Border News Agency
နမ့်ခမ်း၊ဇွန် ၁၀။
ရှမ်းပြည်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်၊ကောင်းတပ်ရွာမှာ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မိုင်းတွင်းသုံး ယမ်းဂိုဒေါင်ပေါက်ကွဲမှုကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
အဲဒီရွာ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော် (AA) ရဲ့ မီးနဂါးစစ်ဒေသကနေ ငွေကျပ်သိန်း ၁၀၀ ကို ကူညီထောက်ပံ့ပေးလိုက်တယ်လို့ သိရပါတယ်။
အဲဒီပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကလေးငယ်တွေအပါအဝင် လူပေါင်း ၄၃ဦး သေဆုံးခဲ့ရပြီး ၁၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အဲဒီထိခိုက်ဒဏ်ရာရသူတွေထဲမှာ ၃၇ ဦးကတော့ ဒဏ်ရာပြင်းထန်ခဲ့ပြီး လူနေအိမ် ၃၀၀ ကျော် ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး PSLF/TNLA အနေနဲ့ အလွန်ဝမ်းနည်းရကြောင်း ထုတ်ပြန်ထားပြီး သေဆုံးသူတွေအတွက် ရက်လည်ဆွမ်းကျွေး တရားနာခြင်းနဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို ထောက်ပံ့ငွေ ပေးအပ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။














