Border News Agencyမအီ၊ ဇူလိုင် ၁၅။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်၊မအီမြို့ကိုဇူလိုင်လ ၁၉ ရက်၊ဒီနေ့ မနက်၁၁ နာရီခွဲအချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားငါးဦး သေဆုံးပြီး ဆယ့်နှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီမအီမြို့ရှိ အမှတ် ၂ နဲ့ အမှတ်...
Read moreBorder News Agencyတောင်ကုတ်၊ဇွန် ၁၁။ တောင်ကုတ်ခရိုင်ထဲက ရွာ ၁၂ ရွာမှာရှိတဲ့ စစ်ရှောင်တွေနဲ့ ဒေသခံပြည်သူတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဇွန်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ကွင်းဆင်းပြီး အခမဲ့ ဆေးကုသပေးခဲ့ပါတယ်။ အဲဒီ...
Read moreBorder News Agencyတောင်ကုတ်၊ မေ ၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူတွေကို စစ်မှုထမ်းဖို့ အာရက္ခတပ်တော်က ဆက်ခေါ်နေတယ်လို့ အာရက္ခပြည်သူတွေအတည်ပြုပြောကြပါတယ်။ အဲဒီလို စစ်မှုထမ်းခေါ်ယူနေတာဟာ အသက်တဆယ့်ရှစ်နှစ်မှ အသက်လေးဆယ်ထိအမျိုးသားတွေကိုခေါ်ယူနေတာဖြစ်ပြီးကလေးမိခင်တွေအပါအဝင်အိမ်ထောင်သည်အမျိုးသမီးတချို့လည်းစစ်မှုထမ်းနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အဲဒီလိုစစ်မှုထမ်းခေါ်ယူနေတာတွေကို အာရက္ခပြည်သူတွေ လက်မခံမကြည်ဖြူကြတော့ပြီမို့...
Read moreBorder News Agencyမာန်အောင်၊ဧပြီ ၂၅။ မာန်အောင်သို့ မြန်မာအမျိုးသားလေကြောင်းက ဧပြီလ ၂၄ ရက်နေ့ကစပြီး လေကြောင်းခရီးစဉ်တွေပြေးဆွဲပေးနေပြီလို့ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ပါတယ်။ အဲဒီခရီးစဉ်မှာတဆယ့်ကိုးဦးစီးနင်းနိုင်တဲ့ L-410 လေယာဉ်ငယ်တွေကို အသုံးပြုပြီး ရန်ကုန်မှတိုက်ရိုက်ပျံသန်းပေးနေတာပါ။ အဲဒီမာန်အောင်ကျွန်းမြို့ဟာ သွားလာရေးအတွက် လေကြောင်းလိုင်းကိုသာ...
Read moreBorder News Agencyမာန်အောင်၊ဧပြီ ၂၃။ အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့ မာန်အောင်ကျွန်းကို လေယာဥ်ပြေးဆွဲပြီး စစ်သည်လက်နက်ခဲယမ်းတွေ အင်အားဖြည့်တင်းထားမယ်လို့စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။ အဲဒီမာန်အောင်ကျွန်းကို ရန်ကုန်-ကျောက်ဖြူလေကြောင်းလိုင်းမှာ ထည့်သွင်းပြေးဆွဲသွားမှာပါ။ အဲဒီလိုပြေးဆွဲဖို့အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကအမိန့်ပေးစေခိုင်းတာဖြစ်ပြီး မြန်မာအမျိုးသားလေကြောင်းက လာမယ့်ဧပြီလ ၂၄ ရက်နေ့စတင်ပြေးဆွဲမှာဖြစ်ပါတယ်။ အဲဒီရန်ကုန်-ကျောက်ဖြူ-မာန်အောင်လေကြောင်းလိုင်းကို တပတ်မှာသုံးရက်ပြေးဆွဲမှာဖြစ်ပြီး...
Read moreBorder News Agencyတောင်ကုတ်၊ ဧပြီ ၇ ။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမှာ ဒေသခံတဦးရဲ့ နေအိမ်မှကျပ်သိန်းနှစ်ရာခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေကို ခိုးသူအမျိုးသမီးတဦးကို ခိုးရာပါပစ္စည်းတွေနဲ့အတူ ဖမ်းခဲ့ပါတယ်။ အဲဒီတောင်ကုတ်မြို့မ ပြည်သူ့လုံခြုံ ရေးဌာနက ပြီးခဲ့တဲ့မတ်လ ၂၅ ရက်နေ့က...
