Border News Agency
ဂျော်ဒန်၊ ဇူလိုင် ၂၁။
ဂျော်ဒန်နိုင်ငံရှိ မူဝါဖတ်ဆာလ်တီ လေတပ်စခန်းကို ဇူလိုင်လ ၂၁ ရက်နေ့မှာ အီရန်က ဒုံးကျည်တွေတိုက်ခိုက်ခဲ့တာကြောင့် အမေရိကန်စစ်သည်နှစ်ဦးကျဆုံးပြီး လေးဦးဒဏ်ရာရသွားတယ်လို့ ပန်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။
အဲဒီအသက်ဆယ့်ကိုးနှစ်အရွယ် တပ်သား အစ္စဘဲလားဂွန်ဇာလက်ဇ် နဲ့ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ဗိုလ်ကြီး တိုင်လာဂျိမ်းစ်ဖီဟန်တို့ ကျဆုံးခဲ့တာဖြစ်ပါတယ်။
တပ်သား ဂွန်ဇာလက်ဇ်ဟာ လေကြောင်းရန်ကာကွယ်ရေး တာဝန်ထမ်းဆောင်စဉ် ဇူလိုင်လ ၁၇ ရက်က ကျဆုံးခဲ့ရတာဖြစ်ပြီး ဗိုလ်ကြီးဖီဟန် ကတော့ ရရှိထားတဲ့ဒဏ်ရာတွေနဲ့ ကွယ်လွန်ခဲ့ရတာပါ။
အဲဲဒီတိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ အခြားအမေရိကန်တပ်ဖွဲ့ဝင်လေးဦးကိုလည်း ဂျော်ဒန်နိုင်ငံရှိဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသပေးနေရပါတယ်။
ခုဖြစ်စဉ်နဲ့ပတ်သက်ပြီး အီရန်နိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို အမေရိကန်စစ်တပ်က ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်တိုက်ခိုက်နေပါတယ်။










