Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး ပညာရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

ပန်းကလေးတိုင်း ဖူးတံဝင့်လို့ ပွင့်လန်းခွင့်ရစေလို

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
18
VIEWS
Share on FacebookShare on Twitter
  • လင်းခိုင် ရေးတယ်။

Border News Agency
မြောက်ဦး၊ ဇွန် ၂၃။

မိုးကလေးတွေ တဖွေးဖွေးရွာနေပြီ။ လယ်ကွင်းပြင်တွေမှာလည်း ရေတဖောင်ဖောင်ပြည့်နှင့်ပြီ။လယ်သမားတွေလယ်ထဲဆင်းကြပြီ။ကလေးငယ်တွေအတွက်လည်း ကျောင်းဖွင့်ချိန် ရောက်ပြီ။

ဒါပေမယ့်အာရက္ခဒေသက စာသင်ကျောင်းတွေကတော့ အပြည့်အ၀မဖွင့်နိုင်သေးပါဘူး။အာရက္ခကလေးတိုင်းလည်း ကျောင်းတက်ခွင့်မရကြသေးပါဘူး။။

“ဒီကလေးနှစ်ယောက် နှစ်တန်းတစ်ယောက်၊ရှစ်တန်းတစ်ယောက် ကျောင်းထားချင်တယ်။မနှစ်ကလည်း မတက်လိုက်ရဘူး။ကလေးတွေ စာတော်ကြတယ်။” လို့ မင်းပြားမြို့နယ်မှ စစ်ရှောင်အမျိုးသမီးဒေါ်ယဥ်ယဥ်က ပြောပါတယ်။

ဒါပေမယ့် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေကြရတဲ့မိသားစုတွေအဖို့ ကူညီရေးအဖွဲ့တွေရဲ့အကူအညီလည်း လုံး၀မရတော့ချိန် ထမင်းနပ်မှန်ဖို့အရေးသာ ရုန်းကန်နေကြရတာမို့ ကလေးတွေကို ကျောင်းထားဖို့ ငွေကြေးမတတ်နိုင်ကြပါဘူး။

ကလေးတွေကို ကျောင်းထားဖို့အတွက်ကျောင်းသုံးပုံနှိပ်စာအုပ်တွေဟာ အနည်းဆုံး သုံးသောင်းကျပ်၊ ဗလာစာအုပ်တဒါဇင်ကို ကျပ်နှစ်သောင်းခွဲပေးရတဲ့ အာရက္ခဒေသမှာ ကလေးတစ်ဦး ကျောင်းထားနိုင်ဖို့မလွယ်ကူပါဘူး။

အဲဒါတွေအပြင် လစဉ်ကျောင်းစာရိတ်ကလည်းရှိသေးတော့ ဒေါ်ယဉ်ယဉ်ဟာ သူ့သမီးလေးနှစ်ဦးကို ကျောင်းထားချင်ပေမယ့် စိတ်သွားတိုင်းကိုယ်မပါနိုင်ဖြစ်နေပါတယ်။

“(အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ)ရုံးတွေမှာ ပတ်ပြီး အကူအညီတောင်းဖို့ စဉ်းစားထားတယ်။” လို့ ဒေါ်ယဉ်ယဉ်က ပြောပါတယ်။

အာရက္ခဒေသမှာ ဒေါ်ယဉ်ယဉ်လိုကျောင်းထားချင်ပေမယ့် ကျောင်းမထားနိုင်တဲ့ ဘ၀တူမိဘတွေဒုနဲ့ဒေးပါ။

အာရက္ခဒေသမှာ အခြေခံစားသောက် ကုန်တွေ စျေးအဆမတန်ကြီးမြင့်နေပြီးအလုပ်အကိုင်လည်း ရှားပါးနေကြတာမို့ မိဘတွေမှာ ဝမ်းရေးအတွက်သာအိုကရုန်းကန်နေကြရပါတယ်။

အဲဒါကြောင့် ကလေးတွေရဲ့ပညာရေးလမ်းဆက်မဖွင့်ပေးနိုင်ကြတော့ပါဘူး။မူလတန်းအဆင့်ပင် ပြီးဆုံးအောင်မတက်လိုက်ရဘဲ ကျောင်းထွက်ရတဲ့က လေးငယ်ဦးရေလည်း ပိုတိုးလာခဲ့ပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတ ချို့မှာ Border News Agency က ကျောင်းသားမိဘတွေကို ကျပန်းစစ်တမ်းငယ်ပြုလုပ်ခဲ့ပါတယ်။အဲဒီမှာ ဒီပညာသင်နှစ်အတွင်း ကျောင်းထုတ်လိုက်ရတဲ့ကလေးအရေအတွက်ဟာ ကျောင်းတက်ရမယ့်အရေအတွက်ထက်ဝက်နီးပါးရှိနေတာကိုတွေ့ရပါတယ်။

