မြောက်ဦးမြို့နယ်

မြောက်ဦးမြို့နယ် သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မြောက်ဦးမြို့ ဖြစ်သည်။

မြောက်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်

Border News Agencyမြောက်ဦး၊ စက်တင်ဘာ ၁၇။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့နယ်ကို စက်တင်ဘာလ ၁၇ ရက်၊ဒီနေ့ နေ့လည် ၁၂ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်နေပါတယ်။ "လေယာဥ်သုံးစီးနဲ့ပတ်ကြဲနေတာပါ။ ခုတော့ဘယ်နေရာမှာကျလဲ တိတိကျကျမသိရသေးဘူး။"လို့ မြောက်ဦးမြို့ခံတဦးက Border News Agency...

Read more

ဒက်စတိုပီးယန်းဘဝတွေ-နိဂုံး

Border News Agencyမြောက်ဦး၊စက်တင်ဘာ ၁၇။ အာရက္ခဒေဒေသရဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေဟာ လက်ရှိမှာတော့အဖြေမရှိတဲ့ပုစ္ဆာလိုဖြစ်နေပါတယ်။ အဲဒီလိုထိခိုက်လွယ်သူတွေ၊သာမန်အောက်ခြေလူတန်းစားတွေလိမ့်ပြီးခံရမယ့်သဘောရှိနေပါတယ်။ အဲဒီလိုအကျပ်အတည်းတွေဟာ အာရက္ခဒေသရဲ့နိုင်ငံရေးအပေါ်မှာလည်း သက်ရောက်မှုကြီးကြီးမားမားရှိနေမှာပါ။ အဲဒီလို​စီးပွားရေးပြိုလဲမှု၊သဘာဝကပ်ဘေးတွေ၊အစုလိုက်အပြုံလိုက်နေရာရွှေ့ပြောင်းရမှုတွေအပါအဝင် လက်ရှိအချိန်ထိတင်းမာပြင်းထန်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အာရက္ခဒေသရဲ့လူသားချင်းစာနာမှုအကျပ်အတည်းဟာ မြန်မာနိုင်ငံထဲမှာအဆိုးဝါးဆုံးနဲ့ အရှုပ်ထွေးဆုံးနေရာတွေထဲကတခုဖြစ်နေတယ်လို့ UNOCHA က ၂၀၂၆...

Read more

မြောက်ဦးမှ စစ်ဘေးရှောင်သုံးရာကျော်ကို အာရက္ခအစိုးရစားနပ်ရိက္ခာထောက်ပံ့(ဓာတ်ပုံသတင်း)

​Border News Agencyမြောက်ဦး၊ စက်တင်ဘာ ၁၅။ မြောက်ဦးခရိုင်ရှိ မြို့နယ်ငါးခုမှစစ်ဘေးရှောင်အိမ်ထောင်စုကိုးဆယ်ငါးစု၊ လူဦးရေသုံးရာတဆယ်ဦးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ စစ်ရှောင်ကော်မတီကစက်တင်ဘာလ ၁၅ ရက်၊ဒီနေ့ တလစာအခြေခံစားနပ်ရိက္ခာတွေထောက်ပံ့ပေးခဲ့ပါတယ်။ ​အဲဒီထောက်ပံ့မှုကို DLEPS ဌာန၊ ပါတီ၊ အုပ်ချုပ်ရေး၊ HDCO နဲ့...

Read more

ကျောက်တော်-မြောက်ဦးအစပ်ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

Border News Agencyမြောက်ဦး၊ စက်တင်ဘာ ၁၃။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်နဲ့မြောက်ဦးမြို့နယ်အစပ်ကို စက်တင်ဘာလ ၁၂ ရက်နေ့ ညဥ့် ၁၂ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ​ကျောက်တော်မြို့နယ်၊ကြောင်ဖိုကျေးရွာနဲ့မြောက်ဦးမြို့နယ်၊နန်းတက်ကျေးရွာကြားကို အာဏာသိမ်းစစ်တပ်တိုက်လေယာဥ်နှစ်စီးက ပေါင်းငါးရာဗုံးတွေကြဲချတိုက်ခိုက်ခဲ့တာပါ။ အဲဒီလေကြောင်းတိုက်ခိုက်မှုပြင်းထန်တာမို့ ကျောက်တော်မြို့နယ်နဲ့မြောက်ဦးမြို့နယ်မှ ဒေသခံတွေကြားကြရပြီး...

