Border News Agency
ဘင်္ဂလားဒေ့ရှ်၊ဩဂုတ် ၂၁။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံဘက်ကို တရားမဝင်မှောင်ခိုတင်ပို့ဖို့ပြင်ဆင်နေတဲ့ ဓာတ်မြေဩဇာငါးဆယ်သုံးအိတ်နဲ့ စက်လှေတစီးကိုသိမ်းဆည်းရမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) က သြဂုတ်လ ၂၁ ရက်၊ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီတက်ကနက်တပ်ရင်း (၂ BGB)၊ ဆာဘရန်းစခန်းရှိ ရေဒါစနစ်မှတဆင့် နတ်မြစ်အတွင်းမသင်္ကာဖွယ် စက်လှေတစီးသွားလာနေတာကို သြဂုတ်လ ၂၀ ရက်၊ည ၁၁ နာရီအချိန်ခန့်က တွေ့ရှိခဲ့တာပါ။
အဲဒီရေဒါသတင်းအရ BGB အဖွဲ့က နတ်မြစ်အတွင်းသွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသို့မှောင်ခိုကူးဖို့ပြင်ဆင်ထားတဲ့ ပိုင်ရှင်မဲ့အင်ဂျင်တပ်စက်လှေတစီးနဲ့အတူ ဓာတ်မြေဩဇာငါးဆယ်သုံးအိတ်ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
နှစ်နိုင်ငံနယ်စပ်အတွင်း တရားမဝင်ကုန်စည်မှောင်ခိုကူးတာနဲ့ မူးယစ်ဆေးဝါးတားဆီးရေးအတွက် နတ်မြစ်အတွင်းရေဒါစနစ်နဲ့ နည်းပညာတွေအသုံးပြုပြီး ထိရောက်စွာစောင့်ကြည့်သွားမယ်လို့ BGB ဘက်က ပြောဆိုထားပါတယ်။






