ဂွမြို့နယ်

ဂွမြို့နယ် သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ ဂွမြို့နယ်တွင် ဂွမြို့နှင့် ကျိန္တလီမြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ဂွမြို့ ဖြစ်သည်။

သံတွဲနဲ့ ဂွကို စစ်တပ်လေကြောင်းတိုက်လို့ ၁ ဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရ

Border News Agencyသံတွဲ၊ ဩဂုတ် ၂၂။ အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့၊ သံတွဲမြို့နယ်နဲ့ ဂွမြို့ နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၁ ဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရသွားတယ်လို့ အာရက္ခတပ်တော် (AA)ကထုတ်ပြန်ပါတယ်။ အဲဒီငပလီမြို့မှာ အာဏာသိမ်းစစ်တပ်စခန်းချတပ်စွဲခဲ့တဲ့...

Read more

ဂွကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ စစ်ရှောင်တွေအပါအဝင်ရှစ်ဦးဒဏ်ရာရ

Border News Agencyဂွ၊ ဩဂုတ်၂၁။ အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ ညောင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ စစ်ရှောင်တွေအပါအဝင်ရှစ်ဦးဒဏ်ရာရသွားပါတယ်။ အဲဒီညောင်ချောင်းကျေးရွာကို ဩဂုတ်လ ၂၁ ရက်၊ဒီနေ့ မနက် ၅ နာရီခန့်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအထက်တန်းကျောင်းနဲ့ ကျေးရွာဆေးခန်းအနီးမှာကျရောက်ပေါက်ကွဲခဲ့လို့...

Read more

ဂွကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ ရှစ်ဦးသေဆုံး

​Border News Agencyဂွ၊ သြဂုတ် ၁၄။ ဂွမြို့နယ်၊ကျိန္တလီမြို့၊အမှတ် ၁ ရပ်ကွက်ကို ဩဂုတ်လ ၁၃ ရက်၊ည ၁၁ နာရီခွဲအချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။ ​အဲဒီလိုလေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ခြောက်ဆယ်အရွယ် ဒေါ်ခင်မိုးရွှေ၊အသက်ခုနှစ်နှစ်အရွယ် မောင်နေလင်းသန့်နဲ့...

Read more

ဂွမြို့နယ်ကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ နေအိမ်ခုနှစ်လုံးပျက်စီး

Border News Agencyဂွ၊သြဂုတ် ၁၃။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာကို ဩဂုတ်လ ၁၂ ရက်၊ည ၉ နာရီအချိန် အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။ ​အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေမထိခိုက်ခဲ့ပေမယ့် ပြည်သူနေအိမ်ခုနှစ်လုံးပျက်စီးသွားခဲ့ရပါတယ်။ ​အဲဒီသံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို သြဂုတ်လ...

Read more

ဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

Border News Agencyဂွ၊ဇူလိုင် ၁၇။ ဂွမြို့နယ်ကို ဇူလိုင်လ ၁၇ ရက်၊ဒီနေ့ည ၄ နာရီကျော်အချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ ဂွမြို့နယ်၊ရွှေရချိုင်ရွာနောက်ဘက် ကမ်းခြေအုန်းခြံထဲကို တိုက်လေယာဥ်နှစ်စီးနဲ့ လေကြောင်းမှ ဗုံးသုံးလုံးတိုက်ခိုက်ခဲ့တာပါ။ အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် ရွှေရချိုင်ရွာ...

Read more

ဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်

Border News Agency​ဂွ၊ဇူလိုင် ၁၄။ ရေကြီးရေလျှံမှုတွေနဲ့ရင်ဆိုင်နေရတဲ့ ဂွမြို့နယ်ကို ဇူလိုင်လ ၁၃ ရက်၊ညနေမှာ အာဏာသိမ်းစစ်တပ်က ဗုံးအလုံးငါးဆယ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဂွမြို့နယ်၊ကွင်းလျားရှည်ရွာ၊ရဟိုင်းကွင်းရွာနဲ့ကျောင်းကုန်းရွာကို ည ၁၀ နာရီကျော်အချိန်မှာ အာဏာသိမ်းစစ်တပ်ကရွယ်ရည်ချက်ရှ်ိရှိလေကြောင်းတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်ခဲ့တာကြောင့် ​ကျောင်းကုန်းရွာရှိနေအိမ်တလုံးပျက်စီးခဲ့ပြီး လူထိခိုက်မှုအခြေအနေကို စုံစမ်းနေပါတယ်။...

Read more

ဂွမြို့နယ်မှာ ချောင်းရေဝင်ပြီးကျေးရွာတချို့ ရေကြီးနေ

Border News Agency​ဂွ၊ဇူလိုင် ၁၃။ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၂ ရက်နေ့ကစပြီး ဂွမြို့နယ်၊ ဒေါင်းချောင်း၊ပေါက်တူး၊ ရဟိုင်ဖျား၊ ရွာသစ်ကုန်း၊ ကုလားပြင်၊ ကိုင်းခုံနဲ့ ရေကျော် စတဲ့ ကျေးရွာတချို့မှာ ချောင်းရေတွေဝင်ရောက်ကာ ရေကြီးရေလျှံနေပါတယ်။...

