Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် အမျိုးသမီးကဏ္ဍ အာရက္ခဒေသ

အနာမရင့်ခင်ကုဖို့လိုနေတဲ့ အာရက္ခပြည်သူ့အစိုးရရဲ့အုပ်ချုပ်‌ရေး၊ တရားစီရင်ရေး

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
71
VIEWS
Share on FacebookShare on Twitter

မြတ်နှင်းဝေ ရေးတယ်။
Border News Agency
ကျောက်တော်၊ ဇူလိုင် ၃၁။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်ပြောင်းလဲကာ ယန္တရားတွေလည်ပတ်နေတဲ့အာရက္ခတပ်တော် (AA) ဟာ ပြီးခဲ့တဲ့ ၂၀၁၈၊၂၀၁၉ ခုနှစ် ကတည်းက အာရက္ခပြည်တွင်းအုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေခဲ့ပါတယ်။

အာရက္ခတပ်တော်ရဲ့အုပ်ချုပ်ရေးနဲ့တ ရားစီရင်ရေးဟာအစောဆုံး စတင်လည်ပတ်ခဲ့တဲ့ယန္တရားတွေ ဖြစ်ပြီး အုပ်ချုပ်ရေးနဲ့တရားစီ ရင်ရေးအတွေ့အကြုံဟာ ရှစ်နှစ်ဝန်းကျင်ရှိခဲ့ပါပြီ။

ဒါပေမယ့် လူထုနဲ့ဆက်ဆံရတဲ့အုပ်ချုပ်ရေးဝန်ထမ်းအရာရှိတွေ၊ရဲဝန်ထမ်းတွေဟာ လူထုအပေါ်အာဏာအလွဲသုံးစားပြုမှု၊နိုင်ထက်စီးနင်း၊ဘက်လိုက်မှုတွေက တော့ တွေ့နေရဆဲပဲလို့ ပြည်သူတွေကဆိုကြပါတယ်။

အဲဒီအပြင် တရားစီရင်ရေးကဏ္ဍတွေမှာစီရင်ချက်အမှားတွေ၊လူထုအပေါ် ဘက်လိုက်တဲ့ဆုံးဖြတ်၊စီရင်မှုတွေကြောင့် နစ်နာရတဲ့ပြည်သူတွေလည်းတွေ့နေ၊မြင်နေရမြဲဖြစ်ပါတယ်။

အာရက္ခတပ်တော်ဟာ အစောပိုင်းကာလတွေမှာ အုပ်ချုပ်ရေးကိုမြို့နယ်၊ရပ်ကျေးတာဝန်ခံတွေနဲ့ ဆောင်ရွက်ခဲ့ပြီး တရားစီရင်ရေးကိုလည်း အဲဒီလူတွေကပဲကိုင်တွယ်ခဲ့တာပါ။

ခုတော့ တရားရေးနဲ့အုပ်ချုပ်ရေးမှာ ဝန်ထမ်းတွေပြည့်ပြည့်စုံစုံခန့်အပ်ပြီး ပီပီပြင်ပြင်လည်ပတ်လာနေပါပြီ။

ဒါပေမယ့် အဆီအငေါ်မတည့်တဲ့ ဆက်ဆံပုံတွေ၊မျှတညီမျှမှုမရှိတဲ့ စီရင်ဆုံးဖြတ်ချက်တွေရှိနေတာကိုတော့ လက်ရှိကြုံတွေ့နေရတဲ့ဖြစ်စဉ်တွေက သက်‌သေထူနေပါတယ်။

မြေပုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းတဲ့အမှုတခုမှာဆိုရင် တရားသူကြီးဟာ အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့သူကို တနှစ်ကျော်ကြာအောင်ထိ အာမခံပေးကာ အပြစ်ပေးအရေးယူမှုမရှိခဲ့ပါဘူး။

အဲဒိီအပြင် တိုက်နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း အဓမ္မပြုကျင်ဖို့ကြိုးစားသူကို အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်ပေးထားခဲ့ပါသေးတယ်။

ဒီဖြစ်စဉ်ဟာ မြေပုံမြို့နယ်လွန်းလုံးပိုက်ရွာမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊မေလ ၂၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တာပါ။

အသက်နှစ်ဆယ့်သုံးနှစ်အရွယ်စစ်ဘေးရှောင်အမျိုးသမီးတဦးကို အဲဒီရွာသား အသက်နှစ်ဆယ့်​လေးနှစ်အရွယ်မျိုးသက်နိုင်က အဓမ္မပြုကျင့်ဖို့ကြိုးပမ်းခဲ့ပြီး ရိုက်နှက်မှုတွေပါပြုလုပ်ခဲ့တာပါ။

