Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အမျိုးသမီးကဏ္ဍ အာရက္ခဒေသ

အပိတ်ထောင်ချောက်ထဲက အမျိုးသမီးတွေရဲ့အသံ

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
31
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဇူလိုင် ၃၁။

တော်လှန်ရေးနယ်မြေတွေထဲမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဖြစ်ဖြစ်၊ တခြားလူ့အခွင့်အရေးနဲ့တရားမျှတမှုဖြစ်ဖြစ် ပြောဆိုလာတဲ့အခါ အပိတ်ထောင်ချောက်(Paradoxical Trap)ထဲကို အသေအလဲမောင်းသွင်းပြတဲ့အုပ်စုနှစ်ခုရှိပါတယ်။

အဲဒီမြန်မာစစ်တပ်ရဲ့ဝါဒဖြန့်ချီရေးအဖွဲ့တွေနဲ့ တော်လှန်ရေးပေါ်ပြူလစ်တွေဖြစ်ကြပါတယ်။

အဲဒီနေရာမှာ ထင်သာမြင်သာအခြေအနေအောက်မှာ ဥပမာပြလို့ကောင်းတဲ့ရခိုင်ဖြစ်စဉ်တွေကိုကြည့်ပါ။

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဖြစ်လာတော့ ထိခိုက်နစ်နာမှုတွေကို သတင်းမီဒီယာတွေ၊ လူမှုကွန်ရက်တွေပေါ်မှာ အသံထွက်လာကြပါတယ်။

အဲဒီလိုအသံထွက်လာတဲ့အခါ မြန်မာစစ်တပ်ရဲ့ဝါဒဖြန့်ချီရေးအုပ်စုတွေက ULA/AA အပေါ် ထိုးနှက်တိုက်ခိုက်ကြပါတော့တယ်။

အဲဒီလိုတိုက်ခိုက်ကြတော့ တော်လှန်ရေးပေါ်ပြူလစ်တွေကတခါ ထိခိုက်နစ်နာသူတွေ၊ULA/AA အပေါ် ဝေဖန်ထောက်ပြသူတွေကို “ရန်သူ့ဘက်ပါသူ”၊ “အဖွဲ့အစည်းကို သစ္စာဖောက်သူ”၊ “အခြေအနေကို ပိုဆိုးစေသူ”၊”တော်လှန်ရေးအဖွဲ့ကို အိုးမည်းသုတ်သူ”၊”တော်လှန်ရေးကိုထိခိုက်စေသူ”လို့ ခေါင်းစဥ်တပ်ဖိနှိပ်ကြပြန်ပါတယ်။

အဲဒီလိုနဲ့ထိခိုက်နစ်နာသူတွေ၊ ဝေဖန်ထောက်ပြသူတွေဟာ နှုတ်ဆိတ်အသံမထွက်နိုင်တဲ့(Chilling Effect)တွေကိုခံလိုက်ရပါတော့တယ်။

၁။တော်လှန်ရေးနယ်မြေထဲမှလူ့အခွင့်အရေး၊ တရားမျှတမှုနဲ့နိုင်ငံရေးဆိုင်ရာဖြစ်စဉ်တွေကို မြန်မာစစ်တပ်မှနိုင်ငံရေးဝါဒဖြန့်ကိရိယာ(Propaganda Tool)အဖြစ်အသုံးချခြင်း။

တော်လှန်ရေးနယ်မြေထဲမှာ နိုင်ငံရေး ဒါမှမဟုတ် စစ်ရေးဆိုင်ရာအဖွဲ့ဝင်တွေ ကျူးလွန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သာမန်လူထုအချင်းချင်းကြားထဲမှာဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာစစ်တပ်ရဲ့ဝါဒဖြန့်ချီရေးအုပ်စုတွေက လက်နက်သဖွယ်(Weaponization)လုပ်ကြပါတယ်။

အဲဒါဟာ မြန်မာစစ်တပ်ကဝါဒဖြန့်ချီစရာအတွက် ကရိယာတန်ဆာပလာသက်သက်မျှသာအသုံးချတဲ့ (Instrumentalization)ထက်အပြင် မပိုပါဘူး။