အဲဒီပေါက်တော၊မင်းပြား၊မြေပုံသုံးမြို့ နယ်မှ ကျောင်းသူ၊ကျောင်းသားသုံးဆယ်ရဲ့မိဘတွေကို Border News Agen cy က မေးမြန်းခဲ့ရာ မိဘတဆယ့်လေးဦးဟာ သူတို့ရဲ့သားသမီးတွေကို ကျော င်းထုတ်လိုက်ရတယ်လို့ ဆိုကြပါတယ်။

အဲဒီကျောင်းထုတ်လိုက်တဲ့ကလေးတွေထဲမှာ မူလတန်းအဆင့်ပင် ပြီးဆုံးတိုင် အောင်မသင်ရသေးတဲ့ကလေးငယ်ရှစ်ဦးပါဝင်ပြီးအလယ်တန်းအဆင့်ကကျောင်းထုတ်လိုက်ရသူငါးဦး၊အထက် တန်းအဆင့်ကထုတ်လိုက်ရသူတစ်ဦး ပါဝင်တာကို တွေ့ရပါတယ်။

နောက်ပြီးကျောင်းဆက်တက်ခွင့်ရတဲ့ ကျောင်းသားတဆယ့်ခြောက်ဦးဟာလည်း ခက်ခက်ခဲခဲရုန်းကန်းသင်ပေးရတဲ့အခြေအနေဖြစ်ပါတယ်။

ဒါတွေဟာ စားဝတ်နေရေးရုန်းကန်နေကြရတာကြောင့် သူတို့ရဲ့သားသမီးတွေကို ကျောင်းဆက်မထားနိုင်ကြတာဖြစ်ပါတယ်။

စစ်တပ်ကအာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း အခြေခံပညာအဆင့်ပင်ပြီးဆုံးတိုင်အောင် မတက်ရဘဲ ကျောင်းထွက်လိုက်ရတဲ့ ကျောင်းသူ၊ကျောင်းသားဦးရေဟာ သိသိသာသာ တိုးလာခဲ့ပြီး ဒီနှစ်မှာ ပိုပြီးတော့တိုးသွားခဲ့တာ တွေ့ရပါတယ်။

အာရက္ခဒေသမှာ မိုခါမုန်တိုင်းတိုက်ခတ်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကျောင်းဖွင့်ရာသီတုန်းက ကျောင်းသားသုံးသိန်းခုနှစ်သောင်းကျော်ရှိခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ သုံးသိန်းခွဲကျော်ရှိခဲ့ပြီး အရပ်သားအစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်မှာတော့ ငါးသိန်းသုံးသောင်းကျော်ရှိခဲ့တယ်လို့ ပညာရေးဌာနစာရင်းတွေမှာ ဖော်ပြထားပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်ထက်မှာတော့ ကျောင်းအပ်ထားတဲ့ကျောင်းသူ၊ကျောင်းသားဦးရေသုံးသိန်းဝန်းကျင်သာ ရှိနိုင်တယ်လို့ ခရိုင်အဆင့်ပညာရေးဌာနဝန်ထမ်းတချို့က
ခန့်မှန်းတွက်ချက် ပြောဆိုကြပါတယ်။

“ကျောင်းသားနည်းသွားတာပေါ့။ခရိုင်တခုမှာ အများဆုံးခြောက်သောင်းပဲ။ထောင်ဂဏန်းပဲရှိတဲ့ခရိုင်တွေလည်း ရှိတယ်။တပြည်လုံး သုံးသိန်းထက်မပိုလောက်ဘူး။” လို့ ခရိုင်အဆင့်ဝန်ထမ်းတဦးက ပြောပါတယ်။

အဲဒီအချက်အလက်တွေကို ကြည့်ရင်အာရက္ခဒေသမှာ အခြေခံအဆင့်ပညာသင်ကြားနိုင်တဲ့ကျောင်းသားဦးရေဟာ သိသိသာသာလျော့သွားခဲ့တာပေါ်လွင်နေပြီး ကလေးကျောင်းထွက်နှုန်းဟာလည်း ပိုမြင့်လာခဲ့တာ ထင်ရှားနေပါတယ်။

ဘာကြောင့် ကျောင်းသားဦးရေလျော့သွားရတာလဲ

အာရက္ခဒေသမှာ ပြီးခဲ့တဲ့အရပ်သားအစိုးရလက်ထက်နဲ့နှိုင်းယှဉ်ရင် ကျောင်းသားဦးရေဟာ ထက်ဝက်နီးပါးထိ လျော့ကျသွားခဲ့တာဖြစ်ပါတယ်။

