Border News Agency
မောင်တော၊ ဇူလိုင် ၂၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်မှာ ဇူလိုင်လ ၁၇ ရက်နေ့က အရပ်သားငါးဦးကို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက် သမားတွေသေနတ်နဲ့ပစ်ခတ်ခဲ့ရာတဦး ကျည်ထိမှန်ကာဖမ်းဆီးခံခဲ့ရပြီး ကျန်လေးဦးလွတ်မြောက်လာပါတယ်။
သူတို့ဟာ မောင်တောမြို့နယ်၊အောင်သပြီရွာမှ ဘောဒူလာစျေးသို့ ကုန်ပစ္စ ည်းသယ်ဖို့သွားချိန် အကြမ်းဖက်သ မားသုံးဦးက လမ်းမှာသေနတ်နဲ့ချောင်း မြောင်းပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုပစ်ခတ်ခံရမှုကြောင့် အောင်သပြီရွာမှအသက်လေးဆယ်တနှစ်အရွယ်ဦးထွန်းမောင်မှာ ကျည်ထိမှန်ကာအကြ မ်းဖက်သမားတွေဖမ်းဆီးတာကို ခံခဲ့ရပြီး ကျန်သူတွေထွက်ပြေးလွတ်မြော က်ခဲ့တာပါ။
အဲဒီဦးထွန်းမောင်ကို ပြန်လွှတ်ပေးဖို့အ တွက် အကြမ်းဖက်သမားတွေကတာကာငွေသိန်းငါးဆယ်တောင်းခံထားပါတယ်။
အဲဒီမောင်တောမြို့နယ်မှာ အကြမ်းဖ က်အဖွဲ့တွေဟာ နယ်စပ်ဖြတ်ကျော်အ ကြမ်းဖက်မှုတွေကျူးလွန်နေကြတာမို့အာရက္ခတပ်တော်က လုံခြုံရေးဆောင် ရွက်နေပါတယ်။










