Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံတကာ နိုင်ငံရေး သတင်း

အမေရိကန်-အီရန် ဆွေးနွေးပွဲ တိုးတက်မှုရှိပေမယ့်အပြီးသတ်ဖို့ထရမ့် ဇောမကပ်လို့ဆို

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
2
VIEWS
Share on FacebookShare on Twitter

Border News Agency
အမေရိကန်၊​ဇွန် ၁။

​အမေရိကန်-အစ္စရေး မဟာမိတ်အဖွဲ့နဲ့အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ရက်ပေါင်း ၉၃ ရက်အထိ ရှိလာခဲ့ပြီဖြစ်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ အီရန်နဲ့ သဘောတူညီချက်ရဖို့အတွက် အလျင်စလို ဇောမကပ်ဘဲ ဆွေးနွေးပွဲတွေဟာ နှေးကွေးပေမယ့်သေချာရေရာစွာ တိုးတက်မှုရှိနေတယ်လို့ Fox News နဲ့ အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။

ထရမ့်က အီရန်အနေနဲ့ နျူကလီးယားလက်နက် လုံးဝမပိုင်ဆိုင်ရဖို့ကို အဓိကတောင်းဆိုထားပြီး သဘောတူညီချက်မူကြမ်းပါ အချက်အချို့ကိုလည်း ပိုမိုတင်းကျပ်အောင် ပြင်ဆင်ရန် ညွှန်ကြားထားပါတယ်။

​စစ်ရေးအခြေအနေတွေအရ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က သူတို့ရဲ့ ရေပိုင်နက်အတွင်းရန်လိုတဲ့ စစ်ဆင်ရေးလုပ်ဖို့ ကြိုးပမ်းတဲ့အမေရိကန်ဒရုန်းတစီးကို ပစ်ချခဲ့တယ်လို့ထုတ်ပြန်ထားသလို ရေတပ်အင်အားပြပွဲတခုမှာလည်း ခရုစ်ဒုံးကျည်တွေ ပစ်ခတ်နိုင်တဲ့ တိုက်ခိုက်ရေးရေယာဉ်သစ်တစ်စီးကို ပြသခဲ့ပါတယ်။

အမေရိကန်စစ်တပ်ကလည်း အီရန်ဆိပ်ကမ်းကို ဦးတည်မောင်းနှင်နေတဲ့ ဂမ်ဘီယာအလံတင် သင်္ဘောတစီးကို တားဆီးထိန်းချုပ်ခဲ့တာကြောင့် အီရန်ဘက်ကအမေရိကန်ဟာ သံတမန်ရေးလမ်းကြောင်းကို သစ္စာဖောက်ပြီး ရေကြောင်းပိတ်ဆို့မှုကို ဆက်လုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။

​အခြားတဖက်မှာတော့ အစ္စရေးစစ်တပ်ဟာ လေဘနွန်တောင်ပိုင်းကို ကျူးကျော်စစ် အရှိန်မြှင့်တင်နေပြီး ပြီးခဲ့တဲ့ ၂၆ နှစ်အတွင်း လေဘနွန်နိုင်ငံထဲကိုအနက်ရှိုင်းဆုံး စစ်ကြောင်းထိုးဝင်ရောက်မှုအဖြစ် နဗာတီးယားမြို့အနီးက မဟာဗျူဟာမြောက် ဘိုဖော့ရဲတိုက် ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးဟာ ဇာဟရာနီမြစ်တောင်ဘက်က ဒေသခံပြည်သူတွေကို ချက်ချင်းနေရပ်စွန့်ခွာကြဖို့ သတိပေးချက်အသစ် ထုတ်ပြန်ထားပြီး လေဘနွန်တောင်ပိုင်းက မြို့ရွာတွေကို လေကြောင်းနဲ့ လက်နက်ကြီးတွေအသုံးပြုကာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပါတယ်။

အဲ​ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး လေဘနွန်ဝန်ကြီးချုပ် နာဝါ့ဖ်ဆလမ်က အစ္စရေးဟာ မြေလှန်စနစ်ကို ကျင့်သုံးနေတယ်လို့ စွပ်စွဲထားပြီး အစ္စရေးစစ်တပ်ကတော့ ဟစ်ဇဘိုလာတွေကို နှိမ်နင်းဖို့ မြေပြင်စစ်ဆင်ရေးတွေကို တိုးချဲ့ကာ လီတာနီမြစ်ကို ဖြတ်ကျော်နေပြီလို့ ထုတ်ပြန်ထားပါတယ်။

မေလ ၃၀ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အစ္စရေးစစ်သား ၁ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သလို အခြားတဖက်မှာလည်း လေဘနွန်ဘက်ကနေ အစ္စရေးမြောက်ပိုင်းဒေသအချို့ကို ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့တာတွေ ရှိနေပါတယ်။

