Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စစ်တွေမြို့နယ် စီးပွားရေး သတင်း အာရက္ခဒေသ

အာရက္ခဒေသက ရက်ကန်းလုပ်ငန်းတွေ ရပ်တန့်နေ

(ဓာတ်ပုံ - စစ်တွေမြို့နယ်၊ ကျားမသောင်ကျေးရွာမှရွှေကျားရက်ကန်းလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ်ကတွေ့ရပုံ / BNA)

(ဓာတ်ပုံ - စစ်တွေမြို့နယ်၊ ကျားမသောင်ကျေးရွာမှရွှေကျားရက်ကန်းလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ်ကတွေ့ရပုံ / BNA)

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
11
VIEWS
Share on FacebookShare on Twitter

Border News Agency
စစ်တွေ၊ မေ ၂၀။

အာရက္ခအဆုံးအဖြတ်စစ်ပွဲကြောင့် အာရက္ခဒေသက ရက်ကန်းလုပ်ငန်းတွေ ရပ်နားထားရတယ်လို့ ရက်ကန်းလုပ် ငန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်တဲ့နေ့ကစတင်ပြီး စစ်ကောင်စီတပ်က အာရက္ခဒေသတခုလုံးရှိ ကုန်းလမ်း၊ရေလမ်းအားလုံးကို တားဆီးကန့်သတ်ပိတ်ဆို့ထားသလို အာရက္ခဒေသသို့ ကုန်စည်စီးဆင်းမှုအားလုံးကိုလည်း တားမြစ်ပိတ်ဆို့ထားတာဖြစ်ပါတယ်။

အဲဒီလိုပိတ်ဆို့ဖြတ်တောက်မှုတွေကြောင့် ကုန်ကြမ်းချည်တွေဝယ်ယူမရတော့တာတွေ၊ရက်လုပ်ထားတဲ့ရက်က န်းထည်တွေကို တင်ပို့မရတာတွေ၊တို က်ပွဲကြောင့် လျှပ်စစ်မီးပြတ်တောက်နေတာတွေကြောင့် ရက်ကန်းလုပ်ငန်းတွေ ပုံမှန်မလည်ပတ်နိုင်တော့လို့ ရပ် နားထားရတယ်လို့ ရက်ကန်းလုပ်ငန်းလုပ်ကိုင်နေသူတွေက ဆိုကြပါတယ်။

“ရက်ကန်းလုပ်ငန်းတွေ ရပ်နားလိုက်တာ ခုဆိုတနှစ်ကျော်လောက်ရှိပြီ။တို က်ပွဲစဖြစ်ခါစတုန်းကဆို လျှပ်စစ်မီးရသေးတယ်။အဲဒီတုန်းက စက်ရက်ကန်းတွေအလုပ်လုပ်ရတော့ ပုံမှန်လည်ပတ်နိုင်ခဲ့သေးတယ်။နောက်ပိုင်း လျှပ်စစ်မီးဖြတ်တောက်ခံရတာနဲ့ ရက်ကန်းလုပ် ငန်းတွေအကုန်ရပ်နားထားလိုက်ရတာ ဒီနေ့ထိပါပဲ။” လို့ စစ်တွေမြို့နယ်မှရက် ကန်းလုပ်ငန်းရှင်အမျိုးသမီးတဦးက Border News Agency ကို ပြောပါတ ယ်။

အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ ၂၁ရက်နေ့မှာ အာရပုဏ္ဏားကျွန်းမြို့နယ်ကို ထိုးစစ်ဆင်တို က်ခိုက်ခဲ့ပြီး မတ်လ ၄ ရက်နေ့မှာအပြီး သတ်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီမြို့သိမ်းတိုက်ပွဲကာလတွေမှာ စစ်ကောင်စီတပ်က ရက်ကန်းလုပ်ငန်းတွေ လုပ်ကိုင်ကြတဲ့ စစ်တွေမြို့နယ်နဲ့ပုဏ္ဏားကျွန်းမြို့နယ်ကြားရှိ ကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာတွေ၊လေ ကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ပြု လုပ်ခဲ့တယ်လို့ ရက်ကန်းလုပ်ငန်းလုပ် ကိုင်သူတွေက ဆိုကြပါတယ်။

