Border News Agency
မလေးရှား၊ ဇန်နဝါရီ ၃၀။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရဲ့ လူစည်ကားရာကပုန်းနယ်မြေအတွင်းက Taman Wangsa Permai နဲ့ Desa Aman Puri (အမန်ပူရီ) တဝိုက်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့ကလူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေက အော်ပရာစီဝင်ရောက်စီးနင်းခဲ့ပါတယ်။
အဲဒီစစ်ဆေးမှုဟာ အထောက်အထားမဲ့နေထိုင်သူတွေကိုအဓိကထားပြီး ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အဲဒီစီးနင်းမှုအတွင်းမှာ အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားစုစုပေါင်း တရာ့လေးဆယ့်ခြောက်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။
အဲဒီအဖမ်းခံရသူတွေထဲမှာ မြန်မာနိုင်ငံသားခြောက်ဆယ့်လေးဦးအထိပါဝင်နေပြီး အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ ထိုင်းနဲ့ သီရိလင်္ကာ နိုင်ငံသားတွေ ဖြစ်ကြပါတယ်။
အဲဒီဖမ်းဆီးခံရသူအားလုံးကို သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေကို ပို့ဆောင်ထားပြီး မလေးရှားနိုင်ငံရဲ့ဥပဒေတွေအရ ဆက်လက်အရေးယူဖို့ ပြင်ဆင်နေပါတယ်။
အဲဒီလို အစုလိုက်အပြုံလိုက်ဖမ်းဆီးခံရတာကြောင့် မလေးရှားရောက်ရွှေမြန်မာတွေကြားမှာလည်း စိုးရိမ်ပူပန်မှုတွေမြင့်တက်နေတာ ဖြစ်ပါတယ်။














