရက်နေ့မှာ ဆူရ်ဘုန်လေယာဥ်ကွင်းအနီးကိုရောက်ရှိလာပြီမို့တိုက်ပွဲတွေပြင်းထန်နေတာပါ။

အဲဒီလေယာဥ်ကွင်းသိမ်းတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က တိုက်လေယာဥ်ဆ ယ်စီးထိအသုံးပြုပစ်ကူပေးနေသလိုဗုံးအလုံးရေရာနဲ့ချီပြီးကြဲချပစ်ခတ်နေတ ယ်လို့မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

“ဒီဆူရ်ဘုန်လေယာဥ်ကွင်းနဲ့မြို့ကိုရ အောင်ပြန်ယူမယ့်ပုံပေါ်နေပါတယ်။ စစ်သားအင်အားတအားသုံးပြီးအပြင်းထန်ဆုံးထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ လေယာဥ်တွေလည်းအုပ်လိုက်ကြီးလာပစ်နေတာပါ။ အသည်းအသန်ခုခံနေရပါတယ်။” လို့ မြေပြင်စစ်ရေးသတင်းရ င်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီဆူရ်ဘုန်လေယာဥ်ကွင်းဟာဖလမ်းမြို့အနောက်ဘက် ၁၃ ကီလိုမီတာအ ကွာပင်လယ်ရေမျက်နှာပြင်အထက် ၁,၈၃၀ မီတာမှာတည်ရှိပါတယ်။

အဲဒီဆူရ်ဘုန်လေဆိပ်ဟာ ချင်းပြည်ရဲ့ပထမဆုံးလေဆိပ်ဖြစ်သလို ချင်းပြည်ရဲ့တခုတည်းလေယာဥ်ကွင်းဖြစ်တာမို့အာဏာသိမ်းစစ်တပ်ပြန်ထိန်းချုပ်နိုင်သွားရင်စစ်ရေးအတွက်အသုံးပြုနိုင်သွားမယ်လို့ ချင်းတော်လှန်ရေးတပ်တွေက ဆိုကြပါတယ်။

အဲဒီဆူရ်ဘုန်လေယာဥ်ကွင်းကို ဧပြီလ ၁၉ ရက်နေ့ကစတင်ပြီးအာဏာသိမ်းစစ်တပ်အင်အားတထောင်နီးပါးထိအသုံးပြုထိုးစစ်ဆင်လာတာမို့တိုက်ပွဲပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်ကသေဆုံးဒဏ်ရာရတာတွေများနေကြတယ်လို့ ဆိုကြပါတယ်။

အဲဒါကြောင့်အာဏာသိမ်းစစ်တပ်ရဲ့တို က်လေယာဥ်တွေအများအပြားအသုံး ပြုပစ်ကူပေးနေတာမို့ ချင်းလက်နက် ကိုင်တော်လှန်ရေးတပ်ဖွဲ့စုစည်းခုခံနေကြရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

“ချင်းလက်နက်ကိုင်တွေစုစည်းခုခံနေကြပါတယ်။ချင်းလက်နက်ကိုင်တွေအချင်းချင်းစုစည်းမခုခံလိုလေယာဥ်ကွ င်းပြန်ပေးလိုက်ရရင်ချင်းလက်နက်ကို င်အားလုံးစစ်ရေးအထိနာလာနိုင်ပါတ ယ်။ဒီလေယာဥ်ကွင်းက အကြမ်းဖက်စစ်တပ်အတွက်စစ်ရေးအချချဖို့အရေးပါပါတယ်။”လို့ မြေပြင်သတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီဆူရ်ဘုန်လေယာဥ်ကွင်းဟာ ပြေးလမ်းအလျား ၁,၈၃၀ မီတာနဲ့အကျယ် ၃၀ မီတာရှိပြီး ATR-72 အမျိုးအစား လေယာဉ်တွေဆင်းသက်နိုင်တာမို့အာဏာသိမ်းစစ်တပ်က လေကြောင်းစစ်သည်လက်နက်ခဲယမ်းတွေဖြည့်တင်းဖို့အခွင့်အရေးရသွားနိုင်တယ်လို့ ချင်းလက်နက်ကိုင်တော်လှန်အဖွဲ့တွေထော က်ပြကြပါတယ်။

