Border News Agency
အိန္ဒိယ၊ အောက်တိုဘာ ၃၁။
အိန္ဒိယရေတပ်ကပထမဆုံးအကြိမ် ဦးစီးကျင်းပတဲ့ BIMSTEC ရေကြောင်းလုံခြုံရေး စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘော မင်းရဲကျော်စွာနဲ့ သီရိလင်္ကာ စစ်သင်္ဘောတို့အိန္ဒိယနိုင်ငံ Sri Vijaya Puram ဆိပ်ကမ်းဆီရောက်ရှိလာပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ ဘင်္ဂလားပင်လယ်အော် ဒေသတွင်း နိုင်ငံတွေအကြား ရေကြောင်းဆိုင်ရာ လုံခြုံရေး စိန်ခေါ်မှုတွေကို စုပေါင်းတုံ့ပြန်နိုင်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ရည်ရွယ်ကျင်းပတာလို့ဆိုပါတယ်။
အဲဒီလေ့ကျင့်ပွဲမှာ အိမ်ရှင်အိန္ဒိယအပါအဝင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နေပော၊ သီရိလင်္ကာနဲ့ ထိုင်း စတဲ့ BIMSTEC အဖွဲ့ဝင်ခုနှစ်နိုင်ငံလုံး ပါဝင်ပူးပေါင်းနေကြတာပါ။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတကာရဲ့ ပစ်ပယ်တာခံနေရချိန် အိန္ဒိယနဲ့အိမ်နီးချင်း နိုင်ငံတွေပါဝင်တဲ့ဒေသတွင်း စစ်ရေးလေ့ကျင့်မှုမှတဆင့် စစ်ရေးနဲ့ သံတမန်ရေးအရ နေရာရရှိဖို့ ကြိုးပမ်းနေတာလို့ လေ့လာသူတွေကသုံးသပ်ကြပါတယ်။












