တောင်ကုတ်ခရိုင်

မအီမြို့ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ ငါးဦးသေဆုံး

Border News Agency​မအီ၊ ဇူလိုင် ၁၅။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်၊မအီမြို့ကိုဇူလိုင်လ ၁၉ ရက်၊ဒီနေ့ မနက်၁၁ နာရီခွဲအချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားငါးဦး သေဆုံးပြီး ဆယ့်နှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ ​အဲဒီမအီမြို့ရှိ အမှတ် ၂ နဲ့ အမှတ်...

Read more

တောင်ကုတ်မှာ စစ်ရှောင်နဲ့ ဒေသခံတွေကို အခမဲ့ဆေးကုသပေး

Border News Agencyတောင်ကုတ်၊​ဇွန် ၁၁။ ​တောင်ကုတ်ခရိုင်ထဲက ရွာ ၁၂ ရွာမှာရှိတဲ့ စစ်ရှောင်တွေနဲ့ ဒေသခံပြည်သူတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဇွန်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ကွင်းဆင်းပြီး အခမဲ့ ဆေးကုသပေးခဲ့ပါတယ်။ ​အဲဒီ...

Read more

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စစ်မှုထမ်းတွေ ဆက်ခေါ်နေ

Border News Agencyတောင်ကုတ်၊ မေ ၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူတွေကို စစ်မှုထမ်းဖို့ အာရက္ခတပ်တော်က ဆက်ခေါ်နေတယ်လို့ အာရက္ခပြည်သူတွေအတည်ပြုပြောကြပါတယ်။ အဲဒီလို စစ်မှုထမ်းခေါ်ယူနေတာဟာ အသက်တဆယ့်ရှစ်နှစ်မှ အသက်လေးဆယ်ထိအမျိုးသားတွေကိုခေါ်ယူနေတာဖြစ်ပြီးကလေးမိခင်တွေအပါအဝင်အိမ်ထောင်သည်အမျိုးသမီးတချို့လည်းစစ်မှုထမ်းနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အဲဒီလိုစစ်မှုထမ်းခေါ်ယူနေတာတွေကို အာရက္ခပြည်သူတွေ လက်မခံမကြည်ဖြူကြတော့ပြီမို့...

Read more

မာန်အောင်သို့ လေယာဉ်စတင်ပြေးဆွဲ

​Border News Agencyမာန်အောင်၊ဧပြီ ၂၅။ ​မာန်အောင်သို့ မြန်မာအမျိုးသားလေကြောင်းက ဧပြီလ ၂၄ ရက်နေ့ကစပြီး လေကြောင်းခရီးစဉ်တွေပြေးဆွဲပေးနေပြီလို့ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ပါတယ်။ ​အဲဒီခရီးစဉ်မှာတဆယ့်ကိုးဦးစီးနင်းနိုင်တဲ့ L-410 လေယာဉ်ငယ်တွေကို အသုံးပြုပြီး ရန်ကုန်မှတိုက်ရိုက်ပျံသန်းပေးနေတာပါ။ ​အဲဒီမာန်အောင်ကျွန်းမြို့ဟာ သွားလာရေးအတွက် လေကြောင်းလိုင်းကိုသာ...

Read more

မာန်အောင်ကို လေယာဥ်ပြေးဆွဲစစ်အင်အားဖြည့်တင်းမယ်

​Border News Agencyမာန်အောင်၊ဧပြီ ၂၃။ ​အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့ မာန်အောင်ကျွန်းကို လေယာဥ်ပြေးဆွဲပြီး စစ်သည်လက်နက်ခဲယမ်းတွေ အင်အားဖြည့်တင်းထားမယ်လို့စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။ အဲဒီမာန်အောင်ကျွန်းကို ရန်ကုန်-ကျောက်ဖြူလေကြောင်းလိုင်းမှာ ထည့်သွင်းပြေးဆွဲသွားမှာပါ။ အဲဒီလိုပြေးဆွဲဖို့အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကအမိန့်ပေးစေခိုင်းတာဖြစ်ပြီး မြန်မာအမျိုးသားလေကြောင်းက လာမယ့်ဧပြီလ ၂၄ ရက်နေ့စတင်ပြေးဆွဲမှာဖြစ်ပါတယ်။ အဲဒီရန်ကုန်-ကျောက်ဖြူ-မာန်အောင်လေကြောင်းလိုင်းကို တပတ်မှာသုံးရက်ပြေးဆွဲမှာဖြစ်ပြီး...

Read more

​တောင်ကုတ်မှာကျပ်သိန်းနှစ်ရာခန့်တန်ဖိုးရှိရွှေထည်ခိုးသူကို ဖမ်းမိ

Border News Agency​တောင်ကုတ်၊ ဧပြီ ၇ ။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမှာ ဒေသခံတဦးရဲ့ နေအိမ်မှကျပ်သိန်းနှစ်ရာခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေကို ခိုးသူအမျိုးသမီးတဦးကို ခိုးရာပါပစ္စည်းတွေနဲ့အတူ ဖမ်းခဲ့ပါတယ်။ အဲဒီတောင်ကုတ်မြို့မ ပြည်သူ့လုံခြုံ ရေးဌာနက ​ပြီးခဲ့တဲ့မတ်လ ၂၅ ရက်နေ့က...