ဒါဟာ ကလေးငယ်တွေရဲ့အနာဂတ်ပညာရေးအတွက် စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်နေတယ်လို့ ပညာရေးဝန်ထမ်းဟောင်းတွေနဲ့အကဲခတ်တွေက ထောက်ပြကြပါတယ်။

အဲဒီလိုကျောင်းသားဦးရေသိသိသာသာလျော့ကျသွားတာဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းကဖြစ်ပြီး အဓိကအကြောင်းရင်းမှာ စားဝတ်နေရေးကြပ်တည်းမှုကြောင့်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

အာရက္ခဒေသနေ​ပြည်သူတွေဟာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲကုန်စျေးနှုန်းမြင့်တက်မှု၊မိုခါမုန်တိုင်းနောက်ဆက်တွဲ ပျက်စီးထိခိုက်ဆုံးရှုံးမှု၊ဒေသတိုက်ပွဲတွေဖြစ်လာပြီးနောက်ပိုင်း နေရပ်စွန်ခွာတိမ်းရှောင်ရမှု၊အလုပ်အကိုင်ရှာပါးမှုတွေကြောင့်ဖြစ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် ကျောင်းသားမိဘတွေထက်ဝက်နီးပါးဟာ မိသားစုထမင်းနှပ်မှန်ဖို့အရေးသာ ရုန်းကန်နေကြရပြီး ကလေးတွေကျောင်းစာအုပ်နဲ့ကျောင်းစာရိတ်ဖိုး မတတ်နိုင်ကြတော့ပါဘူး။

“အရင်က ကောက်စိုက်၊မြက်နုတ်နေ့ စားလိုက်ရင် မိသားစုစားဖို့လည်းရတယ်။ကလေးကိုလည်း ကျောင်းထားနိုင်တယ်။ဒီနှစ်က အလုပ်လည်းမကျ(မလုပ်ရ)တော့ဘူး။သားကိုလည်း ကျောင်းထုတ်ရတော့မယ်။” လို့ ပေါက်တောမြို့နယ်မှ လေးတန်းအရွယ်ကျောင်းသားတဦးရဲ့မိခင်ဖြစ်သူ ဒေါ်သန်းမေက ပြောပါတယ်။

လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်သက်မွေးကြတဲ့ အာရက္ခဒေသမှာ အခြေခံစားသောက်ကုန်တွေအပါအဝင် စိုက်ပျိုးရေးသွင်းအားစုတွေလည်း စျေးမြင့်တက်နေတာ၊လယ်ယာထွက် ကုန်တွေ စျေးကျတာတွေကြောင့် လယ်သမားတွေဟာလည်း လယ်ယာမြေတွေအကုန်မထွန်ကြတော့ပါဘူး။

အဲဒါကြောင့် လယ်ယာလုပ်ငန်းကို မှီခိုနေကြတဲ့ လက်လုပ်လက်စားတွေဟာလည်း အလုပ်အကိုင်ပျောက်ကာ စား ဝတ်နေရေးခက်ခဲ့သွားခဲ့ကြရတာပါ။

သူတို့ရဲ့ကလေးတွေကိုပါ ကျောင်းထုတ်လိုက်ကြရတဲ့အခြေအနေထိဆိုက်သွားခဲ့ရပါတော့တယ်။

အာရက္ခဒေသမှာ အခြေခံလက်လုပ်လက်စားဦးရေ များပြားလွန်းတာမို့ သားသမီးတွေကို ပညာဆက်မသင်နိုင်တော့တဲ့ မိဘတွေပိုများလာရတာဖြစ်ပါတယ်။

အဲဒီအပြင် အာရက္ခပြည်လူဦးရေရဲ့ ဆယ်ပုံတပုံကျော်သော စစ်ဘေးရှောင်မိသားစုတွေဟာလည်း အရင်တုန်းက ပုံမှန်ရနေခဲ့တဲ့လစဉ်ထောက်ပံ့ငွေလည်း မရကြတော့တာမို့ သူတို့ရဲ့ကလေးတွေကို ကျောင်းထုတ်လိုက်ကြရပါတယ်။

“ကယ်ဆယ်ရေးမရတာ ခြောက်လကျော်ပြီဆိုတော့ စားဖို့ကို ရှာရတာမလွယ်ဘူး။အလှူခံရတယ်။တောင်းစားရတယ်။ကလေးကျောင်းထားနိုင်ဖို့ကမလွယ်တော့ဘူး။” လို့ မြေပုံမြို့နယ်မှာ စစ်ဘေးရှောင်နေတဲ့ သံတွဲမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

