စစ်တွေခရိုင်

ဝီရဌာနီကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်အပါအဝင်လေးဦး သေဆုံး

Border News Agency ဝီရဌာနီ၊ နိုဝင်ဘာ ၂၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဝီရဌာနီမြို့နယ်၊ နန်းတက်ကျွန်းကျေးရွာနဲ့ ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က ပေါင်ငါးရာ ဗုံးနှစ်လုံးနဲ့လေကြောင်းတိုက်ခိုက်လို့ ငါးလသားအရွယ်ကလေးငယ်တဦးအပါအဝင်လေးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီ နန်းတက်ကျွန်းကျေးရွာနဲ့ ဘုန်းတော်ကြီးကျောင်းကို နိုဝင်ဘာလ ၂၂...

Read more

ဝီရဌာနီမြို့နယ်ကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရ(ဓာတ်ပုံသတင်း)

​Border News Agencyဝီရဌာနီ၊နိုဝင်ဘာ ၂၁။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဝီရဌာနီမြို့နယ်၊ သဝင်ချောင်းကျေးရွာကိုနိုဝင်ဘာလ ၂၁ ရက်၊ဒီနေ့ ညသန်းခေါင်ယံအချိန်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီသဝင်ချောင်းကျေးရွာကို ဒီနေ့ ည ၁၂ နာရီ ၅ မိနစ်အချိန်မှာ တကြိမ်၊၁၂...

Read more

အာရက္ခဒေသမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ပတ်အတွင်း သုံးဆယ်နှစ်ဦးသေဆုံး

Border News Agency ပုဏ္ဏားကျွန်း၊ နိုဝင်ဘာ ၁၅။ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ ကလေးသူငယ်တွေအပါအဝင် အရပ်သားသုံးဆယ်နှစ်ဦးသေဆုံးပြီး ခုနှစ်ဆယ်ခုနှစ်ဦးဒဏ်ရာရသွားပါတယ်။ အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ ဗျာလစစ်ဘေးရှောင်စခန်းကို နိုဝင်ဘာလ ၁၃...

Read more

လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ဗျာလစစ်ဘေးရှောင်စခန်း

​Border News Agency ပုဏ္ဏားကျွန်း၊ နိုဝင်ဘာ ၁၅။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာနဲ့ သရက်ချိုကျေးရွာကြားရှိ ဗျာလစစ်ဘေးရှောင်စခန်းကို နိုဝင်ဘာလ ၁၃ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ ​လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်အရပ်သားပြည်သူတဆယ့်နှစ်ဦးသေဆုံးခဲ့ရပြီး တဆယ့်ရှစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။ ​အဲဒီအပြင်...

Read more

ကျန်သုံးမြို့ကို ဆက်သိမ်းပိုက်သွားမယ်လို့ AA ဆို

​Border News Agency စစ်တွေ၊နိုဝင်ဘာ ၁၄။ ​စစ်တွေ၊ကျောက်ဖြူနဲ့ မာန်အောင်ကို ဆက်သိမ်းပိုက်နိုင်ရေး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေပြီး အာရက္ခပြည်သူတွေလက်ထဲ မကြာမီ ပေးအပ်သွားမယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က နိုဝင်ဘာလ ၁၃ ရက်နေ့ထုတ်ပြန်ပါတယ်။ ၂၀၂၃...

Read more

ဗျာလစစ်ဘေးရှောင်စခန်းလေကြောင်းတိုက်ခံရမှု သေဆုံးသူဆယ့်နှစ်ဦးရှိလာ

​Border News Agency ပုဏ္ဏားကျွန်း၊နိုဝင်ဘာ ၁၄။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗျာလစစ်ဘေးရှောင်စခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ပေါင်ငါးရာ ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ဆယ့်နှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီဗျာလစစ်ဘေးရှောင်စခန်းကို ​နိုဝင်ဘာလ ၁၃ ရက်၊ ညနေ ၇...

Read more

ပုဏ္ဏားကျွန်းဗျာလစစ်ဘေးရှောင်စခန်းလေကြောင်းတိုက်ခံရလို့ရှစ်ဦးသေဆုံး

​Border News Agency ပုဏ္ဏားကျွန်း၊ နိုဝင်ဘာ ၁၃။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗျာလစစ်ဘေးရှောင်စခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ပေါင်ငါးရာဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ရှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီဗျာလစစ်ဘေးရှောင်စခန်းကို ​နိုဝင်ဘာလ ၁၃ ရက်၊ဒီနေ့ ညနေ ၇...

Read more

အသက်မပြည့်သေးသူလေးဦးကို ULA/AA မှ မိသားစုဆီ ပြန်အပ်

​Border News Agency ရသေ့တောင်၊ နိုဝင်ဘာ ၆။ ​တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) မှာတာဝန်ထမ်းဆောင်ဖို့ရောက်လာတဲ့ အသက်မပြည့်သေးသူ လူငယ်လေးဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က နိုဝင်ဘာလ ၅ ရက်နေ့မှာ မိသားစုတွေဆီ ပြန်လွှတ်ပေးလိုက်ပါတယ်။...

Read more

ဝီရဌာနီလေကြောင်းတိုက်ခိုက်ခံရမှုဒဏ်ရာရ အဘိုးအို သေဆုံး

​Border News Agency ဝီရဌာနီ၊နိုဝင်ဘာ ၁။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဝီရဌာနီမြို့ပေါ်နဲ့ရွာချောင်းကြီးကျေးရွာကို နိုဝင်ဘာလ ၁ ရက်၊ဒီနေ့ မနက်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ရွာချောင်းကြီးရွာမှဦးခေါင်းဒဏ်ရာရခဲ့တဲ့ အသက်ခုနှစ်ဆယ်အရွယ် အဘိုးအိုဦးဒါအောင်ကို ဆေးရုံသို့ပို့ဆောင်စဉ်လမ်းခရီးမှာ သေဆုံးသွားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အသက်ခြောက်နှစ်အရွယ်နဲ့ဆယ်ကျော်သက်...

Read more

အယ်လ်နီညိုကြောင့် နွေနဲ့ဆောင်းမှာအပူချိန်မြင့်မားပြီး ရေရှားပါးနိုင်

​Border News Agency ရသေ့တောင်၊နိုဝင်ဘာ ၁။ ​အီကွေတာအနီးရှိအပူပိုင်းပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်မြင့်တက်နေတာကြောင့် အားအလွန်ကောင်းတဲ့ အယ်လ်နီညိုအခြေအနေ ဆက်လက်တည်ရှိနေပြီး လာမယ့်နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ​ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နဲ့ နိုင်ငံတကာရာသီဥတုဗဟိုဌာနတွေရဲ့ ထုတ်ပြန်ချက်တွေအရ...

Read more
Page 1 of 34 1 2 … 34

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here