သူတို့ကိုယ်တိုင်ကလည်း ရာဇဝတ်မှုတွေကို လက်ရဲဇက်ရဲကျူးလွန်နေတာဖြစ်လို့ သူတို့မှာလူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တရားမဲ့မှုတွေကိုဟန့်တားလိုတဲ့နိုင်ငံရေးစိတ်စေတနာမရှိတာကို ကမ္ဘာကြီးကလည်းသိနေမြင်နေပါတယ်။

၂။တော်လှန်ရေးပုံရိပ်ကို ကာကွယ်လိုသူတွေရဲ့အစိုးရိမ်လွန်မှု

အဲဒီနေရာမှာ တော်လှန်ရေးပုံရိပ်ထိခိုက်မှာကို ရိုးရိုးသားသားစိုးရိမ်သူနဲ့တော်လှန်ရေးပေါ်ပြူလစ်တွေကြားမှာ အကျိုးစီးပွားနဲ့စိတ်စေတနာကွဲပြားကြပါသေးတယ်။

တော်လှန်ရေးပုံရိပ်ထိခိုက်မှာကို ရိုးရိုးသားသားစိုးရိမ်သူတွေကတော့ ထုတ်ဖော်မှုတွေကိုတားမြစ်နေရင်တောင် တဖက်မှာထိခိုက်နာကြင်သူတွေနဲ့ဝေဖန်ထောက်ပြချက်တွေအတွက် တစုံတရာတာဝန်ယူမှု၊တာဝန်ခံမှုကို စိတ်နှလုံးတနေရာမှာတော့ဆင်ခြင်မိမှာပါ။

တော်လှန်ရေးပေါ်ပြူလစ်တွေကတော့ အဲလိုမဟုတ်ပါဘူး။ ကျင့်ဝတ်ဆိုတာကို တော်လှန်ရေးဖြစ်စဉ်ထဲက လွင့်ပစ်ဖို့ကြိုးစားသူတွေပါ။ တော်လှန်ရေးနယ် မြေထဲမှာ နိုင်ငံရေး ဒါမှမဟုတ် စစ်ရေးဆိုင်ရာအဖွဲ့ဝင်တွေ ကျူးလွန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သာမန်လူထုအချင်းချင်းကြားထဲမှာ ဖြစ်ပျက်နေတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အုပ်ချုပ်ရေးနဲ့နိုင်ငံရေးပိုင်းဆိုင်ရာဝေဖန်ချက်တွေကိုဖော်ပြလာရင် အဲဒီတော်လှန်ရေးပေါ်ပြူလစ်တွေကပဲ ကျင့်ဝတ်တွေ၊ စံနှုန်းတွေကို ပျက်ရယ်ပြုကြပါတယ်။

သူတို့တွေလက်ချက်ကြောင့်…

(က)တော်လှန်ရေးရဲ့မူလတန်ဖိုးဟာလျော့ကျသွားပြီး တော်လှန်ရေးထဲမှာမဟာဖိုဝါဒ၊စစ်ဝါဒနဲ့ အာဏာရှင်လက်သစ်တွေကိုပေါ်ပေါက်လာစေပါတယ်။

(ခ)အုပ်ချုပ်ရေးနဲ့နိုင်ငံရေးပိုင်းဆိုင်ရာ ဝေဖန်ချက်၊ ထောက်ပြချက်တွေကို လက်ခံတာ၊ မခံတာကတပိုင်းပေမယ့် အမှန်တရားဖော်ထုတ်သူတွေနဲ့နစ်နာသူတွေကို တိုက်ခိုက်အပြစ်တင်တာ (Victim Blaming)နဲ့”သစ္စာဖောက်တွေ”၊”တော်လှန်ရေးကို ထိခိုက်အောင်လုပ်သူတွေ” ဆိုတဲ့ပုံရိပ်မျိုးကို အသုံးချတာကတော့ နစ်နာသူကို ထပ်ထိခိုက်စေတဲ့(Seco ndary Victimization )ဖြစ်ရပ်တွေ ပေါ် ပေါက်လာပါတယ်။

(ဂ)သူတို့တွေကြောင့်ပဲ တော်လှန်ရေးနယ်မြေထဲမှာ ကျူးလွန်သူတွေကင်းလွတ်ခွင့်ရနေပြီး ကျူးလွန်ခံရသူတွေနဲ့ အမှန်တရားကိုဖော်ထုတ်သူတွေဟာ ဖိအားတွေ၊ စွပ်စွဲချက်တွေကြောင့် အသံတိတ်သွားစေတဲ့ရိုက်ခတ်မှု (Chilling Effect)တွေကို ရင်ဆိုင်ရပါတော့တယ်။

