Border News Agency
မြိတ်၊ သြဂုတ် ၅။
တနင်္သာရီတိုင်း၊ မြိတ်-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါရှိ တမုတ်ချုံကျေးရွာအနီးမှာ သြဂုတ်လ ၄ ရက်နေ့က ရေတိုက်စားမှုကြောင့် တံတားတစင်း ကျိုးကျပျက်စီးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီလမ်းပိုင်းရှိတံတားမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် လမ်းမကြီးပေါ်မှတံတားတစိတ်တပိုင်း ပြိုကျပျက်စီးသွားခဲ့တာဖြစ်ပါတယ်။
အဲဒီတံတားပျက်စီးသွားတာကြောင့် ကားကြီးတွေဖြတ်သန်းသွားလာဖို့ခက်ခဲသွားပြီး ကားငယ်တွေနဲ့ ဆိုင်ကယ်တွေသာသွားလာနိုင်သေးတယ်လို့ ဆိုပါတယ်။
လမ်းပိုင်းပျက်စီးနေတာကြောင့် ခရီးသွားပြည်သူတွေနဲ့ ကုန်စည်ပို့ဆောင်ရေး ယာဉ်တွေသွားလာရေးသတိပြုကြဖို့ ဒေသခံတွေက အသိပေးထားပါတယ်။