အဲဒီလေယာဥ်ကွင်းကို အသုံးပြုအင် အားဖြည့်တင်းပြီး တခြားနေရာတွေ၊ တခြားမြို့နယ်တွေကိုလည်း ဆက်ထိုးစစ်ဆင်သိမ်းယူလာနိုင်တာမို့ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲဲ့တွေစုစည်းခုခံနေကြတာလို့ ဆိုကြပါတယ်။

အဲဒီဖလမ်းမြို့နယ်ကို ပြီးခဲ့တဲ့နှစ်၊ ဧပြီ လ ၈ ရက်နေ့က ချင်းညီနောင်အဖွဲ့ကဦးဆောင်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားတာပါ။

PrevPrevious​ဒေါ်အောင်ဆန်းစုကြည်အတွက်ပိုကောင်းတာတွေ စဉ်းစားနေတယ်လို့ သမ္မတတုလိမ်ညာ
Next​လက်ဘနွန်မှာ အစ္စရေးတိုက်ခိုက်လို့ ဝါရင့်သတင်းထောက်တဦး သေဆုံးNext
Previous Post

​ဒေါ်အောင်ဆန်းစုကြည်အတွက်ပိုကောင်းတာတွေ စဉ်းစားနေတယ်လို့ သမ္မတတုလိမ်ညာ

Next Post

​လက်ဘနွန်မှာ အစ္စရေးတိုက်ခိုက်လို့ ဝါရင့်သတင်းထောက်တဦး သေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - ပခုက္ကူလူထုတိုက်ပွဲကော်မတီ

ပခုက္ကူမှာ Proof of life လှုပ်ရှားမှုပြုလုပ်

April 24, 2026

​ဟော်မုဇ်ရေလက်ကြားမှာမိုင်းထောင်တဲ့ အီရန်လှေတွေကိုပစ်သတ်ဖို့ထရန့်အမိန့်ပေး

April 24, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

လယ်ဝေးစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်အများအပြားသေဆုံး

April 24, 2026

​သတင်းမီဒီယာတွေကို စစ်ခုံရုံးနဲ့ စစ်ဆေးမယ်လို့ကာချုပ်သစ်ကြေညာ

April 24, 2026

ပခုက္ကူမှာ Proof of life လှုပ်ရှားမှုပြုလုပ်

​ဟော်မုဇ်ရေလက်ကြားမှာမိုင်းထောင်တဲ့ အီရန်လှေတွေကိုပစ်သတ်ဖို့ထရန့်အမိန့်ပေး

လယ်ဝေးစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်အများအပြားသေဆုံး

​သတင်းမီဒီယာတွေကို စစ်ခုံရုံးနဲ့ စစ်ဆေးမယ်လို့ကာချုပ်သစ်ကြေညာ

​လက်ဘနွန်မှာ အစ္စရေးတိုက်ခိုက်လို့ ဝါရင့်သတင်းထောက်တဦး သေဆုံး

ဆူရ်ဘုန်လေယာဉ်ကွင်းကို အာဏာသိမ်းစစ်တပ်ပြန်သိမ်းဖို့ ထိုးစစ်ဆင်နေ

Releated Post

ဓာတ်ပုံ - ပခုက္ကူလူထုတိုက်ပွဲကော်မတီ

ပခုက္ကူမှာ Proof of life လှုပ်ရှားမှုပြုလုပ်

April 24, 2026

​ဟော်မုဇ်ရေလက်ကြားမှာမိုင်းထောင်တဲ့ အီရန်လှေတွေကိုပစ်သတ်ဖို့ထရန့်အမိန့်ပေး

April 24, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

လယ်ဝေးစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်အများအပြားသေဆုံး

April 24, 2026

​သတင်းမီဒီယာတွေကို စစ်ခုံရုံးနဲ့ စစ်ဆေးမယ်လို့ကာချုပ်သစ်ကြေညာ

April 24, 2026

​လက်ဘနွန်မှာ အစ္စရေးတိုက်ခိုက်လို့ ဝါရင့်သတင်းထောက်တဦး သေဆုံး

April 24, 2026
(ဓာတ်ပုံ - ချင်းတော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ဆူရ်ဘုန်လေယာဉ်ကွင်း / ချင်းညီနောင်)

ဆူရ်ဘုန်လေယာဉ်ကွင်းကို အာဏာသိမ်းစစ်တပ်ပြန်သိမ်းဖို့ ထိုးစစ်ဆင်နေ

April 24, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page