အဲဒီလိုပစ်ခတ်မှုတွေကြောင့် ရက်ကန်းလုပ်ငန်းလုပ်ကိုင်သူတွေ နေရပ်စွန့်ခွာထွက်ပြေးတိမ်းနေရတာမို့ ရက်ကန်းလုပ်ငန်းတွေကို ရပ်နားထားရတာဖြစ်တယ်လို့ ရက်ကန်းလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။

“ကျွန်မတို့က အထက်ထက်ကနေ ရက်ကန်းရက်လုပ်တဲ့ အတတ်ပညာနဲ့ပဲ အ သက်မွေးဝမ်းကျောင်းပြုလာခဲ့တာ။တိုက်ပွဲစဖြစ်တော့ အလုပ်တွေအကုန်ရပ်နားလိုက်ရတယ်။ရွာလုံးကျွတ်မီးရှို့ခံရတာတွေလည်းရှိတော့ ရက်ကန်းစင်တွေလည်းမရှိတော့မလား မသိဘူး။ဒီလိုနဲ့ပဲ ရခိုင်ရိုးရာရက်ကန်းလုပ်ငန်းတွေ ပျောက်ကွယ်သွားတော့မှာ ရင်လေးစရာပါ” လို့ စစ်တွေမြို့နယ်၊ဝါဘိုကျေး ရွာမှ ရက်ကန်းလုပ်ငန်းလုပ်ကိုင်ခဲ့သူ ဒေါ်ဦးသန်းစိန်က Border News Agency ကို ပြောပါတယ်။

အဲဒီရက်ကန်းလုပ်ငန်းတွေလုပ်ကိုင်ကြတဲ့လုပ်သားအင်အားမရှိတော့တာတွေ၊ပြည်မကလာတဲ့ချည်ကုန်ကြမ်းတွေ ဈေးမြင့်တက်နေတာတွေ၊ရက်ကန်းထ ည်ဝယ်ယူနည်းပါးနေတာတွေနဲ့တိုက်ပွဲကာလ ငွေကြေးအရင်းအနှီးအခက်အ ခဲတွေကြောင့် ရပ်နားထားရတယ်လို့ ရ က်ကန်းလုပ်ငန်းလုပ်ကိုင်ခဲ့ကြသူတွေက ဆိုကြပါတယ်။

အဲဒိီရက်ကန်းလုပ်ငန်းတွေကို စစ်တွေမြို့နယ်မှတောကန်၊ကျားမသောက်၊ရာတန်၊ဝါဘို၊သိန်းတန်၊ကံ့ကော်ကျွန်းစတဲ့ကျေးရွာတွေနဲ့ပုဏ္ဏားကျွန်းမြို့နယ်မှရဲရိုးပြင်၊ခမောင်းတောစတဲ့ ကျေးရွာတွေမှာအသက်မွေးဝမ်းကျောင်းလုပ်ငန်းအ ဖြစ် မျိုးရိုးစဥ်ဆက်လုပ်ကိုင်လာကြတာလို့ ရက်ကန်းလုပ်ငန်းလုပ်ကိုင်ခဲ့ကြသူတွေက ဆိုကြပါတယ်။

အဲဒီရက်ကန်းထည်တွေကို ပြည်တွင်းအပြင် တခြားဒေသတွေ၊ပြည်ပနိုင်ငံတွေထိ တင်ပို့ရောင်းချနိုင်ခဲ့ကြတယ်လို့လည်း ရက်ကန်းလုပ်ငန်းလုပ်ကိုင်ခဲ့ကြသူတွေက ဆိုကြပါတယ်။

အာရက္ခ​ဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ မေလ ၁၄ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရက်ကန်းလုပ်ငန်းလုပ်ကိုင်ကြတဲ့ ကျေးရွာတွေမှာ ရက် ကန်းစင်တွေပျက်စီးဆုံးရှုံးခဲ့ပြီးပြန် လည်ရပ်တည်ဖို့ ကြိုးစားနေချိန်မှာ တိုက်ပွဲကြောင့် ထပ်မံရပ်နားလိုက်ရတယ်လို့ ရက်ကန်းလုပ်ငန်းလုပ်ကိုင်ခဲ့ကြသူတွေက ဆိုကြပါတယ်။