Read moreBorder News Agencyတောင်ကုတ်၊ မတ် ၂၅။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တောင်ကုတ်မြို့နယ်မှာ မတ်လ ၂၄ ရက်၊ မနက်ပိုင်းက မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးခြေတဖက်ပြတ်ထွက်သွားတယ်လို့ သိရပါတယ်။ အဲဒီ တောင်ကုတ်မြို့နယ်၊ ဆိပ်ကမ်းသစ်ရွာမှ အသက်ငါးဆယ်သုံးနှစ်အရွယ် ဦးဆန်းဝင်းခြေထောက်တဖက်ပြတ်ထွက်သွားခဲ့တာပါ။ အဲဒီ ဦးဆန်းဝင်းဟာ မတ်လ...
Read moreBorder News Agencyတောင်ကုတ်၊ မတ် ၆ ။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်မှာ မတ်လ ၅ ရက်၊ ညနေပိုင်းက နေရာနှစ်ခုမှာမီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နဲ့ဆိုင်ခန်းတချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်ရှိ "အာရက္ခ"ဆီဆိုင်မှာ ဆီဖြည့်ရာကနေ...
Read moreBorder News Agency စစ်တွေ၊ဖေဖော်ဝါရီ ၂၇။ စစ်တွေခရိုင်အတွင်းက ကျေးရွာ ၁၄ ရွာမှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း ၄၆၅ ဦးကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန (APH) ရဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ဆေးကုသပေးခဲ့ပါတယ်။ အဲဒီလိုကွင်းဆင်းကုသပေးရာမှာ စစ်တွေနဲ့ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ရှောင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ အဲဒီ လူနာတွေထဲမှာ အရေပြားရောဂါ၊ သွေးတိုး၊ ဆီးချိုနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာခံစားနေရသူ အများအပြားပါဝင်နေပြီး လိုအပ်တဲ့ဆေးဝါးကုသမှုတွေပေးခဲ့ပါတယ်။ အခုလိုဝေးလံတဲ့ကျေးရွာတွေအထိ လာရောက်ကုသပေးတာကြောင့် ဒေသခံတွေကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အထူးကျေးဇူးတင်နေကြပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ပလက်ဝ၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲနဲ့ မောင်တောခရိုင်တွေမှာလည်း စစ်ရှောင်ပြည်သူတွေကို ဦးစားပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ဆိုပါတယ်။
Read moreအာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲနဲ့တောင်ကုတ်ခရိုင်မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကကျင်းပတဲ့ ၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။ အဲဒီပွဲအတွင်းမှာ ချင်းရိုးရာအကတွေအပြင်ရက္ခိုင်ရိုးရာအကတွေနဲ့ပါစည်ကားသိုက်မြိုက်စွာ ဖျော်ဖြေခဲ့ကြတာပါ။ ULA/AA ဘက်က တာဝန်ရှိသူတွေက ချင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ အမျိုးသားအခွင့်အရေးတွေကို အသိအမှတ်ပြုကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့သလို အခမ်းအနားအတွက် ငွေကြေးထောက်ပံ့မှုတွေပါ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအပြင် အနာဂတ်အာရက္ခတိုင်းပြည် တည်ဆောက်ရေးအတွက် ညီနောင်လူမျိုးစုတွေအကြား ပိုမိုလက်တွဲဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ အဲဒီ ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဘောလုံးပွဲ၊ လွန်ဆွဲပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကိုပါ ထည့်သွင်းကျင်းပခဲ့ပြီး ချင်းရိုးရာခေါင်ရည်၊အစားအစာတွေနဲ့လည်း ဧည့်ခံကျွေးမွေးခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ ချင်းအမျိုးသားနေ့ကို သံတွဲ၊ တောင်ကုတ်တင်မကဘဲ အာရက္ခတပြည်လုံးမှာရှိတဲ့ မြို့နယ်အသီးသီးမှာ အကြီးကျယ် ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
Read moreHey! Don't Copy my content.