Read more

ဒက်စတိုပီယန်းဘဝတွေ – ၁၀

Border News Agencyမြောက်ဦး၊စက်တင်ဘာ ၁၂။ ​စစ်ပွဲတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းကို ပိုဖြစ်စေပါတယ်။ မြန်မာ့ပြည်တွင်းစစ်မှာ ဘက်အသီးသီးကစစ်သားစုဆောင်းနေကြပါတယ်။ အဲဒီလိုစုဆောင်းမှုဟာ ဥပဒေကြောင်းအရကြည့်ရင်တရားမဝင်ပါဘူး။ အဲဒီလိုစစ်မှုထမ်းဖို့ပြဋ္ဌာန်းလိုက်တဲ့အမိန့်အာဏာဟာ လူထုကလွတ်လပ်တဲ့ နိုင်ငံရေးဆန္ဒနဲ့ရွေးချယ်ထားတဲ့ ဥပဒေပြုမှုထဲကလာတာမဟုတ်လို့ပါ။ အဲဒီတော့စစ်မှုထမ်းရမယ့်ကိစ္စဟာ လူထုအတွက်တာဝန်၊စိတ်ဆန္ဒဆိုတာထက်ခြိမ်းခြောက်ခံရမှု၊အနိုင်ကျင့်ခံရမှုဘက်ကိုပိုရောက်နေပါတယ်။ အဲဒီ​လူငယ်၊လူရွယ်တွေကို စစ်ပွဲတွေထံယစ်ပူဇော်နေရတာနဲ့အမျှ တဖက်မှာကမိဘတွေ၊မိခင်တွေရဲ့"ကျွန်မသားကို...

Read more

သက္ကမလူငယ်စစ်မှုထမ်းအသက်မပြည့်သေးသူတွေကို ပြန်လွတ်ပေးဖို့ မိဘတွေတောင်းဆို

​Border News Agencyမြောက်ဦး၊စက်တင်ဘာ ၁၁။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ​မြောက်ဦးမြို့နယ်၊လေးမြို့ချောင်းဒေသ၊အင်းရှည်ကျေးရွာမှာ စက်တင် ဘာလ ၂ ရက်နေ့က အသက်တဆယ့်ရှစ်နှစ်မပြည့်သေးဘဲစစ်မှုထမ်းခေါ်ယူခံလိုက်ရတဲ့ သက္ကမလူမျိုးလူငယ်တွေကို မိဘတွေဆီပြန်အပ်နှံပေးဖို့ မိသားစုဝင်တွေကတောင်းဆိုနေကြပါတယ်။ အဲဒီ​အင်းရှည်ကျေးရွာက အသက်တဆယ့်ရှစ်နှစ်မပြည့်သေးတဲ့လူငယ်ကိုးဦးအပါအဝင် စုစုပေါင်းသုံးဆယ့်ခြောက်ဦးကို စစ်မှုထမ်းဖို့ခေါ်ဆောင်သွားတာဖြစ်ပြီး အဲဒီအထဲမှာကျန်းမာရေးမကောင်းသူတွေနဲ့ စစ်မှုထမ်းအကျုံးမဝင်သူတွေပါဝင်နေတယ်လို့...

Read more

ဒက်စတိုပီယန်းဘဝတွေ – ၉

Border News Agencyမြောက်ဦး၊ စက်တင်ဘာ ၁၁။ ​နိုင်ငံတကာစံနှုန်းတွေနဲ့ ထွက်ခွာမှုပိတ်ပင်ခြင်း ​နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေ (IHL)ဖြစ်တဲ့ ဂျီနီဗာကွန်ဗင်းရှင်း(Gen eva Conventions)တွေအရ စစ်ရေးဆိုင်ရာဆောင်ရွက်မှုတွေမှာ အရပ်သားနဲ့ စစ်ဘက်ပစ်မှတ်ကိုခွဲခြားတာ၊အချိုးအစားမျှတမှုရှိစေတာနဲ့ ကြိုတင်ကာကွယ်မှုတွေပြုလုပ်တာဆိုတဲ့ အဓိကအခြေခံမူသုံးခုရှိပါတယ်။ နောက်ပိုင်းမှာတော့"မလိုအပ်ဘဲ ပိုမိုဆင်းရဲဒုက္ခမရောက်စေတာ"ဆိုတဲ့အချက်ကို ထည့်သွင်းတာရှိပါတယ်။...

