Border News Agency
ထိုင်း၊ဇူလိုင် ၃၁။
ထိုင်းနိုင်ငံ၊ ရယောင်းမြို့နယ်မှာ ဇူလိုင်လ ၂၇ ရက်၊ည ၇နာရီခွဲအချိန်က မြန်မာအမျိုးသမီးတဦးကားတိုက်ခံရလို့ သေဆုံးသွားခဲ့ပါတယ်။
စက်ရုံအလုပ်လုပ်နေတဲ့ အသက်နှစ်ဆယ့်ခုနစ်နှစ်အရွယ် မြန်မာအမျိုးသမီးမသီတာဝင်းဟာ ဈေးကအပြန်ဆိုင်ကယ်မောင်းလာစဉ် တဆယ့်ရှစ်ဘီးကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တာပါ။
အတူစီးလာတဲ့ ညီအစ်မအရင်းဖြစ်သူမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး သေဆုံးသူရဲ့ရုပ်အလောင်းကိုတော့ ဖလွတ်ဒဲင်ဆေးရုံမှာစစ်ဆေးပြီးနောက် ဝပ်ကွေ့ပါဘုန်းကြီးကျောင်းမှာထားထားပါတယ်။
သေဆုံးသူမသီတာဝင်းဟာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းရွာဇာတိဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့်ကတ်ပြားကိုင်ဆောင်ထားသူတဦးဖြစ်ပါတယ်။
မိသားစုဝင်တွေဘက်က သေမှုသေခင်းနဲ့ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်ရမယ့် ဥပဒေရေးရာတွေကိုနားမလည်တာကြောင့် အကူအညီတောင်းခံလာလို့ ဇူလိုင်လ ၃၀ ရက်မှာ အမှုကိုလက်ခံဆောင်ရွက်ပေးနေတယ်လို့ အလုပ်သမားမဟာမိတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။