အာရက္ခပညာရေးစနစ် ဘယ်လိုလည်ပတ်နေလဲ​

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခအမျိုးသားပညာရေးဌာနကို ဖွဲ့စည်းပြီး စာသင်ကျောင်းတွေဖွင့်ဖို့ ပြင်ဆင်နေပါတယ်။

ဒါပေမယ့် ဆရာ၊ဆရာမအင်အား လိုအပ်ချက်ရှိတာ၊အရပ်သားနေရာတွေ၊စာသင်ကျောင်း၊ဆေးရုံတွေပါမချန် ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိတဲ့ စစ်ကောင်စီတပ်ရဲ့လေကြောင်းရန်စိုးရိမ်ရတာတွေကြောင့် ကျောင်းတိုင်းကိုတော့ မဖွင့်နိုင်သေးပါဘူး။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ပညာရေးကဏ္ဍမှာ ဗဟိုပညာရေးဌာနကို ဖွဲ့စည်းထားပြီး ခရိုင်၊မြို့နယ်၊နယ်မြေအဆင့်ပညာရေးဌာနတွေ ဖွဲ့ထားပါတယ်။

အာရက္ခတပ်တော်ဟာ ပြီးခဲ့အပစ်ရပ်ကာလ ၂၀၂၀ ပြည့်နှစ်ဝန်းကျင်ကည်းက အာရက္ခအမျိုးသားပညာရေးဌာနကို ဖွဲ့စည်းခဲ့တာဖြစ်ပေမယ့်အာရက္ခအဆုံးအဖြတ်စစ်ပွဲနောက်ပိုင်းအလုံးအရင်းနဲ့ ဆောင်ရွက်လာခဲ့တာပါ။

အဲဒီပညာရေးဌာနမှာ ရုံးဝန်ထမ်းတွေအပြင် မြို့နယ်အလိုက် သင်ကြားရေးဆရာ၊ဆရာမတွေလည်း ခန့်အပ်ထားပါတယ်။

ဒါပေမယ့် သင်ကြားရေးဆရာ၊ဆရာမတွေကိုတော့ လတ်တလောမှာ လစာပေးနိုင်တာမရှိသေးဘဲ ဆရာ၊ဆရာမတွေအတွက် လစာငွေကို ကျောင်းသားတွေဆီကနေ ကောက်ခံပေးနေတာ တွေ့ရပါတယ်။

ကျောင်းလခဘယ်လိုပေးရလဲ

အဲဒီလိုသင်ကြားရေးဆရာ၊ဆရာမတွေကို လစာထောက်ပံ့ငွေမပေးနိုင်သေးတဲ့အခြေအနေမှာ ကျောင်းသားတွေဆီက ကျောင်းလခကောက်ခံပေးနေကြရတာကြောင့် ကျောင်းသားမိဘတွေအဖို့ က လေးတွေကို ကျောင်းဆက်ထားနိုင်ဖို့ ပိုပြီးတော့ ဝန်ပိစေခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အာရက္ခအမျိုးသားပညာရေးဌာနဟာ ကျေးရွာ၊ရပ်ကွက်အလိုက်ဒေသတွင်းရှိနေတဲ့ သင်ကြားရေးဆရာ၊ဆရာမတွေကို ခန့်ထားသင်ကြားစေတာပါ။

အဲဒီဆရာ၊ဆရာမတွေအတွက် ထော က်ပံ့ငွေကို ကျောင်းသူ၊ကျောင်းသားတွေဆီက အချိုးကျကောက်ခံပါတယ်။

အာရက္ခပြည်သူ့ပညာရေးဌာနကတော့ KG တန်းမှ ၁၂ တန်းထိ ကလေးတွေဆီက ကျောင်းလခငွေကို တလမှာကျပ်တသောင်းမှသုံးသောင်းထက်ပိုမကောက်ဖို့ သတ်မှတ်ညွန်ကြားပေးထားလို ဆို
ကြပါတယ်။

ဒါပေမယ့် မြေပြင်မှာတော့ မူလတန်းကလေးတွေဟာ ကျပ်ငါးထောင်မှကျပ်တသောင်းကျော်ထိ၊အလယ်တန်းကျောင်းသားတွေဟာ ကျပ်နှစ်သောင်းမှလေးသောင်းဝန်းကျင်ထိ၊အထက်တ န်းကျောင်းသားတွေဟာ ကျပ်ငါးသောင်းမှတသိန်းကျပ်ထိ ပေးနေကြရတယ်လို့ ​ကျောင်းသားမိဘတွေက ဆိုကြပါတယ်။

အဲဒါဟာ ကျောင်းသားအရေအတွက် နည်းပါးတာမို့ ကျောင်းလခပိုပေးကြရတာဖြစ်တယ်လို့ ဆိုကြပါတယ်။

