မြောက်ဦးခရိုင်

အာရက္ခတပ်တော်ထိန်းချုပ်မြို့တွေကို အာဏာသိမ်းစစ်တပ် နေ့စဥ်ပစ်ခတ်နေ

Border News Agencyမြောက်ဦး၊ သြဂုတ် ၅။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်နေ့စဥ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သြဂုတ်လ ၅ ရက်၊ ဒီနေ့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။ အဲဒီကျောက်တော်၊မြောက်ဦး၊သံတွဲ၊ဂွ၊ ကျိန္တလီ၊ဝီရဌာနီ(ပေါက်တော)နဲ့ပုဏ္ဏားကျွန်း-စစ်တွေမြို့အစပ်နေရာတွေကို ပစ်ခတ်တိုက်ခိုက်နေတာလို့ဆိုပါတယ်။ အဲဒီမြို့တွေက အရပ်သားပြည်သူနေရာတွေ၊မြို့၊ရွာ၊ဆေးရုံ၊စာသင်ကျောင်း၊သာသနိကအဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်နေတာပါ။ အဲဒီလေယာဥ်အုပ်စုလိုက်...

Read more

အပေါက်ဝကမ်းပါးပြိုနေအိမ်တွေကို ပြန်နေရာချပေးမယ်

Border News Agencyကျောက်တော်၊ သြဂုတ် ၃။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့​ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ၊ ပြားရပ်ကွက်မှာ ကုလားတန်မြစ်ကမ်းပါးပြိုကျတာကြောင့် ပျက်စီးသွားတဲ့ မူဆလင်နေအိမ်တွေကို ပြန်နေရာချထားပေးဖို့ အာရက္ခအစိုးရကကွင်းဆင်းဆောင်ရွက်နေပါတယ်။ ​မိုးအဆက်မပြတ်ရွာပြီး မြစ်ရေတိုက်စားမှုကြောင့် နေအိမ်တဆယ့်ငါးလုံးမြစ်ထဲမျောပါပျက်စီးခဲ့သလို တခြားနေအိမ်အများအပြားလည်း ပြိုကျမယ့်အန္တရာယ်နဲ့ ကြုံတွေ့နေရတာပါ။...

Read more

မြေပုံမှာ ရေဘေးသင့်သူတွေအတွက် ကျပ်သိန်းသုံးရာ လှူ

Border News Agencyမြေပုံ၊ သြဂုတ် ၂။ ​အာရက္ခရေဘေးသင့်ပြည်သူတွေအတွက် မြေပုံမြို့နယ်သံဃာအကျိုးဆောင် အဖွဲ့ ဆရာတော်တွေနဲ့ ဒေသခံတွေ စုပေါင်းလှူဒါန်းတဲ့ ကျပ်သိန်းသုံးရာကို ဩဂုတ်လရက်နေ့ ၁ မနက်ပိုင်းမှာ အဉ္ဇနပူရခရိုင်ပါတီကော်မတီကိုပေးအပ်ခဲ့ပါတယ်။ အဲဒီ​လှူဒါန်းပွဲကို ဒီနေ့မနက် ၁၀နာရီမှာ ပြုလုပ်ခဲ့ပြီး...

Read more

မြောက်ဦးကဝန်ထမ်းတွေကို စစ်သင်တန်းတက်ခိုင်းတာ စဥ်စားပေးဖို့မိဘတွေတောင်းဆို

Border News Agencyမြောက်ဦး၊ သြဂုတ် ၁။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းအားလုံးကို စစ်သင်တန်းတက်ခိုင်းတာ ပြန်စဥ်စားပေးကြဖို့ မိဘတွေတောင်းဆိုနေကြပါတယ်။ အဲဒီမြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အိမ်ထောင်သည်လေးဦးအပါအဝင် အမျိုးသမီးရှစ်ဦး၊ အမျိုးသားကိုးဦးစုစုပေါင်းဆယ့်ခုနှစ်ဦးကို ဇူလိုင်လ ၃၁ရက်၊မနေ့က စစ်သင်တန်းတက်ဖို့ ပို့လိုက်တာလို့ မိသားစုဝင်တွေ၊ မိဘတွေက...

Read more

အာရက္ခထီ ပထမဆုသိန်းခုနှစ်ရာ့ငါးဆယ်အပါအဝင် ပေါက်မဲတွေထွက်ပေါ်

Border News Agencyမြောက်ဦး၊ သြဂုတ် ၁။ ​အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ဗဟိုအကောက်ခွန်နဲ့အခွန်ဌာန၊ ထီဌာနခွဲရဲ့ ဒုတိယအကြိမ်အာရက္ခထီဖွင့်ပွဲကို ဩဂုတ်လ ၁ ရက်၊ ဒီနေ့ မနက်ကဖွင့်လှစ်ခဲ့ပြီး အမြင့်ဆုံးဆုကျပ်သိန်းခုနှစ်ရာ့ငါးဆယ်အပါအဝင် ပေါက်မဲနံပါတ်တွေထွက်ပေါ်လာခဲ့ပါတယ်။ ​ပထမဆု ကျပ်သိန်းခုနှစ်ရာ့ငါးဆယ်ပေါက်မဲနံပါတ်မှာ ၃၀၃၂၄၃ ဖြစ်ပြီး၊...

