Border News Agency
စစ်ကိုင်း၊ ဇန်နဝါရီ ၃၀။
စစ်ကိုင်းဒေသ၊ စစ်ကိုင်းမြို့မှာ ဒုရဲအုပ်နဲ့ပျူတဦးကို တော်လှန်တပ်တွေ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ ဇန်နဝါရီလ ၂၉ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေဆီကငွေကြေးတောင်းခံပြီး စက်သုံးဆီပုံးတွေယူနေတဲ့ချိန်မှာ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တွေကပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
အဲဒီပြည်သူတွေရဲ့ စက်သုံးဆီသယ်ယာဉ်တွေကို လိုက်လံဖမ်းဆီးနေသလို အတင်းအဓမ္မငွေကြေးတောင်းခံ၊ စက်သုံးဆီပုံးတွေချယူနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးကို ပြီးခဲ့တဲ့စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ကိုင်းမြို့အထွက်တနေရာမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် တပွင့်ဗိုလ်အဆင့်ရှိရဲတဦးနဲ့ စစ်ကော်မရှင်လက်အောက်ခံ ပြည်သူ့စစ်တဦးဟာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းနဲ့ အင်တာနက်အခက်အခဲကြောင့် နောက်ကျမှထုတ်ပြန်နိုင်တာဖြစ်တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က အသိပေးထားပါတယ်။