“ကျွန်တော်တို့ဌာနကတော့ သုံးသောင်းအများဆုံးပဲကောက်ဖို့ ခွင့်ပြုထားတာ။”လို့ အာရက္ခအမျိုးသားပညာရေးဌာနရဲ့ခရိုင်ရုံးဝန်ထမ်းတဦးက ပြောပါတယ်။

တချို့ကျေးရွာတွေမှာတော့ ကျောင်းသားမိဘက ဦးစီးပြီး နွေရာသီကျောင်းပိတ်ချိန် စပါးပေးဖို့ စီစဉ်ထားကြတာတွေ့ရပါတယ်။

စစ်ဘေးရှောင်ကလေးငယ်တွေနဲ့ ကျောင်းစရိတ်လုံး၀မတတ်နိုင်သူတွေကို ကျောင်းလခကင်းလွတ်ခွင့်ပေးရမယ်လို့လည်း အာရက္ခအမျိုးသားပညာရေးဌာနက သတ်မှတ်ထားပါတယ်လို့ဆိုပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ အမှန်တကယ် ကင်းလွတ်ခွင့်မရဖြစ်နေတယ်လို့ ကျောင်းသားမိဘတွေက ဆိုကြပါတယ်။

“ကျောင်းလခမပေးရအုံး။စာအုပ်ဖိုးတွေလည်းမတတ်နိုင်ဘူးလေ။ကျွန်မတို့မှာ စားဖို့တောင်မရှိတာ။”လို့ မြေပုံမြို့နယ်မှ စစ်ဘေးရှောင်ကျောင်းသားမိဘတဦးက ပြောပါတယ်။

ဆရာ၊ဆရာမတွေအရည်အချင်းပြည့်မီရဲ့လား

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အာရက္ခအမျိုးသားပညာရေးဌာနက ကျေးရွာတွေ၊ရပ်ကွက်တွေမှာ ရှိနေပြီးသား ဆရာ၊ ဆရာမတွေကို သင်ကြားရေးအတွက် ခန့်ထား၊ စီစဉ်ပေးနေတာပါ။

တချို့ကျေးရွာတွေမှာ သင်ကြားရေးအတွေ့အကြုံရှိတဲ့ အရည်အချင်းပြည့် ဆရာ၊ဆရာမတွေရှိပေမယ့် ရွာအများစုမှာတော့ ဆရာ၊ဆရာမအင်အားလိုအပ်ချ က်ကြောင့် သင်ကြားရေးအတွေ့အကြုံမရှိတဲ့ ဆယ်တန်းအောင်၊ဘွဲ့ရလူငယ်တွေ သင်ကြားပေးနေရတာတွေကို Border News Agency က ကွင်းဆင်းစဉ်တွေ့ခဲ့ရပါတယ်။

အာရက္ခအမျိုးသားပညာရေးဌာနမှာ လာရောက်ပူးပေါင်းကြတဲ့ သင်ကြားရေး ဆရာ၊ဆရာမအားနည်းတာကြောင့် အရည်အချင်းမပြည့်မီသူတွေကိုပါ ထ ည့် သွင်းသင်ကြားအသုံးပြု၊သင်ကြား နေရတာလို့ ဆိုကြပါတယ်။

နချို့ကျောင်းသားမိဘတွေကတော့ သူတို့အစီအစဉ်နဲ့သူတို့ အတွေ့အကြုံရှိ ဆရာ၊ဆရာမတွေကို ငှားရမ်းသင်ကြားစေတာမျိုးလည်း တွေ့ခဲ့ရပါတယ်။

“ကိုယ့်ဟာကိုယ် ဆရာ၊ ဆရာမ ငှားသင်တာတွေလည်းရှိတယ်။စျေးတော့ပိုပေးရတာပေ့ါ။အဲဒီဆရာမတွေက ကိုယ့်ဖက်(အာရက္ခပညာရေးဌာန)မှာဆိုရင် ဝင်ငွေနည်းတော့ အလွတ်နေကြတာ။” လို့ မင်းပြားမြို့နယ်မှ ကျောင်းသားမိဘတဦးက ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ သင်ကြာရေးဆရာ၊ဆရာမအင် အားလုံလောက်စေရေးအတွက် အရင်ပညာရေးဝန်ထမ်းဟောင်းတွေကို လာရောက်ပူးပေါင်းကြဖို့ ဖိတ်ခေါ်ထားသ လို ဆယ်တန်း(တက္ကသိုလ်ဝင်တန်း) အောင် လူငယ်တွေကိုလည်း ခေါ်ယူ၊ခန့်ထားတာတွေ ရှိနေပါတယ်။

