Border News Agency
ပဲခူး၊ ဇွန် ၂၃။
ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ ကရင်ပြည်နယ်ဘက်ကို သယ်ဆောင်မယ့်မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC)က ဇွန်လ ၂၂ ရက်၊ မန့ကထုတ်ပြန်ပါတယ်။
အဲဒီရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ကဝေါမြို့နယ်၊ ညောင်ခါးရှည်ရွာအနီးမှာ ဇွန်လ ၉ ရက်နေ့က ၂၂ ဘီးယာဉ်တစီးကို စစ်ဆေးရာကနေအိုက်စ် ၁ ဒသမ ၅ တန်ကျော်နဲ့ စိတ်ကြွဆေးပြား ၆ သန်းကျော်ကို ရှာဖွေတွေ့ရှိခဲ့တာလို့ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေရဲ့ ဒေသပေါက်ဈေးတန်ဖိုးဟာ ငွေကျပ် ၆၂ ဘီလီယံကျော်အထိ ရှိတယ်လို့လည်းဆိုပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေကို မူးယစ်ဆေးဝါးဥပဒေနဲ့ အရေးယူထားပြီး၊ ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။










