Border News Agency
အမေရိကန် ၊ဇွန် ၁၁။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အရှေ့အလယ်ပိုင်းမှာ ဗိုလ်ကျစိုးမိုးနေတဲ့သူ သေဆုံးသွားပြီဖြစ်သလို အီရန်နိုင်ငံအနေနဲ့လည်း လုံးဝရှုံးနိမ့်သွားပြီလို့ ဇွန်လ ၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။
အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ ပြန်မြင့်တက်လာချိန်မှာ သမ္မတထရန့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်ကနေတဆင့် အခုလို ထုတ်ဖော်ပြောလိုက်တာပါ။
ပဋိပက္ခတွေ အဆုံးသတ်ဖို့ သဘောတူညီချက်ရအောင် ညှိနှိုင်းရာမှာ အီရန်ဘက်က အချိန်အကြာကြီး ဆွဲထားခဲ့တဲ့အတွက် အခုတော့ သူတို့အတွက် အကြီးအကျယ် ပေးဆပ်ရတော့မှာ ဖြစ်တယ်လို့လည်း ထရန့်က သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကတည်းက ရထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေလည်း အခုတော့ တင်းမာမှုတွေကြောင့် ပျက်ပြားလုနီးပါး ဖြစ်နေပြီး အီရန်စစ်တပ်ဟာ အခုဆိုရင် လုံးဝရှုံးနိမ့်သွားပြီလို့ သူက ရေးသားထားပါတယ်။