Read more

တောင်ကုတ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးခြေတဖက်ပြတ်ထွက်

Border News Agencyတောင်ကုတ်၊ မတ် ၂၅။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တောင်ကုတ်မြို့နယ်မှာ မတ်လ ၂၄ ရက်၊ မနက်ပိုင်းက မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးခြေတဖက်ပြတ်ထွက်သွားတယ်လို့ သိရပါတယ်။ အဲဒီ တောင်ကုတ်မြို့နယ်၊ ဆိပ်ကမ်းသစ်ရွာမှ အသက်ငါးဆယ်သုံးနှစ်အရွယ် ဦးဆန်းဝင်းခြေထောက်တဖက်ပြတ်ထွက်သွားခဲ့တာပါ။ အဲဒီ ဦးဆန်းဝင်းဟာ မတ်လ...

Read more

​တောင်ကုတ်မှာ ဆီဆိုင်နှစ်ဆိုင် မီးလောင်လို့ ကလေးငယ်နှစ်ဦးဒဏ်ရာရ

Border News Agency​တောင်ကုတ်၊ မတ် ၆ ။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်မှာ မတ်လ ၅ ရက်၊ ညနေပိုင်းက နေရာနှစ်ခုမှာမီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နဲ့ဆိုင်ခန်းတချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ​တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်ရှိ "အာရက္ခ"ဆီဆိုင်မှာ ဆီဖြည့်ရာကနေ...

Read more

စစ်တွေခရိုင်ကစစ်ရှောင်နဲ့ ဒေသခံ ၅၀၀ နီးပါးကိုအာရက္ခအစိုးရ ကျန်းမာရေးစောင့်ရှောက်မှုပေး

Border News Agency  စစ်တွေ၊ဖေဖော်ဝါရီ ၂၇။ ​စစ်တွေခရိုင်အတွင်းက ကျေးရွာ ၁၄ ရွာမှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း ၄၆၅ ဦးကို  အာရက္ခပြည်သူ့ကျန်းမာရေးဌာန (APH) ရဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ဆေးကုသပေးခဲ့ပါတယ်။ အဲဒီလိုကွင်းဆင်းကုသပေးရာမှာ စစ်တွေနဲ့ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ရှောင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ​အဲဒီ လူနာတွေထဲမှာ အရေပြားရောဂါ၊ သွေးတိုး၊ ဆီးချိုနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာခံစားနေရသူ အများအပြားပါဝင်နေပြီး လိုအပ်တဲ့ဆေးဝါးကုသမှုတွေပေးခဲ့ပါတယ်။ ​အခုလိုဝေးလံတဲ့ကျေးရွာတွေအထိ လာရောက်ကုသပေးတာကြောင့် ဒေသခံတွေကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အထူးကျေးဇူးတင်နေကြပါတယ်။ ​အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ပလက်ဝ၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲနဲ့ မောင်တောခရိုင်တွေမှာလည်း စစ်ရှောင်ပြည်သူတွေကို ဦးစားပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ဆိုပါတယ်။

Read more

သံတွဲနဲ့တောင်ကုတ်မှာကျင်းပတဲ့ ချင်းအမျိုးသားနေ့ကို ULA/AA တက်ရောက်ဂုဏ်ပြု

​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲနဲ့တောင်ကုတ်ခရိုင်မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကကျင်းပတဲ့ ၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။ အဲဒီပွဲအတွင်းမှာ ချင်းရိုးရာအကတွေအပြင်ရက္ခိုင်ရိုးရာအကတွေနဲ့ပါစည်ကားသိုက်မြိုက်စွာ ဖျော်ဖြေခဲ့ကြတာပါ။ ​ULA/AA ဘက်က တာဝန်ရှိသူတွေက ချင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ အမျိုးသားအခွင့်အရေးတွေကို အသိအမှတ်ပြုကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့သလို အခမ်းအနားအတွက် ငွေကြေးထောက်ပံ့မှုတွေပါ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအပြင် အနာဂတ်အာရက္ခတိုင်းပြည် တည်ဆောက်ရေးအတွက် ညီနောင်လူမျိုးစုတွေအကြား ပိုမိုလက်တွဲဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ အဲဒီ ​ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဘောလုံးပွဲ၊ လွန်ဆွဲပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကိုပါ ထည့်သွင်းကျင်းပခဲ့ပြီး ချင်းရိုးရာခေါင်ရည်၊အစားအစာတွေနဲ့လည်း ဧည့်ခံကျွေးမွေးခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ ချင်းအမျိုးသားနေ့ကို သံတွဲ၊ တောင်ကုတ်တင်မကဘဲ အာရက္ခတပြည်လုံးမှာရှိတဲ့ မြို့နယ်အသီးသီးမှာ အကြီးကျယ် ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

Read more
Page 1 of 4 1 2 4

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here