အဲဒါကြောင့်ရက်ကန်းလုပ်ငန်းတွေပြန် လည် ထူထောင်နိုင်ဖို့မျှော်လင့်နေကြသလို ရိုးရာရက်ကန်းလုပ်ငန်းတွေပျောက်ကွယ်သွားတော့မှာကိိုလည်း စိုးရိမ်နေကြတယ်လို့ ရက်ကန်းလုပ်ငန်းလုပ်ကိုင်ခဲ့ကြသူတွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

PrevPreviousမြောက်ဦးမြို့နယ်က စစ်သုံ့ပန်းနဲ့စစ် သုံ့ပန်းမိသားစုဝင်တချို့ကို ထပ်မံလွတ်ပေး
Next“အေအေတပ်တော်မှာရှိတဲ့အကြီးအကဲကနေပြီး ဟိုးအောက်ရဲဘော်စစ်မယ်တွေထိ အားလုံးကိုကျေးဇူးတင်ပါတယ်။”Next
Previous Post

မြောက်ဦးမြို့နယ်က စစ်သုံ့ပန်းနဲ့စစ် သုံ့ပန်းမိသားစုဝင်တချို့ကို ထပ်မံလွတ်ပေး

Next Post

“အေအေတပ်တော်မှာရှိတဲ့အကြီးအကဲကနေပြီး ဟိုးအောက်ရဲဘော်စစ်မယ်တွေထိ အားလုံးကိုကျေးဇူးတင်ပါတယ်။”

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ကိုးကား-India Today

အိုင်ဇောမှာ ကူကီးစစ်ဦးစီးချုပ်နဲ့ ကျောင်းသားခေါင်းဆောင်နှစ်ဦးဖမ်းခံရ

September 26, 2026
​ဓာတ်ပုံ - One Nation News

ကျောက်တော်ဗုံးကြဲခံရမှုအတွင်း ထိခိုက်သူတွေကို ULA ထောက်ပံ့ (ဓာတ်ပုံသတင်း)

September 26, 2026
ဓာတ်ပုံ - BNA

ကျိန္တလီမှာ အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးဒဏ်ရာရ

September 26, 2026

မူးယစ်တရားခံပြေးဝီလျံထွန်းကို ဗီယက်နမ်ကမြန်မာဆီပြန်လွှဲပေး(ဓာတ်ပုံသတင်း)

September 26, 2026

မြန်မာ-ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေကြောင်းအတွက်တွေ့ဆုံ(ဓာတ်ပုံသတင်း)

အာရက္ခဒေသသို့ပို့မယ့်မြေဩဇာနဲ့ မူဆလင်ကုန်သည်နှစ်ဦးဖမ်းခံရ

တရုတ်စစ်ရေယာဉ်သုံးစင်းရန်ကုန်သို့ရောက်ရှိ (ဓာတ်ပုံသတင်း)

ပလက်ဝမှာ ခရိုင်ပါတီကော်မတီနဲ့ ခရစ်ယာန်အသင်းတော်တွေ တွေ့

ကောလင်းမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံး

ထိုင်းနိုင်ငံ ချောင်းဝတ္ထနမှာ မိုးသည်းထန်းစွာရွာပြီး ရေကြီးနေ

Releated Post

ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ-ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေကြောင်းအတွက်တွေ့ဆုံ(ဓာတ်ပုံသတင်း)

September 25, 2026
​ဓာတ်ပုံ-BCG

အာရက္ခဒေသသို့ပို့မယ့်မြေဩဇာနဲ့ မူဆလင်ကုန်သည်နှစ်ဦးဖမ်းခံရ

September 25, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

တရုတ်စစ်ရေယာဉ်သုံးစင်းရန်ကုန်သို့ရောက်ရှိ (ဓာတ်ပုံသတင်း)

September 25, 2026
​ဓာတ်ပုံ - Paletwa Times

ပလက်ဝမှာ ခရိုင်ပါတီကော်မတီနဲ့ ခရစ်ယာန်အသင်းတော်တွေ တွေ့

September 25, 2026
ဓာတ်ပုံ - ကောလင်းမြို့နယ် ပအဖ

ကောလင်းမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံး

September 25, 2026
​ဓာတ်ပုံ - Royal Thai Army

ထိုင်းနိုင်ငံ ချောင်းဝတ္ထနမှာ မိုးသည်းထန်းစွာရွာပြီး ရေကြီးနေ

September 25, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page