Border News Agency
မြောက်ဦး၊စက်တင်ဘာ ၁၇။
ကျောက်တော်မြို့နယ်ရှိ ချင်းမဝန်ထောင့်၊ ပညာဝ၊ ခရုမော်ပတ်၊ ဒေးဝန်းနဲ့ ပီကောက်ဝစတဲ့ ကျေးရွာငါးရွာရှိစစ်ဘေးရှောင်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စက်တင်ဘာလ ၁၆ ရက်နေ့က တလစာစားနက်ရိက္ခာတွေထောက်ပံ့ပေးခဲ့ပါတယ်။
အဲဒီထောက်ပံ့မှုကို အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရရဲ့ စစ်ဘေးရှောင် ကော်မတီ ဦးဆောင်မှုနဲ့ HDCO၊ပါတီမြို့နယ်ရုံးနဲ့ မြို့နယ် အုပ်ချုပ်ရေးရုံးတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာပါ။
ထောက်ပံ့မှုမှာ စစ်ဘေးရှောင်အိမ်ထောင်စုနှစ်ဆယ့်လေးစု၊ လူဦးရေရှစ်ဆယ့်ခုနှစ်ဦးအတွက် တဦးကိုတရက်ဆန်နှစ်ဗူးနှုန်းနဲ့ တလစာဆန်၊အိမ်ထောင်စုတစုကို ဆီတလီတာနဲ့ ဆားတပိဿာစီပေးအပ်ခဲ့တာဖြစ်ပါတယ်။
ခုလိုထောက်ပံ့ပေးမှုအပေါ် စစ်ဘေးရှောင်တွေက ကျေးဇူးတင်နေကြပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ အခြားစစ်ဘေးရှောင်စခန်းတွေကိုလည်း ဆက်လက်ကူညီထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။
အာရက္ခဒေသမှာ စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ဦးရေအများအပြားရှိနေပြီး သူတို့ဟာလည်းနေ့စဉ်အသက်ရှင်သန်နိုင်ရေးအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီများစွာ အရေးပေါ် လိုအပ်နေကြတာပါ။

