Read more

အပိတ်ထောင်ချောက်ထဲက အမျိုးသမီးတွေရဲ့အသံ

Border News Agencyမြောက်ဦး၊ ဇူလိုင် ၃၁။ တော်လှန်ရေးနယ်မြေတွေထဲမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဖြစ်ဖြစ်၊ တခြားလူ့အခွင့်အရေးနဲ့တရားမျှတမှုဖြစ်ဖြစ် ပြောဆိုလာတဲ့အခါ အပိတ်ထောင်ချောက်(Paradoxical Trap)ထဲကို အသေအလဲမောင်းသွင်းပြတဲ့အုပ်စုနှစ်ခုရှိပါတယ်။ အဲဒီမြန်မာစစ်တပ်ရဲ့ဝါဒဖြန့်ချီရေးအဖွဲ့တွေနဲ့ တော်လှန်ရေးပေါ်ပြူလစ်တွေဖြစ်ကြပါတယ်။ အဲဒီနေရာမှာ ထင်သာမြင်သာအခြေအနေအောက်မှာ ဥပမာပြလို့ကောင်းတဲ့ရခိုင်ဖြစ်စဉ်တွေကိုကြည့်ပါ။ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ အမျိုးသမီးတွေအပေါ်...

Read more

​သွေးလွန်တုတ်ကွေးရောဂါအကြောင်း အာရက္ခကျန်းမာရေးဌာန သတိပေး

Border News Agencyကျောက်တော်၊​ ဇူလိုင် ၃၁။ ​အာရက္ခပြည်အတွင်းသွေးလွန်တုတ်ကွေးရောဂါကြောင့် သေဆုံးသူသုံးဦးအထိရှိလာတာမို့ ပြည်သူတွေအနေနဲ့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကြဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန (AHD) က ဇူလိုင်လ ၃၀ ရက်နေ့မှာ သတိပေးထုတ်ပြန်ပါတယ်။ ​ဒီနှစ်ပြီးခဲ့တဲ့ ဧပြီလ ၂၈...

Read more

ကျောက်တော်က သက်ငယ်မုဒိမ်းမှု ကျူးလွန်ထွက်ပြေးနေသူကို ဖမ်းမိ

Border News Agencyကျောက်တော်၊​ဇူလိုင် ၃၀။ ​အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ ညီအစ်မနှစ်ဦးကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ထွက် ပြေးနေသူကို ဇူလိုင်လ ၂၉ ရက်နေ့က တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနဖမ်းဆီးခဲ့ပါတယ်။ အဲဒီသရက်တပင်ကျေးရွာမှ အသက်လေးဆယ့်ခြောက်နှစ်အရွယ် ဦးမောင်အေးလှဟာ ပြီးခဲ့တဲ့မေလ...

Read more

ပြည်သူတွေကို အာရက္ခကျန်းမာရေးဌာန သွားစမ်းသပ်ကုပေး

Border News Agencyကျောက်တော်၊ ဇူလိုင် ၂၈။ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေရှိ စစ်ဘေးရှောင်ပြည်သူတွေသွားရော​ဂါဝေဒနာရှင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ သွားနဲ့ခံတွင်းဆရာဝန်တွေဦးဆောင်ပြီး အခမဲ့စမ်းသပ်ကုပေးနေပါတယ်။ အဲဒီစစ်ရှောင်သွားရောဂါဝေဒနာရှင် တရာ့နှစ်ဆယ်ကို စမ်းသပ်ကုသပေးခဲ့ပြီး အဲဒီအထဲမှလူနာရှစ်ဆယ်ငါးယောက်ကို သွားနှုတ်၊သွားဖာပေးခဲ့ပါတယ်။ အဲဒီစစ်ရှောင်ပြည်သူတွေအပါအဝင် တခြားသွားရောဂါဝေဒနာရှင်တွေကိုလည်း အခမဲ့စမ်းသပ်ကုပေးနေပါတယ်။ အဲဒီသွားရောဂါလူနာရှင်တွေအပါအဝင် မျက်စိခွဲစိတ်ကုသပေးတာ၊ကာကွယ်ဆေးထိုးပေးတာ၊မိခင်နဲ့ကလေးကျန်းမာရေးစောင့်ရှောက်မှုတွေ၊...

Read more

ကျောက်တော်ရှိရွာနှစ်ရွာမှာ ငှက်ဖျားပိုးတွေ့လို့ အာရက္ခကျန်းမာရေးဌာန စစ်ဆေး

Border News Agencyကျောက်တော်၊​ ဇူလိုင် ၂၈။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်ရှိ ငတရံရွာနဲ့ တောင်ပေါက်ရွာမှာ ငှက်ဖျားရောဂါအဖြစ်များနေတာကြောင့် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ ​အဲဒီဌက်ဖျားရောဂါအဖြစ်များနေတဲ့ရွာတွေကို မြို့နယ်အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (RRT) နဲ့ ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဇူလိုင်လ ၁၉...

Read more
Page 1 of 56 1 2 56

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here