အဲဒီနေရာမှာ ပြောချင်တာက”တော်လှန်ရေးတရပ်၊ တည်ဆောက်ရေးတရပ်ဟာ အခြေခိုင်သည်ဖြစ်စေ၊ မခိုင်သေးသည်ဖြစ်စေ ဘယ်လိုအခြေအနေမှာပဲရှိရှိ မူလတန်ဖိုးနဲ့ ကျင့်ဝတ်တွေကသွယ်ဖယ်သွားလို့မရပါဘူး။

အာဏာရှင်စနစ်ကို တော်လှန်နေချိန်မှာ “ငါတို့က အခြေမခိုင်သေးလို့ အာဏာ ရှင်အမူအကျင့်နည်းနည်လေးအတုခိုးမိတာပါ။”လို့ အကြောင်းပြနေလို့ မရပါဘူး။

တော်လှန်ရေးတရပ်၊ တည်ဆောက်ရေးတရပ်ဟာ လူထုနဲ့တရားမျှတမှုအပေါ် ကျင့်ဝတ်စံနှုန်းတွေနဲ့ အတူအမြဲသစ္စာရှိရပါတယ်။”

အခြေအနေနှစ်ခုလုံးသက်ရောက်မှုနဲ့ ထိခိုက်နစ်နာသူတွေအတွက် ဆိုးကျော့သံသရာ

မြန်မာစစ်တပ်ရဲ့ဝါဒဖြန့်ချီရေးအုပ်စုတွေနဲ့ တော်လှန်ရေးပေါ်ပြူလစ်တွေရဲ့လုပ်ရပ်တွေဟာ အမှန်တကယ်ထိခိုက်နစ်နာသူတွေအတွက် တရားမျှတမှုကို ပျောက်ကွယ်စေပြီး အပိတ်ထောင်ချောက်ထဲမှာ ဆိုးကျော့သံသရာ (Vicious Cycle) လည်စေပါတယ်။

မြန်မာစစ်တပ်ရဲ့ဝါဒဖြန့်ချီရေးအုပ်စုတွေရဲ့လုပ်ရပ်က ထိခိုက်နစ်နာသူတွေရဲ့တရားမျှတမှုတောင်းဆိုချက်ကို အသုံးချနိုင်ငံရေးအမြတ်ထုတ်မှုဖြစ်ပါတယ်။

တော်လှန်ရေးပေါ်ပြူလစ်တွေရဲ့လုပ်ရပ်က မိမိအဖွဲ့အစည်းအမှားကိုဖုံးကွယ်လိုပြီး ဝေဖန်မှုမှန်သမျှကို ရန်သူနဲ့ပေးစားမှု(In-group Bias)ပုံစံသာဖြစ်ပါတယ်။

သူတို့အတွေးအမြင်က ငါတို့ဆိုတဲ့ (Tribalism)အုပ်စုအစွဲလွန်ကဲမှုအောက်မှာ အမှန်တရားကိုဖော်ထုတ်မှု၊ တရားမျှတမှုကိုတောင်းဆိုမှုကိုတောင် စတေးပစ်ရဲတဲ့ထိ တော်လှန်ရေးဗီဇပျက်စေပါတယ်။

သူတို့တွေဟာ တော်လှန်ရေးနဲ့လူထုကြားမှာ တရားမျှတမှုကိုပျက်ရယ်ပြုပြီး “ငါတို့နဲ့သူတို့”(Us vs. Them)သ ဘောတရားစွဲတွေကို လွန်ကဲစည်းတားသူတွေ၊ ပုံရိပ်ဖော်အမှတ်ယူနေသူတွေ ဖြစ်ပါတယ်။

သူတို့တွေကြောင့် တော်လှန်ရေးဟာ လူထုနဲ့သံတမန်မျှက်နှာစာမှာ အမည်းစက်တင်တာပဲရှိပါလိမ့်မယ်။

အပိတ်ထောင်ချောက်(Paradoxical Trap)

အပိတ်ထောင်ချောက်(Paradoxical Trap)ဆိုတာ “အနှောင့်မလွတ်၊ အသွားမလွတ်”တဲ့ အခြေအနေမျိုးကိုခေါ်တာပါ ။