အဲဒီအမျိုးသမီးငယ်ဟာ သူမရဲ့နေအိမ်ခြံဝင်းအတွင်းရှိအိမ်သာထဲညည့်အချိန် အိမ်သာတက်နေစဉ်အိမ်နီးချင်းမျိုး သက်နိုင်ဟာအဝတ်ဗလာနဲ့ အိမ်သာထဲထိ ရောက်လာပြီး အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒိီအပြင် လည်ပင်းကိုညှစ်၊ရင်ဘတ်ကို လက်သီးနဲ့ထိုးကြိတ်ကာ အိမ်သာဘေးရေတွင်းမှာရေနစ်မြှပ်သတ်ဖို့လည်းကြိုးစားခဲ့တယ်လို့ ကာယကံရှင်အမျိုးသမီးနဲ့ ရွာသားတွေက ဆိုကြပါတယ်။

အဲဒီလိုအဓမ္မပြုကျင့်၊ သတ်ဖြတ်ဖို့ ကြိုးစားခဲ့သူကို ရွာသားတွေကဝိုင်းဝန်းဖမ်းဆီးကာ အေအေလက်အောက်ခံ ရဲတပ်ဖွဲ့ (DELEP)ကိုအပ်နှံပြီး မိသားစု အမှုဖွင့်တိုင်ကြားခဲ့ပေမယ့် တပတ်မပြည့်ခင်မှာပဲ အာမခံပေးကာ ပြန်လွှတ်ပေးလိုက်ခဲ့ပါတယ်။

မိသားစုတွေဟာမျိုုးသက်နိုင်ဆိုသူကိုထောင်ဒဏ်နှစ်နှစ်ထိချမှတ်နိုင်တဲ့ ကာယအိ‌န္ဒြေပျက်စီးစေရန် ကိုယ်ထိလက်ရောက်ကျူးလွန်မှု ပုဒ်မ ၃၅၄၊ထောင်ဒဏ်ခုနှစ်နှစ်ထိချမှတ်နိုင်တဲ့အိမ်ကျော်နင်းမှု၊ နာကျင်စေမှုပုဒ်မ ၄၅၂၊လူ သတ်မှုကျူးလွန်ရန် အားထုတ်မှုပုဒ်မ ၃၀၇ တွေနဲ့မင်းပြားရဲခစန်းမှာ အမှုဖွင့်ခဲ့ပါတယ်။

အဲဒီအမှုတွေနဲ့ တရားစွဲခံထားရသူကို ရဲစခန်းကချုပ်နှောင်ဖမ်းဆီးထားခြင်းမရှိဘဲ တရားရုံးကလည်း အာမခံပေးကာ လွှတ်ပေးထားခဲ့တာဖြစ်ပြီး ဒေသတွင်း လွတ်လပ်စွာသွားလာခွင့်လည်း ရနေခဲ့တာဖြစ်ပါတယ်။

“အာမခံနဲ့ လွတ်လာတဲ့နေ့က ရွာမှာအောင်ပွဲခံကြသေးတယ်။ မုဒိန်းကျင့်ဖို့ကြံတဲ့ကောင်လွှတ်လာတာကို လုပ်ကြတာနော်။ ငါဘယ်သူနဲ့သိတယ်။ ဘယ်သူ့ကိုပိုင်တယ်။ ငါ့ကိုဖမ်းလို့မရဘူးဆိုတဲ့အထာနဲ့ လုပ်ကြတာ။” လို့ ရွာသားတဦးက Border News Agency ကိုပြောပါတယ်။

ဒါဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့လက်အောက်ခံအုပ်ချုပ်ရေးနဲ့ ရဲဝန်ထမ်းတွေဟာ ပြည်သူအပေါ် တပြေးညီဆက်ဆံရမယ့်အစား မျက်နှာလိုက်ပစားပေးနေတယ်ဆိုတဲ့အချက်ကို ပေါ်လွင်ထင်ရှားစေရှားပြီး ဘက်လိုက်မှုလုံး၀မရှိသင့်တဲ့တရားစီရင်ရေးအကြီးအကဲတွေရဲ့ဆုံးဖြတ်ချက်အမှား‌တွေကိုလည်းတွေ့မြင်ရပါတယ်။

အဲဒီလို ခြံကျော်နင်းကာအဓမ္မပြုကျင့်ဖို့ကြိုးစားတဲ့အပြင် ရိုက်နှက်ထိုးကြိတ်ခဲ့သူကိုအာမခံနဲ့လွှတ်ပေးထားပြီး တနှစ်ကျော်အကြာတွင်မှ အွန်လိုင်းပေါ် ပြည်သူတွေရဲ့ဝေဖန်မှုတွေကြောင့်ပြန်လည်ဖမ်းဆီးခဲ့တာတွေ့ရပါတယ်။

