မြောက်ဦးမြို့နယ်

မြောက်ဦးမြို့နယ် သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မြောက်ဦးမြို့ ဖြစ်သည်။

​စစ်မှုထမ်းဖို့ရောက်လာတဲ့ အသက်မပြည့်သေးသူကို မိသားစုဆီပြန်အပ်

​Border News Agencyမြောက်ဦး၊ ဩဂုတ် ၂၁။ ​အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဆီ စစ်မှုထမ်းဖို့ရောက်လာတဲ့ အသက်မပြည့်သေးသူလူငယ်တဦးကို ဩဂုတ်လ ၁၉ ရက်နေ့က မိသားစုတွေကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ ​အဲဒီလူငယ်ဟာ မြောက်ဦးမြို့၊ပြင်ဈေးရပ်ကွက်က အသက်ဆယ့်ခြောက်နှစ်အရွယ် မောင်နေအောင်လင်း ဖြစ်ပြီး ဩဂုတ်လ ၁၄...

Read more

မြောက်ဦးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ကြံသူကိုဖမ်း

​Border News Agencyမြောက်ဦး၊ ဩဂုတ် ၂၀။ ​မြောက်ဦးမြို့နယ်၊ပေါက်ပင်ကွင်းကျေးရွာမှာ ကိုယ်ဝန်ကိုးလရှိတဲ့အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ဖို့ကြံပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ အသက်သုံးဆယ်ခြောက်နှစ်အရွယ်ကိုဇော်မြင့်ထွန်းကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနကဖမ်းထားပါတယ်။ ​အဲဒီဖြစ်စဉ်ဟာ ဩဂုတ်လ ၁၇ ရက်၊ညပိုင်းကဖြစ်ခဲ့တာဖြစ်ပြီး ကျူးလွန်သူဟာ မိတ်ဆွေဖြစ်သူရဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဝမ်းဗိုက်ပေါ်တက်ဖိကာ...

Read more

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင်ရာစော်ကားမှု – နိဂုံး

Border News Agencyမြောက်ဦး၊သြဂုတ် ၁၈။ ကုလသမဂ္ဂထုတ်ပြန်ချက်တွေအရ ၂၀၀၀ ပြည့်နှစ်မှာ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ထွက်လာပြီးနောက်မှာ လက်နက်ကိုင်ပဋိပက္ခ ဒါမှမဟုတ် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တွေ ထပ်ထွက်လာတာဆယ်ခုရှိနေပါပြီ။ အဲဒီဆုံးဖြတ်ချက်တွေက… ၁- ဆုံးဖြတ်ချက်အမှတ် ၁၃၂၅။...

Read more

လူထုကို ဖိနှိပ်ထားချင်တဲ့ တိဂရေးနစ်တွေ

​Border News Agencyမြောက်ဦး၊ ဩဂုတ် ၁၆။ ​လူမှုရေး၊နိုင်ငံရေးနယ်ပယ်မှာ Tone Policing ဆိုတဲ့ သဘောသဘာဝတခု ရှိပါတယ်။ ပြဿနာတခု၊မညီမျှမှုတခု၊လိုအပ်ချက်တခုကို မသိကျိုးကျွံပြုထားချင်တဲ့အခါ အဲဒီပြဿနာ၊မညီမျှမှု၊လိုအပ်ချက်ကိုထောက်ပြသူ ဒါမှမဟုတ် ထောက်ပြတဲ့အသံကို တလွဲကောက်ချက်(Logical Fallacy)ပြီး ပြန်ထိုးနှက်တိုက်ခိုက်တဲ့သဘောပါ။ ​တချို့ကလည်း...

Read more

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင် ရာစော်ကားမှု – ၅

​Border News Agencyမြောက်ဦး၊ဩဂုတ် ၁၅။ ​၂၀၁၉ ခုနှစ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၄၉၃ ထပ်ထွက်လာပါတယ်။ ၂၀၁၉ ခုနှစ်ဟာ ပူတင်၊ရှီကျင့်ဖျင်၊မိုဒီနဲ့ထရမ့်တို့ လက်ထက်ပါပဲ။ အဲဒီဆုံးဖြတ်ချက် ၂၄၉၃ ကို အမေရိကန်၊ရုရှားနဲ့တရုတ်စတဲ့ ဗီတိုနိုင်ငံတွေမကန့်ကွက်ခဲ့ပါဘူး။ အဲဒီအပြင် ၂၄၉၃...

Read more

ဦးနှောက်သော့ခတ်ခံထားရတဲ့ အုပ်ချုပ်ရေးနဲ့ တော်လှန်ရေး

Border News Agencyမြောက်ဦး၊ သြဂုတ် ၁၄။ ဘယ်နိုင်ငံရေးဖြစ်စဉ်မှာမဆို အမှန်တရားနဲ့တရားမျှတမှုဟာ အခြေခံကျင့်ဝတ်အနေနဲ့ရှိရပါတယ်။ အမှန်တရားနဲ့ တရားမျှတမှု ကင်းကွာလာရင် အဲဒီနိုင်ငံရေးဖြစ်စဉ်၊အာဏာဖြစ်စဉ်ဟာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်နဲ့ဝန်ထုတ်ဝန်ပိုးဖြစ်တတ်ပါတယ်။ ဒီနေရာမှာ ကျင့်ဝတ်ပိုင်းအရ လုံးဝမချိုးဖောက်သင့်တဲ့အရာ (Non-derogable Rights) ဆိုတာ...

