Border News Agency
စစ်တကောင်း၊ စက်တင်ဘာ ၇။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) အမှတ် ၄၁ ကာပတိုင်တပ်ရင်းဟာ စစ်တကောင်းတောင်တန်းနယ်၊ရန္ကာမတီခရိုင်၊ ကာပတိုင်မြို့နယ်ရှိ တရားမဝင်အရက်ချက်ရုံကို စက်တင်ဘာလ ၆ ရက်နေ့ဝင်ဖမ်းခဲ့ပါတယ်။
အဲဒီအရက်ချက်အိုးတွေ၊ စိမ်ရည်အိုးတွေ၊ ရေတိုင်ကီတွေနဲ့ အရက်ပုလင်းတွေပါဝင်တဲ့ တာကာ ၅.၉၁ သိန်းတန်ဖိုးရှိ အရက်ထုတ်လုပ်ပစ္စည်းတွေကို သိမ်းခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် ရိုးရာအရက်တွေကိုလည်း သိမ်းဆည်းဖျက်ဆီးခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စစ်တကောင်းတောင်တန်းဒေသရှိ တောင်ပေါ်တိုင်းရင်းသားတွေရဲ့ ရိုးရာအရက်ချက်လုပ်ခွင့်နဲ့ပတ်သက်ပြီး သီးသန့်အသိအမှတ်ပြုထားမှုတွေရှိပေမယ့် တရားမဝင်ထုတ်လုပ်ရောင်းချလို့အရေးယူတာလို့ဆိုပါတယ်။
အဲဒီနယ်စပ်တောင်ပေါ်ဒေသတွေမှာ တရားမဝင်အရက်ထုတ်လုပ်မှုနဲ့ မှောင်ခိုကုန်ကူးမှုတွေကိုစစ်ဆေးသွားမယ်လို့ဆိုပါတယ်။