တနှစ်ကျော်အကြာ ၂၀၂၅ ခုနှစ်၊ဇွန်လ ၂၈ ရက်နေ့မှာ အဲဒီမျိုးသက်နိုင်ဆိုသူကို ရဲတပ်ဖွဲ့ကသွားရောက်ဖမ်းဆီးခဲ့ပြီး အာမခံနဲ့လွှတ်ပေးခဲ့တဲ့တရားသူကြီးကိုလည်း အေအေထောက်လှန်းရေးအဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

ဒါပေမယ့် တရားဝင်ထုတ်ပြန်အသိပေးခြင်းမျိုးမရှိခဲ့ပါဘူး။

လက်ရှိမှာတော့ အမှုကိုတရားရုံးမှာ ဆက်လက်စစ်ဆေးနေတယ်ဆိုပေမယ့် အခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြန်အသိပေးတာမျိုးမရှိသလို အမှုအခြေအနေတိုးတက်မှုလည်း မတွေ့ဘူးလို့ မိသားစုဝင်တွေက ဆိုကြပါတယ်။

ဒါဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဥပဒေရုံး၊ တရားရုံးတွေ၊ ဝန်ထမ်းတွေအပြည့်အစုံခန့်အပ်ပြီး ယန္တရားလည်ပတ်နေချိန်မှာဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တွေဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ တရားစီရင်ရေးအပေါ် ဖြည့်တွေးနားလည်ပေးနိုင်ဖို့ ခက်ခဲတယ်လို့ ဆိုကြပါတယ်။

“အစိုးရတရပ်လို လည်ပတ်နေတဲ့အချိန်မှာ ဒီလိုအမှားမျိုးမှားလို့မရတော့ဘူး။ဒါက ဥပေဒကိုနားမလည်လို့၊မကျွမ်းကျင်လို့ မှားတာမျိုုးမဟုတ်တော့ဘူး။” လို့ အာရက္ခပြည်သူ့အစိုးရ၊တရားရုံးတွေမှာ အမှုလိုက်နေတဲ့ရှေ့နေတဦးက ပြောပါတယ်။

မင်းပြားမြို့နယ်၊အိုးပုံတောင်ကျေးရွာမှာ ပြီးခဲ့တဲ့မတ်လကလည်း အမျိုးသမီးတဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရပြီး လက်ရှိအချိန်ထိတရားခံကို ဖမ်းဆီးနိုင်တာမျိုးမရှိသေးပါဘူး။

အဲဲဒီအပြင် ဘူးသီးတောင်မြို့နယ်၊စေတီတောင်တိုက်နယ်မှာ ၂၀၂၃ ခုနှစ်၊မေလ ၁၀ ရက်နေ့က ဆေးရုံမှ သူနာပြုဆရာမတဦးကို အထက်အရာရှိဆရာဝန်နဲ့သူဇနီး၊တပည့်တို့က အုပ်စုဖွဲ့ရိုက်နှက်၊ဆဲဆိုမှုဖြစ်စဉ်ကိုလည်း အာရက္ခတပ်ဆီတိုင်ကြားခဲ့ပါတယ်။

ဒါပေမယ့်လည်းအရေးတယူ စစ်ဆေး၊ အရေးယူမှုမပြုခဲ့ဘဲ ကျူးလွန်သူကို လွှတ်ပေးထားခဲ့သလို ကျူးလွန်သူကိုအကာအကွယ်ပေးနေခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောခဲ့ကြပါတယ်။

အဲဒီအမှုမှာ ကျူးလွန်သူဆရာဝန်ဟာ အေအေနဲ့ နီးစပ်သူတဦးဖြစ်တာကြောင့် အရေးယူမှုမရှိခဲ့တာလို့ မိသားစုဝင်တွေ၊ ကျူးလွန်သူနဲ့ ရင်းနှီးတွေက ဆိုကြပါတယ်။

ခုတော့ အဲဒီအမှုဟာလည်း ကြက်ပျောက်၊ ငှက်ပျောက်ပျောက်သွားခဲ့ရပြီဖြစ်တယ်လို့ ပြည်သူတွေကဆိုကြပါတယ်။