အဲဒီအပြင် ဆရာအတတ်သင်ပညာရေးကော်လိပ်ဖွင့်ဖို့လည်း ပြင်ဆင်နေပြီးဒီ ပညာသင်နှစ်မှာ စတင်ဖွင့်တော့မယ်လို့ နီးစပ်သူတွေက ဆိုကြပါတယ်။

“ဖြစ်သင့်တာကတော့ ကိုယ့်ပြည်အတွက် ပြည်တွင်းမှာရှိတဲ့ ဆရာ၊ဆရာမတွေအကုန်လာကူကြဖို့လိုတယ်။အဲလို ဖြစ်စေချင်တယ်။” လို့အာရက္ခအမျိုးသား ပညာရေးဌာနမှ အထက်တန်းပြဆရာမတဦးက ပြောပါတယ်။

အာရက္ခအမျိုးသားပညာရေးဌာနဆီ လာရောက်လျှောက်ထားတဲ့ ဆရာ၊ဆရာမတွေကို လစ်လပ်ကျောင်းတွေမှာ နေရာချထားပေးတာတွေ ရှိနေပါတယ်။

အာရက္ခဒေသမှာ ဆရာ၊ဆရာမအချို့ဟာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေချိန် စစ်ကောင်စီလက်အောက်၊စစ်ကော င်စီထိန်းချုပ်နယ်မြေတွေဆီ ရွေ့ပြော င်းသွားခဲ့ကြတာတွေ၊ပြည်ပနဲ့ပြည်မတွေမှာ အလုပ်သွားလုပ်ကြတာတွေလည်း ရှိခဲ့ပါတယ်။

အာရက္ခဒေသမှာကျန်နေခဲ့တဲ့ ဆရာ၊ဆရာမတချို့ကလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ ပူးပေါင်းတာမရှိဘဲ ပြင်ပမှာကျူရှင်ပြနေကြတာတွေလည်း တွေ့နေရပါတယ်။

တက္ကသိုလ်ဝင်တန်းအလွန်ဘယ်ကျောင်းတွေ ဆက်တက်နိုင်သလဲ

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အာရက္ခအမျိုးသားပညာရေးဌာနဟာ ပြီးခဲ့တဲ့ ၂၀၂၃ – ၂၄ ပညာသင်နှစ်အတွင်း သင်ကြားခဲ့ရတဲ့ အခြေခံပညာအဆင့်ကျောင်းသားတွေကို အတန်းတ င်စာမေးပွဲစစ်ဆေးခဲ့ပြီး အောင်စာရင်းတွေ ထုတ်ပြန်နေပြီဖြစ်ပါတယ်။

၂၀၂၃ – ၂၄ ပညာသင်နှစ်အတွင်း စစ်ကောင်စီက စစ်တဲ့စာမေးပွဲမှာ အောင်မြင်ခဲ့သူတွေကို အသိအမှတ်မပြုဘဲ စာမေးပွဲထပ်မံစစ်ဆေးတာတွေလည်း ရှိနေပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အာရက္ခကျန်းမာရေးဌာနက စစ်ဆေးပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်သူတွေဟာ အာရက္ခပြည်တွင်းရှိ ပညာရေးကောလိပ်၊ဆေးပညာသင်တန်းကျောင်းကို တက်ရောက်သင်ကြားနိုင်ပါတယ်။

အဲဒီအပြင် အာရက္ခပြည်တွင်းမှာ စီးပွားရေးကျောင်းလည်းဖွင့်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုကြပါတယ်။

တခြားသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေကတော့ အာရက္ခပြည်တွင်းမှာ မရှိသေးပါဘူး။

ဒါပေမယ့် ပြည်ပနိုင်ငံတွေဆီ သွားရောက်ကာ ကျောင်းဆက်တက်လိုတဲ့ ကျောင်းသားတွေကိုတော့ ကူညီပို့ဆောင်ပေးဖို့ စီစဉ်ထားတယ်လို့ အာရက္ခအမျိုး သားပညာရေးဌာနတာဝန်ရှိသူတွေက ဆိုကြပါတယ်။

“လောလောဆယ်ကတော့ တိုင်းပြည်တည်ဆောက်ရေးအတွက် အရေးပေါ်လိုတဲ့ အရင်းအမြစ်တွေ ကျန်းမာရေး၊ပညာရေးကျောင်းတွေလောက်ပဲရှိသေးတယ်။တက္ကသိုလ်တွေ ထပ်ဖွင့်လာဖို့လ ည်းရှိပါတယ်။”လို့ အာရက္ခအမျိုးသားပညာရေးဌာနတာဝန်ရှိသူတဦးက Border News Agency ကို ပြောပါတယ်။

