Border News Agency
မိုးမောက်၊ အောက်တိုဘာ ၂၃။။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ဗန်းမော် – မံစီ – မိုးမောက်တကြောရှိ မိုးမောက်မြို့အထက် မြို့သစ်တံတားကိုအောက်တိုဘာလ ၂၃ ရက်၊ဒီနေ့ မနက် ၁၀ နာရီအချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ Y-12 နဲ့လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တံတားရဲ့ အစိတ်အပိုင်းအချို့ ထိမှန်ကာ ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။
အဲဒီဗန်းမော်၊ မံစီ နဲ့ မိုးမောက် မြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေထိတွေ့တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းပစ်ကူတွေကိုဆက်လက် အသုံးပြုနေတာဖြစ်ပါတယ်။
တံတားပျက်စီးသွားတာကြောင့် ဒေသခံတွေရဲ့ သွားလာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအတွက်အခက်အခဲတွေရှိလာနိုင်ပါတယ်။













