Border News Agency
ဗြိတိန်၊စက်တင်ဘာ ၁၃။
ဗြိတိန်နိုင်ငံ၊လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရေးအတွက် စက်တင်ဘာလ ၁၂ ရက်နေ့က ယူကေရောက်မြန်မာတွေ စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အဲဒီဆန္ဒပြပွဲမှာ နိုင်ငံတကာအစိုးရတွေအနေနဲ့ ဦးကျော်မိုးထွန်းရဲ့ မြန်မာနိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက်ထောက်ခံပေးကြဖို့ တိုက်တွန်း တောင်းဆိုခဲ့ကြတာပါ။
အဲဲဒီပြင် အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်တာမပြုကြဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်သူ့ ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဖို့တောင်းဆိုခဲ့ကြပါတယ်။
အဲဒီဆန္ဒထုတ်ဖော်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ကိုထိန်လင်း၊ NUG ယူကေ ကိုယ်စားလှယ်ဦးမောင်မောင်အောင်နဲ့ဒေါက်တာ သက်ကိုကို၊ သရုပ်ဆောင်မေမြတ်နိုးတို့ တက်ရောက်စကားပြောခဲ့ကြတာပါ။
ဆန္ဒပြပွဲကို ယူကေရောက်တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်တွေနဲ့နွေဦးတော်လှန်ရေး အင်အားစုတွေစုပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

















