Border News Agency
စစ်တွေ၊ ဩဂုတ် ၂၀။
ရခိုင်လူမျိုးတွေရဲ့ စာပေ၊ယဉ်ကျေးမှုနဲ့ အသုံးအနှုန်းဆိုင်ရာလေ့လာတွေ့ရှိချက် အစီရင်ခံစာကို ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ မှတ်တမ်းအဖြစ်အတည်ပြုလိုက်ပါတယ်။
အဲဒီအစီရင်ခံစာကို တိုင်းရင်းသားလူမျိုးအရေး လေ့လာရေးကော်မတီကတင်ပြခဲ့တာဖြစ်ပြီး ရခိုင်စာပေနဲ့ ယဉ်ကျေးမှုဆိုင်ရာ လေ့လာတွေ့ရှိချက်တွေပါဝင်တာပါ။
အဲဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေဆွေးနွေးခဲ့ကြပြီးနောက် လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက တရားဝင်မှတ်တမ်းအဖြစ်ထားရှိကြောင်း ကြေညာခဲ့ပါတယ်။
အဲဒီအပြင်အစည်းအဝေးမှာ ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေကိုလည်း သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါတယ်။
အဲဒီပြည်နယ်လွှတ်တော်အစည်းအဝေးကို လွှတ်တော်ဥက္ကဋ္ဌ၊ဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွေကိုဆက်ကျင်းပသွားမှာ ဖြစ်ပါတယ်။