အဲဒီအပြင် စစ်တွေမြို့လယ်မှာအဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတဲ့မနွယ်သန္တာဝင်းအမှုမှာလည်း တရားခံဖြစ်သူကို ​သေဒဏ်ချမှတ်ခဲ့ပေမယ့် ပွင့်လင်းမြင်သာတဲ့ စီရင်မှုမျိုး ခုထိမတွေ့ရသေးဘူးလို့ မိ သားစုဝင်တွေက ဆိုကြပါတယ်။

အာရက္ခပြည်တွင်း ဘက်လိုက်၊ပစားပေးခဲ့တဲ့အမှုတွေလည်းများစွာရှိနေတယ်လို့ နီးစပ်သူတွေက သက်သေအထောက်အထားတွေနဲ့ ပြောကြပါတယ်။

ဒါတွေဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့တရားစီရင်ရေးဌာန တာဝန်ရှိသူတွေရဲ့ဘက်လိုက်၊ပစားပေးတဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်။

အဲဒီအပြင် အုပ်ချုပ်ရေးနဲ့ရဲဌာနတွေကလည်း စွပ်စံခံရသူတွေအပေါ် ဥပဒေမဲ့ ကျူးလွန်ရိုက်နှက်၊နှိပ်စက်တဲ့ဖြစ်စဉ်တွေ၊သေတဲ့ထိ ရိုက်နှက်တဲ့ဖြစ်စဉ်တွေလည်း ရှိနေပါသေးတယ်။

ကျောက်ဖြူမြို့နယ်၊ကျွဲတဲရွာမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊အောက်တိုဘာလအတွင်းကလည်း ဆိုင်ကယ်ခိုးမှုနဲ့ဖမ်းဆီးခံထားတဲ့ကိုအောင်နိုင်ဆိုသူဟာ အာရက္ခပြည်သူ့အစိုးရလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်အောက်မှာဖမ်ဆီးခံနေစဉ်အတွင်းရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်တွေက ကိုအောင်နိုင်ကို ရိုက်နှက်ခဲ့တယ်ဆိုတဲ့အချက်ကို အေအေကဝန်ခံခဲ့ပေမယ့် သေဆုံးတာကတော့ ရေသောက်ပြီးရှော့ခ်ဖြစ်ကာ သေဆုံးရတာလို့ တုန့်ပြန်ခဲ့ပါတယ်။

အဲဒီအပြင် ၂၀၂၂ ခုနှစ်၊မတ်လအတွင်းကလည်း မြောက်ဦးမြို့၊မြို့သစ်ရပ်ကွက်မှ ဦးမောင်ကြီးလှဟာ အေအေလက်ထဲ ဖမ်းဆီးခံနေရစဉ်မှာ သေဆုံးသွားခဲ့ရပါတယ်။

ဒီလိုဖြစ်စဉ်တွေဟာ တော်လှန်ရေးအစိုးတရပ်အဖြစ် ပီပီပြင်ပြင်ရပ်တည်နေတဲ့အဖွဲ့အစည်းအနေနဲ့မမှားသင့်တဲ့မှားယွင်းမှုတွေဖြစ်နေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြဝေဖန်ကြပါတယ်။

အာရက္ခတပ်တော်ရဲ့တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင် အင်တာဗျူးတွေ၊မိန့်ခွန်းတွေမှာ တပ်အရာရှိတွေအာဏာမပြကြဖို့၊ အာဏာအလွှဲသုံးစားမလုပ်ဖို့၊ တရားစီရင်ရေးဝန်ထမ်းတွေဘက်မလိုက်ကြဖို့အရေးကြီးကြောင်း မကြာခဏ ထည့်သွင်း သတိပေးပြောကြားခဲ့ပါတယ်။

ဒါပေမယ့် မြေပြင်မှာတော့ အဲဒီလိုဖြစ်စဉ်မျိုးတွေ ဆက်တိုက်တွေ့နေ၊ကြားနေရတာဖြစ်ပါတယ်။

ဒီလိုဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်လာနေအုံးမယ်ဆိုရင်တော့ ပြည်သူထောက်ခံမှုအပြည့်အ၀ရထားတဲ့အာရက္ခပြည်သူ့အစိုးရအနေနဲ့ထောက်ခံမှုအနည်းအများ လျော့ကျလာမှာ၊ဝေဖန်မှုတွေပိုများလာမှာ မြေကြီးလက်ခတ်မလွှဲပင်ဖြစ်ပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ လက်အောက်ခံဝန် ထမ်းတွေကို ထိထိရောက်ရောက်ကိုင် တွယ်ဖို့လိုအပ်လာပါတယ်။