အဲဒီအတိုင်းနေရင်လည်း ဆိုးဝါးတဲ့ထိခိုက်မှုပဲရှိတယ်။

အဲဒီအတိုင်းနေတာအဆင်မပြေလို့ တခုခုထလုပ်ရင်လည်းထိခိုက်မှုတွေပိုဆိုးမယ်ဆိုတဲ့အနေအထားမျိုးပါ။

စစ်ပွဲတွေ၊ပဋိပက္ခကာလတွေမှာ ဒီလိုအပိတ်ထောင်ချောက်ဖြစ်စဉ်တွေရှိနေတာကို ဂျူးလူမျိုးအမေရိကန်စာရေး ဆရာဂျိုးဇက်ဟဲလာ(Joseph Heller) က ၁၉၆၁ခုနှစ်ထုတ် “Catch-22” ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံဝတ္ထုမှာ သရော်ထားပါတယ်။

အပိတ်ထောင်ချောက်မှရုန်းထွက်ခြင်း သို့မဟုတ် စကီလာနဲ့ခါရစ်ဘ်ဒစ်

ဂျိုးဇက်ဟဲလာက သူ့ရဲ့ Catch-22 မှာ စစ်ပွဲကာလ၊ ပဋိပက္ခကာလတွေထဲက အပိတ်ထောင်ချောက်ဖြစ်စဉ်တွေကိုသရော်ထားပေမယ့် သူ့ဇာတ်ဆောင်ဂျွန်ယော့ဆာရီယန်(Yossarian)ကိုတော့ ထောင်ချောက်ထဲက တကိုယ်တည်းရုန်းထွက်ကာ ဆွီဒင်ကိုထွက်ပြေးတဲ့နည်းနဲ့ဖော်ပြထားပါတယ်။

အဲလိုတကိုယ်ရည်ရုန်းထွက်တဲ့နည်းဟာ အတ္တဆန်တယ်လို့ဝေဖန်နိုင်ပေမယ့် ရုန်းမထွက်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲစဉ်းစားစရာရှိလာပါတယ်။

ဂရိဒဏ္ဍာရီထဲက နည်း

ဟိုးမားရဲ့ ကဗျာရှည်ကြီးထဲမှာ ဩဒီဆီးယပ်စ်(Odysseus)ဟာ စိစိလီကျွန်းအနီးက ကျဉ်းမြောင်းတဲ့မက်ဆီနာပင်လယ်ရေလက်ကြား(Messina Strait) ကို ဖြတ်သန်းချိန်မှာ အပိတ်ထောင်ချောက်နဲ့တိုးပါတော့တယ်။

ဩဒီဆီးယပ်စ်ရဲ့သင်္ဘောဟာ စကီလာ (Scylla)လို့ခေါ်တဲ့ ခေါင်းခြောက်လုံးပါမကောင်းဆိုးဝါးကြီးနဲ့ ခါရစ်ဘ်ဒစ် (Charybdis)လို့ခေါ်တဲ့ ရေဝဲချိုင့်ကြီးကြားကို ရောက်သွားပါတယ်။

ဩဒီဆီးယပ်စ်ကတော့ စကီလာအနားကကပ်သွားဖို့ဆုံးဖြတ်ခဲ့ပြီး သူ့ရွေးချယ်မှုက အရှုံးနည်းနိုင်သမျှနည်းအောင်ရွေးချယ်မှု(Calculated Loss)ကို သုံးတာပါ။

ခါရစ်ဘ်ဒစ်ဘက်ကို ရွေးရင်အကုန်လုံးသေကုန်မှာဖြစ်ပြီး စကီလာဘက်ကိုရွေးရင် လူခြောက်ယောက်ကိုစတေးရပေမယ့် ကျန်လူတွေအသက်ရှင်နိုင်ပါသေးတယ်။

ဒါကြောင့် စကီလာဘက်ကို ရွေးလိုက်တာပါ။

တော်လှန်ရေးနယ်မြေထဲမှာ အပိတ်ထောင်ချောက်ကို ဖွင့်နိုင်ပါ့မလား

တော်လှန်ရေးနယ်မြေတွေထဲက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ၊ အခြားလူ့အခွင့်အရေးနဲ့ တရားမျှတမှုကိစ္စရပ်တွေကို ဖော်ထုတ်ကြတဲ့အခါ အမှန်တရားဖော်ထုတ်သူတွေ၊ ထိခိုက်နစ်နာသူတွေဟာ Catch-22 ထဲက ဂျွန်ယော့ဆာရီယန်လို ကိုယ်လွတ်ရုန်းဖို့ခက်မှာပါ။

