Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံတကာ နိုင်ငံရေး သတင်း

အမေရိကန်နဲ့အီရန်အကြား ပါကစ္စတန်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲတွေရှေ့မတိုးနိုင်ဖြစ်နေ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

​Border News Agency
အမေရိကန်၊ ဧပြီ ၂၇။

​အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့ကို သွားရောက်ဖို့ရှိတဲ့ သူရဲ့ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီး အီရန်နဲ့ ဆွေးနွေးပွဲတွေဟာ လက်ရှိမှာ တဆို့မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

သမ္မတ ဒေါ်နယ်ထရန့်က အီရန်ဘက်က ကမ်းလှမ်းချက်တွေဟာ မလုံလောက်သေးဘူးလို့ ဆိုကာ အီရန်ခေါင်းဆောင်ပိုင်းကို ဆက်သွယ်လိုပါကတိုက်ရိုက်ဖုန်းဆက်ဖို့ လူမှုကွန်ရက်ကနေ ပြောကြားခဲ့ပါတယ်။

​အီရန်သမ္မတ မာဆူး ပီဇက်ရှ်ကီယန်ကတော့ အမေရိကန်ဘက်က အီရန်ဆိပ်ကမ်းတွေပိတ်ဆို့ထားမှုတွေကို အရင်ဆုံး ဖယ်ရှားပေးရမှာဖြစ်ပြီး အဲဒီလိုမှမဟုတ်ရင် ဆွေးနွေးပွဲတွေ ဆက်လုပ်မှာမဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီဟာလည်း ပါကစ္စတန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ပြီးနောက် အိုမန်နိုင်ငံကို ဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။

​လက်ရှိ ပဋိပက္ခရဲ့အဓိက အငြင်းပွားဖွယ်ရာ အချက်ကတော့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုဖြစ်ပြီး ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံခန့် စီးဆင်းရာ ရေလမ်းကြောင်းဖြစ်လို့ ကမ္ဘာ့စီးပွားရေးအပေါ် အကြီးအကျယ် သက်ရောက်မှုရှိနေပါတယ်။

အီရန်ဘက်က အဲဒီရေလမ်းကြောင်းကို အချုပ်အခြာအာဏာအရ ထိန်းချုပ်လိုပြီး အမေရိကန်ကတော့ လွတ်လပ်စွာ သွားလာခွင့်ကို တောင်းဆိုနေတာပါ။

​ဒါ့အပြင် အီရန်ရဲ့ ယူရေနီယံ သန့်စင်မှု လုပ်ငန်းစဉ်တွေအပေါ်မှာလည်း နှစ်ဖက်အမြင် မတူညီဘဲ အငြင်းပွားနေကြပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲထားပေမယ့် အီရန်ဘက်ကတော့ အရပ်ဘက် အသုံးချဖို့အတွက်သာ ဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။

​ကြားဝင်စေ့စပ်ပေးနေတဲ့ ပါကစ္စတန် အာဏာပိုင်တွေကတော့ နှစ်ဖက်စလုံးကတင်းမာတဲ့ သဘောထားတွေ ရှိနေကြပေမယ့် အပစ်အခတ်ရပ်စဲရေးအတွက် သံတမန်နည်းလမ်းအရ ဆက်သွယ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဟာလည်း နောက်ထပ်ဆွေးနွေးပွဲတွေလုပ်ဖို့ အစ္စလာမ္မာဘတ်မြို့ကို ဒီနေ့မှာ ပြန်လည်ရောက်ရှိလာမယ်လို့ သိရပါတယ်။

PrevPreviousမြစ်ဆုံစီမံကိန်းပြန်စဖို့ မြစ်ကြီးနားပြည်သူတွေကို စည်းရုံးနေ
Nextလက်နက်အားကိုးဖြင့် အမဲလိုက်ခြင်းနှင့် ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း – ၂Next
Previous Post

မြစ်ဆုံစီမံကိန်းပြန်စဖို့ မြစ်ကြီးနားပြည်သူတွေကို စည်းရုံးနေ

Next Post

လက်နက်အားကိုးဖြင့် အမဲလိုက်ခြင်းနှင့် ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း – ၂

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ကိုးဦးသေဆုံး

April 29, 2026

​မိုးကုတ်ဗျူဟာမှတပ်ပြေးအချို့ကို သစ္စာဖောက်အဖြစ်ကြေညာ

April 29, 2026

​အီရန်သို့ဦးတည်သည့်သင်္ဘောကို အမေရိကန်မရိန်းတပ်စစ်ဆေး

April 29, 2026

ထရမ့်အစိုးရရဲ့လူဝင်မှုကြီးကြပ်ရေး ဖမ်းဆီးထိန်းသိမ်းမှုမူဝါဒကို အယူခံတရားရုံးပယ်ချ

April 29, 2026

ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ကိုးဦးသေဆုံး

​မိုးကုတ်ဗျူဟာမှတပ်ပြေးအချို့ကို သစ္စာဖောက်အဖြစ်ကြေညာ

​အီရန်သို့ဦးတည်သည့်သင်္ဘောကို အမေရိကန်မရိန်းတပ်စစ်ဆေး

ထရမ့်အစိုးရရဲ့လူဝင်မှုကြီးကြပ်ရေး ဖမ်းဆီးထိန်းသိမ်းမှုမူဝါဒကို အယူခံတရားရုံးပယ်ချ

ပခုက္ကူမှာစစ်ကော်မရှင်တပ်သား ၅ ဦး အလင်းဝင်

အမေရိကန် ၂၅၀ ပြည့်အထိမ်းအမှတ် ပတ်စပို့မှာထရမ့်ပုံထည့်မယ်

Releated Post

ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ကိုးဦးသေဆုံး

April 29, 2026

​မိုးကုတ်ဗျူဟာမှတပ်ပြေးအချို့ကို သစ္စာဖောက်အဖြစ်ကြေညာ

April 29, 2026

​အီရန်သို့ဦးတည်သည့်သင်္ဘောကို အမေရိကန်မရိန်းတပ်စစ်ဆေး

April 29, 2026

ထရမ့်အစိုးရရဲ့လူဝင်မှုကြီးကြပ်ရေး ဖမ်းဆီးထိန်းသိမ်းမှုမူဝါဒကို အယူခံတရားရုံးပယ်ချ

April 29, 2026
ဓာတ်ပုံ - ပခုက္ကူခရိုင် အမှတ် ၈ တပ်ရင်း

ပခုက္ကူမှာစစ်ကော်မရှင်တပ်သား ၅ ဦး အလင်းဝင်

April 29, 2026

အမေရိကန် ၂၅၀ ပြည့်အထိမ်းအမှတ် ပတ်စပို့မှာထရမ့်ပုံထည့်မယ်

April 29, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page