Border News Agencyသံတွဲ၊ဇူလိုင် ၂၃။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့နယ်၊ငပလီမြို့ကို ဇူလိုင်လ ၂၃ ရက်၊ဒီနေ့နေ့လည်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ဆရာ တော်တပါး၊ကလေးတဦးအပါအဝင်ငါးဦးဒဏ်ရာရသွားပါတယ်။ အဲဒီသံတွဲမြို့၊ဂျိတ္တော ၅ရပ်ကွက်မှသ က်တော်ငါးဆယ်အရွယ်အသျှင်ခေမာနန္ဒ၊အသက်တနှစ်အရွယ်မောင်လင်းထ က်ပိုင်၊အသက်ငါးဆယ်သုံးနှစ်အရွယ်ဒေါ်ညိုထွီး၊အသက်ငါးဆယ်သုံးနှစ်အ ရွယ်ဦးဝင်းအောင်၊အောင်ကိုလင်းဒဏ် ရာရသွားပါတယ်။ အဲဒီသံတွဲမြို့နယ်၊ငပလီမြို့ကို ဇူလိုင် လ ၂၃...
Read moreBorder News Agencyသံတွဲ၊ဇူလိုင် ၂၃။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့နယ်ကို ဇူလိုင်လ ၂၃ ရက်၊ဒီနေ့၊နေ့လည် ၁ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်တိုက်လေယာဥ်တွေလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီသံတွဲမြို့နယ်၊ငပလီမြို့ရှိ ကမ်းခြေအနီးကရပ်ကွက်တွေကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရပျက်စီးမှုအသေးစိတ်ကို မသိရသေး ပါဘူး။ အဲဒီသံတွဲမြို့နယ်ကို ပစ်မှတ်ထားပြီးအာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်တာတွေ မကြာခဏလုပ်နေပါတယ်။
Read moreBorder News Agencyသံတွဲ၊ဇူလိုင် ၁၉ ။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့ကို ဇူလိုင်လ ၁၉ရက်နေ့၊ည နေ ၄ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့လေးဦးဒဏ်ရာရသွားပါတယ်။ အဲဒီသံတွဲမြို့၊အမှတ် ၃ ရပ်ကွက်မှအသက်နှစ်ဆယ်ရှစ်နှစ်အရွယ်ထက်ထက်မြတ်၊အသက်သုံးဆယ်တနှစ်အရွယ်သ က်ဝေအောင်၊အသက်သုံးဆယ်သုံးနှစ်အရွယ်ဆောင်းသခင်၊အသက်လေးဆ ယ်ခုနှစ်အရွယ်ထွန်းနိုင်ဝင်းဒဏ်ရာရသွားပါတယ်။ အဲဒီသံတွဲမြို့၊အမှတ် ၃ ရပ်ကွက်၊ဦးဥတ္တမလမ်းနဲ့သစ္စာလမ်းထောင့်၊ဗိုလ်...
Read moreBorder News Agencyဂွ၊ဇူလိုင် ၁၇။ ဂွမြို့နယ်ကို ဇူလိုင်လ ၁၇ ရက်၊ဒီနေ့ည ၄ နာရီကျော်အချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ ဂွမြို့နယ်၊ရွှေရချိုင်ရွာနောက်ဘက် ကမ်းခြေအုန်းခြံထဲကို တိုက်လေယာဥ်နှစ်စီးနဲ့ လေကြောင်းမှ ဗုံးသုံးလုံးတိုက်ခိုက်ခဲ့တာပါ။ အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် ရွှေရချိုင်ရွာ...
Read moreBorder News Agencyဂွ၊ဇူလိုင် ၁၄။ ရေကြီးရေလျှံမှုတွေနဲ့ရင်ဆိုင်နေရတဲ့ ဂွမြို့နယ်ကို ဇူလိုင်လ ၁၃ ရက်၊ညနေမှာ အာဏာသိမ်းစစ်တပ်က ဗုံးအလုံးငါးဆယ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဂွမြို့နယ်၊ကွင်းလျားရှည်ရွာ၊ရဟိုင်းကွင်းရွာနဲ့ကျောင်းကုန်းရွာကို ည ၁၀ နာရီကျော်အချိန်မှာ အာဏာသိမ်းစစ်တပ်ကရွယ်ရည်ချက်ရှ်ိရှိလေကြောင်းတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းကုန်းရွာရှိနေအိမ်တလုံးပျက်စီးခဲ့ပြီး လူထိခိုက်မှုအခြေအနေကို စုံစမ်းနေပါတယ်။...
Read moreBorder News Agencyဂွ၊ဇူလိုင် ၁၃။ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၂ ရက်နေ့ကစပြီး ဂွမြို့နယ်၊ ဒေါင်းချောင်း၊ပေါက်တူး၊ ရဟိုင်ဖျား၊ ရွာသစ်ကုန်း၊ ကုလားပြင်၊ ကိုင်းခုံနဲ့ ရေကျော် စတဲ့ ကျေးရွာတချို့မှာ ချောင်းရေတွေဝင်ရောက်ကာ ရေကြီးရေလျှံနေပါတယ်။...
