Border News Agency
အစ္စရေး၊မေ ၁၁။
အစ္စရေး တိုက်လေယာဉ်တွေဟာ လက်ဘနွန်တောင်ပိုင်းက မြို့ပေါင်း ၁၀ မြို့ထက်မနည်းကို မေလ ၉ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တရက်တည်းမှာတင် လူပေါင်း ၂၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အပစ်အခတ်ရပ်စဲရေး ရှိနေတယ်ဆိုပေမယ့် အစ္စရေးစစ်တပ်ဘက်ကတော့ ပြီးခဲ့တဲ့ အားလပ်ရက်အတွင်း ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ အခြေခံအဆောက်အအုံ ၄၀ ကျော်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ဘက်ကလည်း လက်ဘနွန်တောင်ပိုင်း၊ ဒိုင်စီရန် (Deir Siryan) မြို့အနီးမှာ အစ္စရေးစစ်တပ်ရဲ့ D9 မြေထိုးစက်တစ်စီးကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပြန်လည်ထုတ်ပြန်ထားပါတယ်။
ဥရောပသမဂ္ဂ (EU) ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ရှိသူ Hadja Lahbib ကတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် အကူအညီတွေ လိုအပ်နေသူတွေဆီ ရောက်ဖို့ ခက်ခဲနေပြီး လက်ဘနွန်တောင်ပိုင်းကို အကူအညီတွေ ပိုမိုပေးပို့နိုင်ဖို့ တောင်းဆိုထားပါတယ်။
အစ္စရေးနိုင်ငံ၊တဲလ်အဗီးမြို့မှာလည်း ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ အစိုးရနဲ့ လက်ဘနွန်တောင်ပိုင်းက စစ်ဆင်ရေးတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။






