ကျောက်ဖြူမြို့နယ်

စနဲ့မြို့ လေကြောင်းတိုက်ခံရလို့ အရပ်သားတဦး သေဆုံး

Border News Agencyစနဲ့၊ မေ ၂၇။ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို မေလ ၂၆ ရက်နေ့က အာဏာသိမ်းစစ်တပ်ဒရုန်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး နေအိမ်အများအပြား မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီစနဲ့မြို့မှ အသက် ၇၈ နှစ်အရွယ်ဦးမောင်ရွှေစိန်ဟာ...

Read more

​ကျောက်ဖြူမှာ အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ ၁ ဦး သေဆုံးပြီး ဆရာတော်တပါးနဲ့အရပ်သား ၆ ဦး ဒဏ်ရာရ

Border News Agencyကျောက်ဖြူ၊​မေ ၁၉။ ​ကျောက်ဖြူမြို့နယ်မှာအာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သား၁ ဦး သေဆုံးပြီး ဆရာတော်တပါးနဲ့အရပ်သား ၆ ဦး ဒဏ်ရာရသွားတယ်လို့သိရပါတယ်။ အဲဒီကျောက်ဖြူမြို့နယ်၊ ရွာသစ်ကေ ရွာကို မေလ ၁၇ ရက်နေ့ကဇင်ချောင်းပင်လယ်ပြင်မှာရှိနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရေတပ်သင်္ဘောတစီးကနေ...

Read more

​ကျောက်ဖြူမှာ ဘိန်းစာရွက်ပင်တွေကိုဒီလပ်ဖျက်ဆီး

​Border News Agencyကျောက်ဖြူ၊မေ ၁၀။ ​ကျောက်ဖြူမြို့နယ်က ကျေးရွာတချို့မှာ တရားမဝင်စိုက်ပျိုးထားတဲ့အာဆီယံ(ခေါ်)ဘိန်းစာရွက်ပင်တွေကို တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန (DLEP)က ကွင်းဆင်းရှင်းလင်းမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ​အဲဒီအပင်အသက်တနှစ်မှလေးနှစ်ထိရှိတဲ့ ဘိန်းစာရွက်ပင်ငါးဆယ်နီးပါးကို တွေ့ရှိခုတ်ထွင်ရှင်းလင်းခဲ့တာပါ။ ကျောက်ဖြူမြို့နယ်မှာပထမဆုံးကွင်းဆင်းဖျက်ဆီးတာဖြစ်ပြီး စိုက်ပျိုးသူတွေကိုလည်း နောက်လုံးဝမစိုက်ကြဖို့သတိပေးခဲ့ပါတယ်။ ​အာရက္ခဒေသမှာ ဘိန်းစာရွက်တွေကို အရည်ကြိုပြီး အချိုရည်ကော်ဖီတွေနဲ့...

Read more

​ကျောက်ဖြူမှာ ဇနီးဟောင်းကို ဓားနဲ့ခုတ်သတ်လို့ ဒီလပ်ဖမ်း

​Border News Agencyကျောက်ဖြူ၊ ဧပြီ ၂၄။ ​ကျောက်ဖြူမြို့နယ်၊ မီးကျောင်းရေသောက်စစ်ဘေးရှောင်စခန်းမှာ ဧပြီလ ၁၈ ရက်နေ့က အမျိုးသမီးတဦးကို ဓားနဲ့ခုတ်သတ်ခဲ့ပါတယ်။ အဲဒီတရားခံကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနက ဖမ်းဆီးအရေးယူထားပါတယ်။ ​အဲဒီသစ်ကတိုးကျေးရွာမှအသက်ငါးဆယ်ခြောက်နှစ်အရွယ်ဦးခင်သိန်းမောင်ဟာ အရက်သောက်ပြီး သူရဲ့ဇနီးဟောင်းဖြစ်သူအသက်သုံးဆယ်ကိုးနှစ်အရွယ်ဒေါ်ကြာလှမကို နေအိမ်မှာဓားနဲ့...

Read more

​ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့ အရပ်သား ၃ ဦးဒဏ်ရာရ

Border News Agencyကျောက်ဖြူ၊ မတ် ၂၇။ ​ကျောက်ဖြူမြို့နယ်၊ ကြတ္တိန်ရွာကို မတ်လ ၂၅ ရက်၊မနက်ပိုင်းမှာ စစ်ကော်မရှင်တပ်က အသေခံဒရုန်း ၂ စီးနဲ့တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦး ဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။ အဲဒီ​ ကြတ္တိန်ရွာက...

Read more

ကျောက်ဖြူမှာ စစ်ကော်မရှင်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့အရပ်သား ၄ ဦးဒဏ်ရာရ

Border News Agencyကျောက်ဖြူ၊ မတ် ၂၄။ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို စစ်ကော်မရှင်တပ် ဒရုန်းဗုံးကြဲတိုက်ခိုက်လို့ ကလေးတဦးအပါအဝင် အရပ်သား ၄ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ စနဲမြို့၊အလယ်ပိုင်းရပ်ကွက်ကို မတ်လ ၂၃ရက်၊မနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်က...

