သတင်း

ဘင်္ဂလားဒေ့ရှ်မှာ မူးယစ်ဆေးဝါးသုံးကီလိုဂရမ်နဲ့အတူ မြန်မာတဦးဖမ်းဆီးခံရ

​Border News Agencyဘင်္ဂလားဒေ့ရှ်၊ဩဂုတ် ၂၃။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ဖ်မြို့နယ်၊ နတ်မြစ်အတွင်း မြန်မာနိုင်ငံဘက်မှ တရားမဝင်ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးသုံးကီလိုဂရမ်ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ဖမ်းဆီးရမိခဲ့ပါတယ်။ မြန်မာဘက်မှ နတ်မြစ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ကိုမူးယစ်ဆေးဝါးတွေ သယ်ဆောင်လာလာမယ်ဆိုတဲ့သတင်းအရ သြဂုတ်လ...

Read more

အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်နှစ်ဦး KNLA ဆီ အလင်းဝင်

​Border News Agencyဖားအံ၊ ဩဂုတ် ၂၃။ ​အာဏာသိမ်းစစ်တပ်ဆီ အဓမ္မစစ်မှုထမ်းစုဆောင်းတာခံရတဲ့ တပ်သားနှစ်ဦးလက်နက်တွေနဲ့အတူ ဖားအံခရိုင်၊ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ ၇ ဆီအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက သြဂုတ်လ ၂၂ ရက်နေ့ကထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ခမရ-၃၅၇ တပ်ရင်းမှ...

Read more

ဂွမှာစစ်ဘေးရှောင်နဲ့ရေဘေးသင့်သူတွေကို အာရက္ခအစိုးရရိက္ခာထောက်ပံ့

​Border News Agencyဂွ၊ ဩဂုတ် ၂၃။ ​ဂွမြို့နယ်သို့ ဧရာဝတီတိုင်းမှ စစ်ဘေးရှောင်လာသူတွေနဲ့ ဒေသခံရေဘေးသင့်ပြည်သူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးဌာန၊ HDCO နဲ့ လေးဝတီပရဟိတအသင်းတို့ပူးပေါင်းပြီး စားနပ်ရိက္ခာတွေထောက်ပံ့ပေးခဲ့ပါတယ်။ အဲဒီဧရာဝတီမှစစ်ဘေးရှောင်လာတဲ့ အိမ်ထောင်စုလေးဆယ်ခုနှစ်စုအတွက် ဆန်ဆယ့်ခြောက်အိတ်ကို သြဂုတ်လ ၂၁...

Read more

​သက်ငယ်မုဒိန်းမှုကာကွယ်ရေးမှာ လူသိများသူတွေ ပူးပေါင်းပါဝင်ဖို့တိုက်တွန်း

​Border News Agencyမြောက်ဦး၊ ဩဂုတ် ၂၂။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ သက်ငယ်မုဒိန်းမှုတွေလျှော့ချရေးနဲ့ ကာကွယ်တားဆီးရေးအသိပညာပေးတွေမှာ လူမှုကွန်ရက်ပေါ် လွှမ်းမိုးမှုရှိသူတွေပူးပေါင်းပါဝင်ကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ပါတီဗဟိုရုံးက တိုက်တွန်းလိုက်ပါတယ်။ အဲဒီ​သက်ငယ်မုဒိန်းမှုဟာ လူ့အခွင့်အရေးဆိုင်ရာပြဿနာဖြစ်တာမို့ မီဒီယာတွေ၊စာပေနဲ့ အနုပညာရှင်တွေအပြင် လူမှုကွန်ရက်ပေါ်မှာ ပြည်သူကိုလွှမ်းမိုးနိုင်တဲ့ပုဂ္ဂိုလ်တွေဟာ အသိပညာပေးကမ်ပိန်းတွေမှာ တက်ကြွစွာပါဝင်ပေးကြဖို့တောင်းဆိုထားပါတယ်။...

Read more

အသက်ဆယ့်ခြောက်နှစ်အောက်ကို သက်ငယ်မုဒိန်းသတ်မှတ်

​Border News Agencyကျောက်တော်၊ ဩဂုတ် ၂၂။ ​အသက်ဆယ့်ခြောက်နှစ်အောက်အမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာထိပါးကျူးလွန်မှုတွေမှာ ကလေးငယ်ရဲ့စိတ်ဆန္ဒပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေ သက်ငယ်မုဒိန်းမှုအဖြစ် သတ်မှတ်တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဥပဒေရေးရာအသိပညာပေးဆွေးနွေးတွေချက်တွေမှာဖော်ပြပါတယ်။ အဲဒီ​သက်ငယ်မုဒိန်းမှုဟာ အသက်ဆယ့်နှစ် နှစ်အောက်ကလေးသူငယ်တွေကိုကျူးလွန်တာအပြင် အသက်ဆယ့်ခြောက်နှစ်မပြည့်သေးတဲ့မိန်းကလေးငယ်တွေကို စိတ်ဆန္ဒပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေ လိင်ပိုင်းဆိုင်ရာကျူးလွန်ရင်လည်း မုဒိန်းမှုမြောက်ပြီး ကြီးလေးသောရာဇဝတ်မှုဖြစ်တယ်လို့ဆိုပါတယ်။...