Read more

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင်ရာစော်ကားမှု – ၄

​Border News Agencyမြောက်ဦး၊ ဩဂုတ် ၁၂။ ​လက်နက်ကိုင်တပ်ဖွဲ့ထဲမှာဖြစ်ဖြစ်၊လက်နက်ကိုင်ပဋိပက္ခထဲမှာဖြစ်ဖြစ်၊လက်နက်ကိုင်တပ်ဖွဲ့ဝင်က အရပ်သားအပေါ်မှာပဲဖြစ်ဖြစ် လိင်ပိုင်းဆိုင်ရာစော်ကားမှု၊အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ကမ္ဘာပေါ်မှာ ကြေကွဲစိတ်ထိခိုက်စရာတွေအများကြီးပေါ်ပေါက်ခဲ့သလို လက်နက်ကိုင်ပဋိပက္ခရှိနေတဲ့နေရာတွေမှာ ခါးစည်းခံနေရမှုတွေလည်းရှိနေဆဲပါ။ ​ကမ္ဘာ့အမြင်အပြောင်းအလဲ ​အဲဒီပဋိပက္ခတွေဟာ ဒီကမ္ဘာကြီးမှာ ရှိခဲ့၊ဖြစ်ခဲ့၊ရှိနေ၊ဖြစ်နေဆဲ ဖြစ်ပါတယ်။ ​ဒါပေမယ့် ကမ္ဘာကြီးရဲ့အမြင်က ဒီအပေါ်မှာ...

Read more

အာရက္ခမြေယာစီမံအုပ်ချုပ်မှုစနစ် အကျိုးဆက်များကိုဆန်းစစ်ခြင်း

Border News Agencyမြောက်ဦး၊ သြဂုတ် ၁၁။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဆရာကျော်ဇံ၏အင်တာဗျူးကို အာရက္ခမင်းသမီးမီဒီယာတွင်ဖော်ပြခဲ့သည်။ ထိုအင်တာဗျူးတွင် မြေယာအငြင်းပွားမှုများကို စနစ်တကျဖြေရှင်းရန်၊မြေယာအရောင်းအဝယ်များကို သတ်မှတ်ထားသည့်လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရန်၊ပြည်သူများ၏မြေယာအခွင့်အရေးများကို ကာကွယ်ရန်လိုအပ်ကြောင်း အလေးထားရှင်းပြထားသည်။ ထိုရည်ရွယ်ချက်များသည် အခြေခံအားဖြင့်သင့်လျော်သော်လည်း အင်တာဗျူးတွင်ပြောထားသည့် "တရားဝင်မြေယာစာရွက်စာတမ်း"၊"အရပ်စာချုပ်"နှင့်"လျော်ကြေးရပိုင်ခွင့်"ဆိုင်ရာ အယူအဆများကို...

Read more

မြောက်ဦးရှိ ရှေးဟောင်းလက်ဆည်ကန်နဲ့ အနူမကန်ကို တားမြစ်နယ်မြေသတ်မှတ်

Border News Agencyမြောက်ဦး၊ သြဂုတ် ၁၁။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့၊ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ လက်ဆည်ကန်နဲ့ အနူမကန်ဧရိယာကို ဝင်ထွက်သွားလာတာတွေမလုပ်ကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတားမြစ်လိုက်ပါတယ်။​အဲဒီနေရာတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းငါးရာကျော်က နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအသုံးပြုတည်ခဲ့တဲ့ ရင်တားပါတံတိုင်းဖြစ်ပြီး နှစ်ကြာလာပြီးမို့ဟောင်းနွမ်းနေပြီဖြစ်ပါတယ်။ အဲဒါကြောင့် လူ၊ကျွဲ၊နွား၊တိရိစ္ဆာန်တွေတံတိုင်းထက်သို့ လုံးဝမတက်ရသလို ကန်ထဲသို့ ကျွဲ၊နွား၊တိရိစ္ဆာန်တွေကို...

Read more

အာရက္ခအမျိုးသားတက္ကသိုလ်မှာ ဂုဏ်ထူးတန်းသင်တန်းသား လျှောက်လွှာခေါ်

Border News Agencyမြောက်ဦး၊ သြဂုတ် ၁၁။ ​အာရက္ခအမျိုးသားပညာရေးဌာန၊ အဆင့်မြင့်ပညာရုံးအောက်ရှိ အာရက္ခအမျိုးသားတက္ကသိုလ်မှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် B.A(Hons)/B.Sc(Hons) ဘွဲ့တွေအတွက် ပထမနှစ် (ဂုဏ်ထူးတန်း)သင်တန်းသားလျှောက်လွှာခေါ်နေပါတယ်။ ​အဲဒီသင်တန်းဟာ သုံးနှစ်ကြာ အချိန်ပြည့်တက်ရမှာဖြစ်ပြီး ဝိဇ္ဇာနဲ့သိပ္ပံအထူးပြုဘာသာရပ်အမျိုးအစားတွေသင်ပေးသွားမှာပါ။ တက္ကသိုလ်တခုခုမှာ သက်ဆိုင်ရာအထူးပြုဘာသာရပ်နဲ့...

Read more
Page 1 of 29 1 2 29

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here