ဥပဒေကို မလိုက်နာ၊ အာဏာအလွဲသုံးစား၊ ဘက်လိုက်၊ လာဘ်စားသူတွေကို ဝိုင်းဝန်းကာကွယ်၊ ဖာထေးပေးကြဖို့ထက် နောက်နောင်မပြုလုပ်ဝံ့ကြစေရန် ထိရောက်တဲ့ အရေးယူမှုမျိုးပြုလုပ်ပေးဖို့လည်းပြည်သူတွေက တောင်းဆိုနေကြပါတယ်။

ခုအချိန်ဟာ တရားစီရင်ရေး၊ အုပ်ချုပ်ရေးဌာနတွေရဲ့လှိုက်စား၊ အကျင့်ပျက်မှုတွေကိုအမြန်ဆုံးကုစား၊ တည့်မတ်ပေးရမယ့်အချိန်ဖြစ်ပြီး အနာမရင့်သေးခင် အချိန်မီမကုစားနိုင်ရင်တော့ အစိုးရယန္တရားတရပ်လုံး ပြည်သူပေးတဲ့ပြစ်ဒဏ်ကို မဖြစ်မနေခံလာရတော့မှာဖြစ်ပါတယ်။

PrevPreviousကျောက်မဲမှာ စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်လို့ သံဃာတော်တပါးပျံလွန်
Nextအမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်စစ်ရေးလေ့ကျင့်မှုပြီးဆုံးNext
Previous Post

ကျောက်မဲမှာ စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်လို့ သံဃာတော်တပါးပျံလွန်

Next Post

အမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်စစ်ရေးလေ့ကျင့်မှုပြီးဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - Time မဂ္ဂဇင်း

အိန္ဒိယနဲ့တရုတ်ကြား မြန်မာပြည်အသားညှပ်ပေါင်မုန့်လိုဖြစ်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

September 24, 2026
ဓာတ်ပုံ - BNA

ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ စဉ်းစားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

September 24, 2026

ဆွေးနွေးပွဲမအောင်မြင်ရင် အီရန်ကိုလုံးဝချေမှုန်းမယ်လို့ ထရမ့်ခြိမ်းခြောက်

September 24, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

Time မဂ္ဂဇင်းရဲ့ရေးသားချက်တွေဟာ မီဒီယာကျင့်ဝတ်နဲ့မညီလို့ အာဏာသိမ်းစစ်တပ်ပြစ်တင်ရှုတ်ချ

September 24, 2026

လျှပ်စစ်အတွက် အဏုမြူမယ်လို့ သမ္မတတုပြော

ဘင်္ဂလားဒေ့ရှ်သွင်းကုန်မုန့်တွေကို အာရက္ခအစိုးရ စစ်ဆေးဖို့လိုအပ်နေ

ဝေဘူလမြို့မှာ လက်နက်ကိုင်တွေမဝင်ဖို့ ဒေသခံတွေတောင်းဆို

အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီကို အဖွဲ့ဝင်ဆယ့်ငါးဦးနဲ့ဖွဲ့

ထိုင်းမှာ မြန်မာငါးဖမ်းလှေလုပ်သားတွေ ဓားထိုးမှုဖြစ်လို့ နှစ်ဦးဒဏ်ရာရ

မလေးရှားမှာ မြန်မာတဦးအပါအဝင် နိုင်ငံခြားသားငါးဆယ့်သုံးဦးဖမ်းခံရ

Releated Post

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

လျှပ်စစ်အတွက် အဏုမြူမယ်လို့ သမ္မတတုပြော

September 23, 2026
(ဓာတ်ပုံ - အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေး/BNA)

ဘင်္ဂလားဒေ့ရှ်သွင်းကုန်မုန့်တွေကို အာရက္ခအစိုးရ စစ်ဆေးဖို့လိုအပ်နေ

September 23, 2026

ဝေဘူလမြို့မှာ လက်နက်ကိုင်တွေမဝင်ဖို့ ဒေသခံတွေတောင်းဆို

September 23, 2026

အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီကို အဖွဲ့ဝင်ဆယ့်ငါးဦးနဲ့ဖွဲ့

September 23, 2026
ဓာတ်ပုံ - ထိုင်းသတင်းတွေ

ထိုင်းမှာ မြန်မာငါးဖမ်းလှေလုပ်သားတွေ ဓားထိုးမှုဖြစ်လို့ နှစ်ဦးဒဏ်ရာရ

September 23, 2026
​ဓာတ်ပုံ - JIM

မလေးရှားမှာ မြန်မာတဦးအပါအဝင် နိုင်ငံခြားသားငါးဆယ့်သုံးဦးဖမ်းခံရ

September 23, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page