လူတိုင်းလက်လှမ်းမီတဲ့ ပညာရေးဖြစ်ဖို့လို

တိုင်းပြည်၊နိုင်ငံထူထောင်တည်ဆောက်တဲ့အခါမှာ ပညာရေးဟာ အဓိကအကျဆုံးအခြေခံလိုအပ်ချက်ဖြစ်တာကြောင့် ကလေးငယ်တိုင်းပညာသင်ကြားခွင့်ရရေး တာဝန်ရှိသူတွေ၊အစိုးရမဟုတ်တဲ့ ကူညီရေးအဖွဲ့အစည်းတွေ၊ပညာရေးဝန်ထမ်းဟောင်းတွေ၊ကျောင်းသားမိဘတွေ ပူးပေါင်းကြိုးစားဖို့လိုအပ်တယ်လို့ ထောက်ပြကြပါတယ်။

ကလေးငယ်တိုင်း သင်ကြားနိုင်တဲ့ပညာရေးစနစ်ဖြစ်လာစေဖို့၊ဆရာ၊ဆရာမတွေ ကျောင်းလခပိုမတောင်းနိုင်စေဖို့ ဝန်ထမ်းလစာထောက်ပံ့နိုင်ရေးအတွက်လည်း စီစဉ်ပေးဖို့လိုအပ်တယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် သင်ကြာ​ရေး ဆရာ၊ဆရာမတွေ အရည်အချင်းပြည့်မီစေဖို မွန်းမံသင်တန်းတွေပေးဖို့လိုအပ်သလို အတွေ့အကြုံရှိ ဆရာ၊ဆရာမတွေအနေနဲ့လည်း အာရက္ခပြည်သူ့တော်လှန်ရေး
အစိုးရနဲ့ပူးပေါင်းပါဝင်ကြဖို့လိုအပ်တယ်လို့ အကြံပြုကြပါတယ်။

“ပညာရေးလောက်အရေးကြီးတာမရှိဘူး။လုံး၀အခမဲ့ပညာရေးမဟုတ်ရင်တောင် လူတိုင်းအဆင်ပြေမယ့်စနစ်တခု၊တော်လှန်ရေးကာလပဲ ရှိသေးတယ်ဆိုပေမယ့် ဒါကို အမြန်ဆုံးလုပ်ဖို့လိုတယ်။”လို့ ပညာရေးဌာနမှအငြိမ်းစားဝန်ထမ်းတဦးက ပြောပါတယ်။

ဒါမှပဲ ဒေါ်ယဉ်ယဉ်တို့လို ဆင်းရဲနွမ်းပါးမိသားစုတွေရဲ့ကလေးတွေကို ကျောင်းထုတ်လိုက်ရမယ့်အဖြစ်မျိုးတွေ ထပ်တိုးမလာမှာဖြစ်ပါတယ်။

“ပန်းကလေးများ ပွင့်တော့မည်။ဖူးတံဝင့်လို့ချီ၊နေခြည်မှာရွှေရည်လောင်း၊ငါတို့စာသင်ကျောင်း” ဆိုတဲ့ “တို့ကျောင်း”ကဗျာထဲကလို စာသင်ကျောင်းတွေ နေခြည်အထွက်မှာ ရွှေရည်လောင်းနိုင်ဖို့၊ကလေးငယ်တိုင်း ပညာသင်ကြားခွင့်ရစေဖို့၊ပန်းကလေးတိုင်း ဖူးတံဝင့်ကာပွင့်လန်းစေဖို့ ဝိုင်းဝန်းကြိုးစား၊တည်ဆောက်ကြရမှာဖြစ်ပါတော့တယ်။

PrevPreviousအာရက္ခပြည်သူတွေ ကျန်းမာရေးကုန် ကျစာရိတ်တွေ များနေ
Nextထီးကပလယ်တပ်စခန်းကို KNU ပြန်လည်သိမ်းပိုက်Next
Previous Post

အာရက္ခပြည်သူတွေ ကျန်းမာရေးကုန် ကျစာရိတ်တွေ များနေ

Next Post

ထီးကပလယ်တပ်စခန်းကို KNU ပြန်လည်သိမ်းပိုက်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

​ကျောက်ဖြူမှာ ဝက်တင်လာတဲ့ဘုတ်ကို အာဏာသိမ်းစစ်တပ်ပစ်ခတ်လို့ အရပ်သား ၂ ဦး ဒဏ်ရာရ

June 8, 2026

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိန်စာ – ၅

June 8, 2026

အာဏာသိမ်းစစ်တပ်ကိုထောက်ပံ့နေတဲ့ လုပ်ငန်းကြီးတွေကိုအရေးယူဖို့ ဂျပန်နဲ့ကိုရီးယားသမဂ္ဂတွေ တောင်းဆို