​အမေရိကန်ပြည်တွင်း အခြေအနေမှာတော့ သမ္မတ ဒေါ်နယ်ထရမ့်က အရင်အီရတ်စစ်ပွဲတုန်းကလို အမှားမျိုးမဖြစ်စေဖို့ အီရန်ရဲ့ စစ်တပ်နဲ့ အဖွဲ့အစည်းတွေကို ဖြိုဖျက်မယ့် ပစ်မှတ်ထားတိုက်ခိုက်မှုမျိုးကို ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားခဲ့တာလို့ ပြောဆိုထားပါတယ်။

ဒါပေမယ့် အမေရိကန်လွှတ်တော်အတွင်းမှာတော့ အမေရိကန်နဲ့ အစ္စရေးစစ်တပ်အကြား လက်နက်သုတေသန၊ထုတ်လုပ်ရေးနဲ့ နည်းပညာကဏ္ဍတွေမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမယ့် နှစ်နိုင်ငံစစ်ရေးပေါင်းစည်းမှု အစီအစဉ်တခုကို ဆက်လက်အတည်ပြု တွန်းအားပေးနေကြပါတယ်။

PrevPreviousအိန္ဒိယအစိုးရက မင်းအောင်လှိုင်ကို သမ္မတလို့ သုံးနှုန်းတဲ့အပေါ် SIF ပြတ်ပြတ်သားသား ကန့်ကွက်
Nextမြောက်ဦးမြို့ပြစီမံကိန်းမြေနေရာကို ကွင်းဆင်းတိုင်းတာနေNext
Previous Post

အိန္ဒိယအစိုးရက မင်းအောင်လှိုင်ကို သမ္မတလို့ သုံးနှုန်းတဲ့အပေါ် SIF ပြတ်ပြတ်သားသား ကန့်ကွက်

Next Post

မြောက်ဦးမြို့ပြစီမံကိန်းမြေနေရာကို ကွင်းဆင်းတိုင်းတာနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - CCDAC MYANMAR

ကလောမှာ ကျပ်သိန်းသုံးထောင်ခြောက်ရာတန် စိတ်ကြွဆေးတွေဖမ်းမိ

October 21, 2026

မလေးရှား ကလန်တန်မှာ မြန်မာဒုက္ခသည်တွေအချက်အလက် ကောက်ယူဖို့ညွှန်ကြား

October 21, 2026
ဓာတ်ပုံ - BNA

အယ်လ်နီညိုကြောင့်ရေရှားပါးနိုင်လို့ ကြိုတင်ပြင်ဆင်ထားဖို့လို

October 21, 2026
ဓာတ်ပုံ - RPN

မင်းကင်းမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ရှစ်ဦးဒဏ်ရာရ

October 21, 2026

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌတွေ့

မဲဆောက်မှာ မြန်မာဆယ့်ရှစ်ဦးထပ်ဖမ်းခံရ

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ IIMM ပြော

မိသားစုနဲ့ ပြန်တွေ့ချင်ရင် AA ဆီ အလင်းဝင်ကြဖို့ တပ်သားစိုးမင်းသိန်းတိုက်တွန်း

ချင်းမိုင်ဘူတာမှာ မြန်မာနှစ်ဆယ့်ခုနှစ်ဦးဖမ်းခံရ

​မီဇိုရမ်မှာ ရူပီသိန်းနှစ်ရာ့ရှစ်ဆယ်ကျော်တန်တရားမဝင်ပစ္စည်းတွေနဲ့ မူးယစ်ဆေးတွေဖမ်းမိ

Releated Post

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌတွေ့

October 20, 2026
ဓာတ်ပုံ - Tak Immigration

မဲဆောက်မှာ မြန်မာဆယ့်ရှစ်ဦးထပ်ဖမ်းခံရ

October 20, 2026

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ IIMM ပြော

October 20, 2026

မိသားစုနဲ့ ပြန်တွေ့ချင်ရင် AA ဆီ အလင်းဝင်ကြဖို့ တပ်သားစိုးမင်းသိန်းတိုက်တွန်း

October 20, 2026
ဓာတ်ပုံ - Thai News

ချင်းမိုင်ဘူတာမှာ မြန်မာနှစ်ဆယ့်ခုနှစ်ဦးဖမ်းခံရ

October 20, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

​မီဇိုရမ်မှာ ရူပီသိန်းနှစ်ရာ့ရှစ်ဆယ်ကျော်တန်တရားမဝင်ပစ္စည်းတွေနဲ့ မူးယစ်ဆေးတွေဖမ်းမိ

October 20, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page