Read more

​ကျောက်ဖြူမြို့နယ်ကို စစ်ကော်မရှင်တပ်ဒရုန်းနဲ့တိုက်ခိုက်

Border News Agencyကျောက်ဖြူ၊ မတ် ၂၃။ ​ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာဘုန်းကြီးကျောင်းကို မတ်လ ၂၀ ရက်၊ နေ့လည်ပိုင်းမှာ စစ်ကော်မရှင်တပ်ကဒရုန်းနှစ်စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီကျောက်ပြောက်ကျေးရွာဘုန်းကြီးကျောင်းကို နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က စစ်ကော်မရှင်တပ်ရဲ့ဆူဆိုဒ်ဒရုန်းနှစ်စီးဟာ ဘုန်းကြီးကျောင်းပေါ်ကို...

Read more

ကျောက်ဖြူမှာ စစ်ကော်မရှင်တပ်ပစ်ခတ်လို့ စစ်ဘေးရှောင်တဦးသေဆုံး

Border News Agencyကျောက်ဖြူ၊ မတ် ၁၉။ ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ် ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းမှတိုက်ခိုက်လို့ စစ်ဘေးရှောင်တဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ အဲဒီကျောက်ဖြူမြို့နယ်၊ ချောင်းမြောင်ရွာကနေဒိုးချောင်းရွာမှာ စစ်ဘေးရှောင်နေတဲ့အသက်ခြောက်ဆယ်အရွယ် ဦးတင်ထီးခိုင်သေဆုံးသွားတာပါ။ ဒိုးတောင်ရွာကို မတ် ၁၈ ရက်၊...

Read more

​ကျောက်ဖြူမှာ ဆူဆိုဒ်ဒရုန်းနဲ့တိုက်ခိုက်ခံလို့ အဖိုးအိုတဦးအပါအဝင် ၂ ဦးဒဏ်ရာရ

​ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ငအုပ်ရွာအနီးက ယာယီစခန်းကို ဖေဖော်ဝါရီလ ၂၄ ရက်၊မနေ့က စစ်ကော်မရှင်တပ် ဆူဆိုဒ်ဒရုန်း ၂ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇၈ နှစ်အရွယ်အဖိုးအို ဦးမောင်နုစိန်နဲ့ ဦးမောင်ခင်ထွန်းမှာ ဗုံးစထိမှန်ပြီးပြင်းထန်ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။ ​စစ်ကော်မရှင်တပ်ဟာ နေ့လည် ၁၁ နာရီဝန်းကျင်မှာ ၅ မိနစ်ခြားစီ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စစ်ဘေးရှောင်ပြည်သူတွေဟာကြောက်လန့်တကြားနဲ့ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ အဲဒီအပြင် ပုဏ္ဏားကျွန်း၊ယိုးငူရွာဈေးနဲ့ ကျောင်းကို စစ်ကော်မရှင်တပ်ကလကြောင်းတိုက်ခိုက်လို့ကလေးတွေအပါအဝင် ၁၇ ဦး သေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာရသွားခဲ့ပါတယ်။ ​စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူ အပါအဝင်အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။  လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြောင်း၊လေကြောင်းတို က်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။

Read more

​ကျောက်ဖြူမှာ စစ်ကော်မရှင်တပ်ပစ်ခတ်လို့ ကလေးငယ်အပါအဝင် ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

​Border News Agency ကျောက်ဖြူ၊ ဖေဖော်ဝါရီ ၁၆။ ​ကျောက်ဖြူမြို့နယ်ရှိကျေးရွာနှစ်ရွာကို စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ၇ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။ အဲဒီ ကျောက်ဖြူမြို့နယ်၊ ငအုပ်ကျေးရွာကို​ဖေဖော်ဝါရီလ ၁၅ ရက်၊ ညနေပိုင်းက စစ်ကော်မရှင်တပ်ကဆူဆိုဒ်ဒရုန်းနှစ်စီးနဲ့တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၄ လုံးနဲ့ ဈေးဆိုင် ၂ ဆိုင် မီးလောင်ပြာကျခဲ့ပါတယ်။ ​အဲဒီအပြင် ဓညဝတီရေတပ်ဌာနချုပ်ကနေ ဝမျှောင်ရွာနဲ့ငအုပ်ရွာတွေကို လက်နက်ကြီး ၂၂ လုံးပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီလို ပစ်ခတ်ခဲ့တာကြောင့် ဝမျှောင်ရွာက အသက် ၇ နှစ်အရွယ် မခင်ထက်ထက်စိုးနဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်ဆန်းဝေတို့ သေဆုံးခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။ ​အဲဒီအပြင်ဝမျှောင်ရွာက ၅ ဦးနဲ့ ငအုပ်ရွာက စစ်ဘေးရှောင် ၂ ဦးအပါအဝင် စုစုပေါင်း ၈ ဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပြီး နေအိမ်တချို့လည်း ပြိုကျပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာကိုဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း စစ်ကော်မရှင်ရေတပ်ကလက်နက်ကြီးပစ်ခတ်လို့ အသက် ၈၀ အရွယ် အဘွားအိုတဦး သေဆုံးခဲ့ပါသေးတယ်။ စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူအပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။  လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။

Read more
Page 1 of 8 1 2 8

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here