Border News Agency
ညောင်လေးပင်၊ အောက်တိုဘာ ၂၃။
ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်ရှိကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့တိုက်ခိုက်လို့ အသက်ခုနှစ်ဆယ်ငါးနှစ်အရွယ် သက်ကြီးရွယ်အို အမျိုးသမီးတဦးသေဆုံးပြီး အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကထုတ်ပြန်ပါတယ်။
မုန်းမြို့နယ်၊ညောင်ခြေထောက်ကျေးရွာကို ကကွေးမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်က အောက်တိုဘာလ ၁၈ ရက်နေ့မှာ ဒရုန်းဗုံးလေးလုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် အသက်ခုနှစ်ဆယ်ရှစ်နှစ်အရွယ် ဒေါ်ငြိမ်းလှ သေဆုံးခဲ့ပြီး အမျိုးသမီး တဦးဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီအပြင် ဆောထိမြို့နယ်၊ထင်းကုန်းကျေးရွာကိုလည်း အောက်တိုဘာလ ၁၃ ရက်နေ့က အာဏာသိမ်းစစ်တပ်အသေခံဒရုန်းနှစ်စီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်နေအိမ်နှစ်လုံး ပျက်စီးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝှမ်းမှာအရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့လက်နက်ကြီး တိုက်ခိုက်မှုတွေကိုနေ့စဉ်ရက်ဆက် ပြုလုပ်ကာ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့ အသိပေးထားပါတယ်။












