Border News Agency
သံတွဲ၊ ဩဂုတ် ၁၉။
သံတွဲမြို့နယ်၊ကျောက်ကြီးရွာကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ဒဏ်ရာရသူတွေကို အာရက္ခအစိုးရက ဩဂုတ်လ ၁၇ ရက်နေ့မှာ ကျပ် ၁၁၅ သိန်းသွားရောက်ထောက်ပံ့ခဲ့ပါတယ်။
အဲဒီထောက်ပံ့မှုမှာ ဒဏ်ရာအနည်းငယ်ရရှိသူ ၁၇ ဦး၊တဦးကို ကျပ် ၅ သိန်းနှုန်းနဲ့ ၈၅ သိန်း၊ဒဏ်ရာအလတ်စား ရရှိသူ ၃ ဦး၊တဦးကိုကျပ် ၁၀ သိန်းနှုန်းနဲ့ သိန်း ၃၀၊ စုစုပေါင်း ကျပ် ၁၁၅ သိန်း ပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် သေဆုံးသွားသူတွေရဲ့မိသားစုဝင်တွေနဲ့ နေအိမ်ထိခိုက်ပျက်စီးခဲ့ရသူတွေကိုလည်း အာရက္ခအစိုးရက ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။
အဲဒီသံတွဲမြို့နယ်၊ကျောက်ကြီးရွာကို သြဂုတ်လ ၁၀ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၆ ဦး သေဆုံးခဲ့ရပါတယ်။
အဲဒီအပြင်ဒဏ်ရာရရှိသူ ၁၈ ဦးရှိခဲ့ပြီး ပြည်သူ့နေအိမ် ၂၁ ဆောင်လည်း ပျက်စီးခဲ့ပါတယ်။

















