Border News Agency
အစ္စရေး၊ဇွန် ၉။
အစ္စရေးနဲ့အီရန်တို့ကြား တိုက်ခိုက်မှုတွေဟာ ဇွန်လ ၈ ရက်နေ့ကပြန်လည်ပြင်းထန်လာပြီး ယီမင်ကဟူသီသူပုန်တွေကပါ အစ္စရေးကို ဒုံးကျည်နဲ့ ပစ်ခတ်လိုက်တဲ့အတွက် ဒေသတွင်း စစ်ပွဲကြီး ပြန်ဖြစ်လာမှာကို ကမ္ဘာက စိုးရိမ်နေကြရပါတယ်။
အစ္စရေးလေတပ်က အီရန်နိုင်ငံအတွင်းက မဟာဗျူဟာမြောက် ကာကွယ်ရေးစနစ်တွေနဲ့ ရေနံဓာတုစက်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလို အီရန်တော်လှန်ရေးအစောင့်တပ်ကလည်း အစ္စရေးရဲ့ လေတပ်စခန်းတွေနဲ့ ဟိုင်ဖာမြို့က ဓာတုစက်ရုံတွေကို တန်ပြန်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတကာ ရေနံဈေးနှုန်းတွေက တစည်ကို ၉၇ ဒေါ်လာကျော်အထိ ရုတ်တရက် မြင့်တက်သွားခဲ့ပြီး ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုရှိလာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နှစ်နိုင်ငံလုံးကို တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ တိုက်တွန်းထားပေမဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ပြည်တွင်းနိုင်ငံရေးအရ အမေရိကန်ရဲ့ ဖိအားကို အလိုလိုက်တဲ့ပုံ မပေါက်စေချင်တာကြောင့် စစ်ရေးအရ ဆက်လက်တုံ့ပြန်ဖို့ပဲ ဦးစားပေးနေပုံပါပဲ။
လက်ရှိမှာတော့ အပစ်အခတ်ရပ်စဲရေးက ပျက်ပြားလုနီးပါး ဖြစ်နေပြီး အစ္စရေးဘက်က လုံခြုံရေးအစည်းအဝေးတွေကို အရေးပေါ် ခေါ်ယူထားတာကြောင့် အခြေအနေက ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။