Read moreBorder News Agencyဂွ၊ဇူလိုင် ၁၀။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ဂွမြို့နယ်ကို ဇူလိုင်လဆယ်ရက်၊ဒီနေ့မနက်ဆယ်နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့သုံးဦးသေဆုံးသွားပါတယ်။ အဲဒီဂွမြို့နယ်၊ဓနိအုပ်စု၊ကုလားချောင်းရွာကအသက်သုံးနှစ်အရွယ်ဖိုးသားလေး၊အသက်ငါးဆယ်သုံးနှစ်အရွယ်ဦးညွန့်မောင်၊အသက်ငါးဆယ်ခုနှစ်အရွယ်ဒေါ်မမလေးသေဆုံးသွားပါတယ်။ အဲဒီအပြင်နောက်ထပ်နှစ်ဦးလည်းဒဏ်ရာပြင်းထန်းစွာရသွားခဲ့သလို ဒေသခံစိုးရိမ်နေကြပါတယ်။ အဲဒီဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်ကပစ်မှတ်ထားတိုက်ခိုက်တာတွေမကြာခဏပြုလုပ်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေအပြင် ရေတပ်စစ်သင်္ဘောတွေကလည်း လက်နက်ကြီးတွေပစ်ခတ်နေပါတယ်။ အဲဒီဂွမြို့နယ်ကို ဇူလိုင်လခုနှစ်ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်ရေတပ်စစ်သင်္ဘောကြီးတွေက လက်နက်ကြီးတွေပစ်ခတ်လို့အရပ်သားခြောက်ဦးဒဏ်ရာရသွားပါတယ်။
Read moreBorder News Agencyကျိန္တလီ၊ဇူလိုင် ၈။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ဂွမြို့နယ်၊ကျိန္တလီကို အာဏာသိမ်းရေတပ်ကလက်နက်ကြီးပစ်ခတ်လို့ခြောက်ဦးဒဏ်ရာရသွားပါတယ်။ အဲဒီကျိန္တလီမြို့၊အမှတ် ၃ ရပ်ကွက်မှ အသက်ငါးနှစ်အရွယ်မရတနာထွန်း၊အသက်ဆယ့်ခုနှစ်နှစ်အရွယ် မသင်းသီရိထွန်း၊အသက်လေးဆယ့်ငါးနှစ်အရွယ် ဒေါ်မထား၊အသက်ခုနှစ်ဆယ်လေးနှစ်အရွယ်ဒေါ်သန်းမေ၊အသက်ငါးဆယ်အရွယ်ဒေါ်မိဝိုင်းနဲ့အသက်လေးဆယ်ရှစ်နှစ်အရွယ်ဦးညိုထွန်းဒဏ်ရာရသွားတာပါ။ အဲဒီကျိန္တလီမြို့၊အမှတ်၃ရပ်ကွက်ကို ဇူလိုင်လရှစ်ရက်နေ့၊မနက်ကိုးနာရီကျော်အချိန်ခန့်က စစ်တပ်စစ်သင်္ဘောမှလက်နက်ကြီးကျည်နှစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီလိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမှတ်သုံးရပ်ကွက်ရှိ ဒေါ်မထားရဲ့ နေအိမ်မှာတလုံး၊ဦးပိုင်စိုးအောင်ရဲ့နေအိမ်နောက်သစ်ပင်နားကိုတလုံး...
Read moreBorder News Agencyသံတွဲ၊ ဇူလိုင် ၆။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်မှာ ဇူလိုင်လ ၅ ရက်နေ့က လေပြင်းတိုက်ခတ်လို့ လူနေအိမ်လေးဆယ်ငါးဆောင်ခန့်ပျက်စီးသွားပါတယ်။ အဲဒီသံတွဲမြို့နယ်၊ ပိန်းတောကြီးရွာမှာ ဇူလိုင်လငါးရက်နေ့ ညနေခြောက်နာရီကျော်အချိန်ခန့်က လေပြင်းတိုက်ခိုက်ခဲ့တာပါ။ အဲဒီလေပြင်းတိုက်ခတ်မှုကြောင့် ပိန်းတောကြီးရွာမှ နေအိမ်လေးဆယ်ငါးဆောင်ပျက်စီးသွားသလို...
Read moreBorder News Agencyကျိန္တလီ၊ ဇွန် ၃၀။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျိန္တလီမြို့နဲ့ရေကျော်ရွာကို ဇွန်လ ၂၆ရက်နေ့က လေကြောင်းတိုက်ခိုက်ခံမှုမှာ ဒဏ်ရာရသူထဲက ကလေးငယ်တဦးသေဆုံးသွားခဲ့ပါတယ်။ အဲဒီသေဆုံးသွားသူဟာဂွမြို့နယ်၊ ရေကျော်ရွာမှ အသက်ဆယ်နှစ်အရွယ် မောင်ထက်မြတ်သူဖြစ်ပါတယ်။ အဲဒီရေကျော်ရွာဘုန်းကြီးကျောင်းကို ဇွန်လ ၂၆ ရက်၊...
Read moreHey! Don't Copy my content.