Read more

ဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးဦးသေဆုံး

Border News Agencyဂွ၊ဇူလိုင် ၁၀။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ဂွမြို့နယ်ကို ဇူလိုင်လဆယ်ရက်၊ဒီနေ့မနက်ဆယ်နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့သုံးဦးသေဆုံးသွားပါတယ်။ အဲဒီဂွမြို့နယ်၊ဓနိအုပ်စု၊ကုလားချောင်းရွာကအသက်သုံးနှစ်အရွယ်ဖိုးသားလေး၊အသက်ငါးဆယ်သုံးနှစ်အရွယ်ဦးညွန့်မောင်၊အသက်ငါးဆယ်ခုနှစ်အရွယ်ဒေါ်မမလေးသေဆုံးသွားပါတယ်။ အဲဒီအပြင်နောက်ထပ်နှစ်ဦးလည်းဒဏ်ရာပြင်းထန်းစွာရသွားခဲ့သလို ဒေသခံစိုးရိမ်နေကြပါတယ်။ အဲဒီဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်ကပစ်မှတ်ထားတိုက်ခိုက်တာတွေမကြာခဏပြုလုပ်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေအပြင် ရေတပ်စစ်သင်္ဘောတွေကလည်း လက်နက်ကြီးတွေပစ်ခတ်နေပါတယ်။ အဲဒီဂွမြို့နယ်ကို ဇူလိုင်လခုနှစ်ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်ရေတပ်စစ်သင်္ဘောကြီးတွေက လက်နက်ကြီးတွေပစ်ခတ်လို့အရပ်သား​ခြောက်ဦးဒဏ်ရာရသွားပါတယ်။

Read more

ကျိန္တလီကို ရေတပ်ကလက်နက်ကြီးပစ်လို့ခြောက်ဦးဒဏ်ရာရ

Border News Agencyကျိန္တလီ၊ဇူလိုင် ၈။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ဂွမြို့နယ်၊ကျိန္တလီကို အာဏာသိမ်းရေတပ်ကလက်နက်ကြီးပစ်ခတ်လို့ခြောက်ဦးဒဏ်ရာရသွားပါတယ်။ အဲဒီကျိန္တလီမြို့၊အမှတ် ၃ ရပ်ကွက်မှ အသက်ငါးနှစ်အရွယ်မရတနာထွန်း၊အသက်ဆယ့်ခုနှစ်နှစ်အရွယ် မသင်းသီရိထွန်း၊အသက်လေးဆယ့်ငါးနှစ်အရွယ် ဒေါ်မထား၊အသက်ခုနှစ်ဆယ်လေးနှစ်အရွယ်ဒေါ်သန်းမေ၊အသက်ငါးဆယ်အရွယ်ဒေါ်မိဝိုင်းနဲ့အသက်လေးဆယ်ရှစ်နှစ်အရွယ်ဦးညိုထွန်းဒဏ်ရာရသွားတာပါ။ အဲဒီကျိန္တလီမြို့၊အမှတ်၃ရပ်ကွက်ကို ဇူလိုင်လရှစ်ရက်နေ့၊မနက်ကိုးနာရီကျော်အချိန်ခန့်က စစ်တပ်စစ်သင်္ဘောမှလက်နက်ကြီးကျည်နှစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီလိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမှတ်သုံးရပ်ကွက်ရှိ ဒေါ်မထားရဲ့ နေအိမ်မှာတလုံး၊ဦးပိုင်စိုးအောင်ရဲ့နေအိမ်နောက်သစ်ပင်နားကိုတလုံး...

Read more

ရေကျော်ရွာလေကြောင်းတိုက်ခိုက်ခံမှုဒဏ်ရာရမှုထဲက ကလေးငယ်တဦးသေဆုံး

Border News Agencyကျိန္တလီ၊ ဇွန် ၃၀။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျိန္တလီမြို့နဲ့ရေကျော်ရွာကို ဇွန်လ ၂၆ရက်နေ့က လေကြောင်းတိုက်ခိုက်ခံမှုမှာ ဒဏ်ရာရသူထဲက ကလေးငယ်တဦးသေဆုံးသွားခဲ့ပါတယ်။ အဲဒီသေဆုံးသွားသူဟာဂွမြို့နယ်၊ ရေကျော်ရွာမှ အသက်ဆယ်နှစ်အရွယ် မောင်ထက်မြတ်သူဖြစ်ပါတယ်။ အဲဒီရေကျော်ရွာဘုန်းကြီးကျောင်းကို ဇွန်လ ၂၆ ရက်၊...

Read more
Page 1 of 4 1 2 4

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here