ဟိုမားရဲ့ဂရိဒဏ္ဍာရီထဲကလို အရှုံးနည်းနိုင်သမျှနည်းအောင်ရွေးချယ်မှု (Calculated Loss)ကိုပဲ သုံးရတော့မှာပါ။

မြန်မာစစ်တပ်ကတော့ ခါရစ်ဘ်ဒစ်လို တယောက်ကိုမှချမ်းသာမပေးဘဲ ဆွဲနစ်မြုပ်ပစ်မှာပါ။

တော်လှန်ရေးနယ်မြေထဲက လက်နက်ကိုင်တွေ၊ အုပ်ချုပ်သူတွေကိုတော့ စကီလာ(Scylla)လို မကောင်းဆိုးဝါး သိပ်မဆန်ပါစေနဲ့လို့ မျှော်လင့်ချက်အနည်း ငယ်နဲ့ရှေ့ဆက်တိုးကြည့်ရမှာပါ။

PrevPreviousဧရာဝတီမှာ ငဝန်မြစ်တာဘောင်ကျိုးပေါက်လို့ ရေကြီးနေ
Nextသံတွဲမြို့နယ် ရွှေလှေရဲစခန်းကို စစ်တပ်လေကြောင်းတိုက်ခိုက်Next
Previous Post

ဧရာဝတီမှာ ငဝန်မြစ်တာဘောင်ကျိုးပေါက်လို့ ရေကြီးနေ

Next Post

သံတွဲမြို့နယ် ရွှေလှေရဲစခန်းကို စစ်တပ်လေကြောင်းတိုက်ခိုက်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - APM

“ကိုယ့်သားသမီး အသက်မပြည့်သေးတာကြောင့် ပြန်ပြီးခေါ်ချင်ပါတယ်။”

September 22, 2026
Photo-APM

“ငပသုန်ရွာမှာဆိုရင် လူပျို၊အပျိုတရာကျော်ရှိတာကို တရာကျော်လုံးကိုခေါ်သွားတော့ ရွာလည်းပျက်သွားနိုင်တဲ့အခြေအနေရှိပါတယ်။”

September 22, 2026
Photo-APM

“ငပသုန်ကလူတွေနဲ့ခြိမ်းခြောက်ပြီးကျွန်းသာယာက ခေါ်နေလားမသိပါဘူး။”

September 22, 2026
(ဓာတ်ပုံ - အာရက္ခတပ်တော်စစ်ပညာသင်တန်း/APM)

မြေပုံမြို့နယ်က လူငယ်တွေကို အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူနေ

September 22, 2026

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

မြန်မာနိုင်ငံမှာ 5G စနစ်မကြာမီသုံးနိုင်မယ်လို့ အာဏာသိမ်းစစ်တပ်ပြော

ဝီရဌာနီမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

သာစည်နဲ့လားရှိုးမှာငွေကျပ် သိန်းတထောင်ရှစ်ရာကျော်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ

ဂွမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရ(ဓာတ်ပုံသတင်း)

ငြိမ်းချမ်းရေးအတွက်အားလုံးပူးပေါင်းကြဖို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တိုက်တွန်း 

Releated Post

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

September 21, 2026

မြန်မာနိုင်ငံမှာ 5G စနစ်မကြာမီသုံးနိုင်မယ်လို့ အာဏာသိမ်းစစ်တပ်ပြော

September 21, 2026

ဝီရဌာနီမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

September 21, 2026
ဓာတ်ပုံ-မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့

သာစည်နဲ့လားရှိုးမှာငွေကျပ် သိန်းတထောင်ရှစ်ရာကျော်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ

September 21, 2026
ဓာတ်ပုံ-APM

ဂွမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 21, 2026
ဓာတ်ပုံ-BNA

ငြိမ်းချမ်းရေးအတွက်အားလုံးပူးပေါင်းကြဖို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တိုက်တွန်း 

September 21, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page