Read more

အရပ်ဖက် စစ်ဖက်ကို ဗဟိုဦးစီးစနစ်နဲ့ ULA/AA တည်ဆောက်ထား

​Border News Agencyမြောက်ဦး၊စက်တင်ဘာ ၁၁။ ​ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)ဟာ စစ်ရေးနဲ့အုပ်ချုပ်ရေး ကဏ္ဍနှစ်ခုစလုံးမှာချုပ်ကိုင်မှုအားကောင်းတဲ့ ဗဟိုဦးစီးစနစ်ကိုအခြေခံပြီး အဖွဲ့အစည်းကို စနစ်တကျတည်ဆောက်ထားတယ်လို့ ISP-Myanmar ရဲ့ သုတေသန အချက်အလက်တွေကဆိုပါတယ်။ ​ULA/AAဟာ လက်ရှိမှာ ပလက်ဝဒေသနဲ့ အာရက္ခဒေသရဲ့ ကိုးဆယ့်နှစ်ဒသမခြောက်ရာခိုင်နှုန်းကိုထိန်းချုပ်ထားပြီး...

Read more

မြောက်ဦးခရိုင်မှာ ULA/AA ရဲ့ တရားစီရင်ရေးနဲ့လုံခြုံရေးလုပ်ငန်းတွေ အားအကောင်းဆုံးဖြစ်နေ

​Border News Agencyမြောက်ဦး၊စက်တင်ဘာ ၁၁။ ​အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့နယ်မြေတွေထဲမှာ မြောက်ဦးခရိုင်ဟာ တရားစီရင်ရေး၊လုံခြုံရေးနဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေ အားအကောင်းဆုံးစနစ်တကျ လည်ပတ်နေတဲ့ခရိုင်ဖြစ်တယ်လို့ ISP-Myanmar ရဲ့ သုတေသနအချက်အလက်တွေကဆိုပါတယ်။ ​အာရက္ခတပ်တော်ဟာ ပလက်ဝဒေသနဲ့အာရက္ခဒေသရဲ့ ကိုးဆယ့်နှစ်ဒသမခြောက်ရာခိုင်နှုန်းကိုထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကိုဖွဲ့စည်းကာ ခရိုင်အလိုက်အုပ်ချုပ်ရေးယန္တရားတွေကို စတင်လည်ပတ်နေတာဖြစ်ပါတယ်။ ​အဲဒီလိုလည်ပတ်ရာမှာမြောက်ဦးခရိုင်အတွင်း...

Read more

ထောက်ခံစာလိမ်ယူပြီး ပြည်ပထွက်ဖို့ ကြိုးစားသူခုနှစ်ဦးကို အာရက္ခအစိုးရက မိဘတွေဆီပြန်အပ်

​Border News Agencyမြောက်ဦး၊ စက်တင်ဘာ ၁၀။ ​မြောက်ဦးခရိုင်မှာထောက်ခံစာတွေ လိမ်လည်တောင်းယူပြီးပြည်ပကိုထွက်ဖို့ ကြိုးစားခဲ့သူခုနှစ်ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထိန်းသိမ်းစိစစ်ပြီးနောက် စက်တင်ဘာလ၉ ရက်နေ့မှာ မိဘတွေဆီပြန်လွဲပေးခဲ့ပါတယ်။ ​ပြန်လွှဲခံရသူတွေထဲမှာ အမျိုးသားလေးဦးနဲ့ အမျိုးသမီးသုံးဦးစုစုပေါင်း ခုနှစ်ဦးပါဝင်ပြီး အဲဒီသူတွေဟာသက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူတွေဆီက ထောက်ခံစာတွေလိမ်ယူကာ နယ်စပ်ကို...

Read more
Page 1 of 33 1 2 33

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here