နိုင်ငံတကာစောင့်ကြည့်မှုတွေကြားက အာရက္ခမြေယာပြဿနာ – ၁

ချင်းရိုင်မှာ ဆေးပြား ၄ ဒသမ ၇ သန်းကျော်နဲ့ အိုက်စ် ၁၁၀ ကီလိုဂရမ် ဖမ်းမိ

တိုက်ပွဲတွေပြန်စရင် အမှောင်ထုထဲရောက်သွားလိမ့်မယ်လို့ အမေရိကန်ကို အီရန် သတိပေး

သံတမန် ၂၄ နိုင်ငံနဲ့ SCEF တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီအရေး ဆွေးနွေး

ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် အာဏာသိမ်းစစ်တပ်နဲ့ရုရှား ဓာတ်အားပေးစက်ရုံ MoU ထိုး

Releated Post

​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်တပ်ကိုထောက်ပံ့နေတဲ့ လုပ်ငန်းကြီးတွေကိုအရေးယူဖို့ ဂျပန်နဲ့ကိုရီးယားသမဂ္ဂတွေ တောင်းဆို

June 7, 2026

နိုင်ငံတကာစောင့်ကြည့်မှုတွေကြားက အာရက္ခမြေယာပြဿနာ – ၁

June 7, 2026
Photo - Thai Local News

ချင်းရိုင်မှာ ဆေးပြား ၄ ဒသမ ၇ သန်းကျော်နဲ့ အိုက်စ် ၁၁၀ ကီလိုဂရမ် ဖမ်းမိ

June 7, 2026

တိုက်ပွဲတွေပြန်စရင် အမှောင်ထုထဲရောက်သွားလိမ့်မယ်လို့ အမေရိကန်ကို အီရန် သတိပေး

June 7, 2026
သံတမန် ၂၄ နိုင်ငံနဲ့ SCEF တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီအရေး ဆွေးနွေးBorder News Agency
မကွေး၊​ဇွန် ၇။​ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ဟာ ဇွန်လ ၅ ရက်နေ့က နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်တွေနဲ့အတူ သံတမန်ဆိုင်ရာ ရှင်းလင်းတင်ပြပွဲကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ အနာဂတ်အသွင်ကူးပြောင်းရေးကာလ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပြန်ပါတယ်။​အဲဒီရှင်းလင်းပွဲမှာ SCEF ကိုယ်စားလှယ်တွေက နိုင်ငံတဝှမ်း ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ပေါင်းစည်းညီညွတ်မှုရရှိရေးရဲ့ အရေးပါမှုနဲ့ ရေရှည်တည်တံ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ် တည်ဆောက်နိုင်မယ့် အခြေအနေတွေပေါ်ထွက်လာဖို့ SCEF ရဲ့ လုပ်ဆောင်ချက်တွေကို မျှဝေခဲ့ကြပါတယ်။​ဒါ့အပြင် မြန်မာ့အကျပ်အတည်းဟာ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေမျှသာ မဟုတ်ဘဲ နက်ရှိုင်းတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ရပ် ဖြစ်တာကြောင့် အုပ်ချုပ်ရေး၊ တရားဝင်မှု၊ ကိုယ်စားပြုမှုနဲ့ ရေရှည်တည်ငြိမ်ရေးဆိုင်ရာ မေးခွန်းတွေကို ဖြေရှင်းနိုင်မယ့် ချဉ်းကပ်မှုတွေ လိုအပ်တယ်လို့ထောက်ပြခဲ့ကြပါတယ်။နောက်ပြီးအရပ်သားတွေကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေလက်လှမ်းမီရရှိရေးနဲ့ ပဋိပက္ခရဲ့ မူလဇစ်မြစ်ကို မဖြေရှင်းနိုင်ရင် ရေရှည်တည်ငြိမ်တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်မှာမဟုတ်သလို အနှစ်သာရပြည့်ဝတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုနဲ့ ကျယ်ပြန့်တဲ့ ပါဝင်မှုတွေကို အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။​ခုရှင်းလင်းပွဲဟာ ဒေသတွင်း၊နိုင်ငံတကာ မိတ်ဖက်တွေနဲ့ထိတွေ့ဆက်ဆံရေး မြှင့်တင်ဖို့ လုပ်ဆောင်ချက်တခု ဖြစ်ပြီး အဲဒီပွဲသို့ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ကိုယ်စားလှယ်တွေနဲ့နိုင်ငံတကာအဖွဲ့အစည်းအချို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သံတမန် ၂၄ နိုင်ငံနဲ့ SCEF တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီအရေး ဆွေးနွေး

June 7, 2026

ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် အာဏာသိမ်းစစ်တပ်နဲ့ရုရှား ဓာတ်အားပေးစက်ရုံ MoU ထိုး

June 7, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page