Read more

အာရက္ခဒေသက မုဒိမ်းမှုနဲ့လူသတ်မှုတွေကို အထူးတရားရုံးဖွင့်ဆောင်ရွက်နေ

​Border News Agencyကျောက်တော်၊ ဩဂုတ် ၂၂။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ မုဒိမ်းမှုတွေ၊ လူသတ်မှုတွေကို ထိရောက်စွာအရေးယူနိုင်ဖို့အတွက် အထူးတရားရုံးတွေဖွင့်ပြီး ပြစ်ဒဏ်ပေး နေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)ပါတီဗဟိုရုံးက အတည်ပြုပြောပါတယ်။ ​တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနဟာ ဩဂုတ်လကစပြီး သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုစတဲ့...

Read more

ဖက်ဒရယ်မူခြောက်ချက်ကို မသွေဖီ လို့ NLD ဆို

​Border News Agencyရန်ကုန်၊ ဩဂုတ် ၂၂။ ​ကြားကာလအစီအမံတွေဖော်ဆောင်နေတဲ့ တိုင်းနဲ့ပြည်နယ်တွေနဲ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ချမှတ်ထားတဲ့ ဖက်ဒရယ်မူခြောက်ချက်ကို မသွေဖီလို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဆိုပါတယ်။ ​ဩဂုတ်လ ၂၂ ရက်၊ မနက်ကပြုလုပ်တဲ့ NLD ဒုတိယဗဟိုကော်မတီရဲ့ ကြားကာလရှစ်ကြိမ်မြောက်အစည်းအဝေးမှာ ဆုံးဖြတ်ချက်ရှစ်ချက်ကို အတည်ပြုခဲ့ပြီး...

Read more

မိတ္ထီလာလေတပ်မှာ လေ့ကျင့်ရေးလေယာဉ်ပျက်ကျလို့ အမောင်းသင်အရာရှိခြောက်ဦးသေဆုံး

Border News Agencyမိတ္ထီလာ၊ ဩဂုတ် ၂၂။ မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိလေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်မှာ လေ့ကျင့်ရေးလေယာဉ်ပျက်ကျလို့ အမောင်းသင်အရာရှိခြောက်ဦးသေဆုံးသွားပါတယ်။ အဲဒီမိတ္ထီလာလေကြောင်းအတတ်သင်ဌာနချုပ်မှာ ဩဂုတ်လ ၂၁ ရက်နေ့က လေ့ကျင့်ရေးပျံသန်းမှုပြုလုပ်အပြီး လေယာဉ်ကွင်းသို့ ပြန်လည်ဆင်းသက်ချိန်စက်ချို့ယွင်းမှုဖြစ်ပွားကာ လေတပ်အမောင်းသင်လေယာဉ်ပျက်ကျခဲ့တာပါ။ အဲဒီလိုလေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်မှာလိုက်ပါမောင်းနှင်လေ့ကျင့်နေတဲ့ အမောင်းသင်အရာရှိခြောက်ဦးသေဆုံးခဲ့ပြီး...

Read more

သံတွဲနဲ့ ဂွကို စစ်တပ်လေကြောင်းတိုက်လို့ ၁ ဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရ

Border News Agencyသံတွဲ၊ ဩဂုတ် ၂၂။ အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့၊ သံတွဲမြို့နယ်နဲ့ ဂွမြို့ နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၁ ဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရသွားတယ်လို့ အာရက္ခတပ်တော် (AA)ကထုတ်ပြန်ပါတယ်။ အဲဒီငပလီမြို့မှာ အာဏာသိမ်းစစ်တပ်စခန်းချတပ်စွဲခဲ့တဲ့...

Read more

ချွန်ဘူရီမှာ တရုတ်ပိုင်ဘတ်လေးသိန်းခွဲကျော်တန် ကင်မရာပစ္စည်းခိုးတဲ့မြန်မာလူငယ်ဖမ်းမိ

​Border News Agencyထိုင်း၊ ဩဂုတ် ၂၂။ ​ထိုင်းနိုင်ငံ၊ချွန်ဘူရီခရိုင်၊နာဂျွန်တီယမ်နယ်မြေရှိ တရုတ်နိုင်ငံသားရဲ့နေအိမ်မှဘတ်လေးသိန်းငါးသောင်းကျော်တန်ကင်မရာနဲ့ ဆက်စပ်ပစ္စည်းတွေခိုးယူခဲ့တဲ့ အသက်ဆယ့်ရှစ်နှစ်အရွယ် မြန်မာလူငယ်တဦးဖမ်းဆီးခံရပါတယ်။ ​အဲဒီမြန်မာလူငယ်ကို အသက်ငါးဆယ်သုံးနှစ်အရွယ်တရုတ်နိုင်ငံသားက နေအိမ်စောင့်ရှောက်ဖို့ ဩဂုတ်လ ၁၆ ရက်နေ့မှာ အလုပ်ခန့်ခဲ့တာဖြစ်ပါတယ်။ ​အလုပ်ရှင်ခရီးမှ ဩဂုတ်လ ၂၀...

Read more
Page 2 of 471 1 2 3 471

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here