အာရက္ခဒေသ

သက်ငယ်မုဒိမ်းကျင့်လူသတ်သူ AAကို လနှစ်ဆယ်ကြာထိ အရေးမယူနိုင်သေး

Border News Agencyမောင်တော၊ ဇူလိုင် ၃၀။ အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားထားတဲ့ မောင်တောမြို့နယ်၊ လေးမိုင်၊ အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ရင်းရှေ့နားမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊စက်တင်ဘာလ ၂၈ ရက်နေ့က အသက်ဆယ်နှစ်အရွယ်သုံးတန်းကျောင်းသားကို AA တပ်ဖွဲ့ဝင်တဦးယောကျ်ားချင်းသက်ငယ်မုဒိမ်းကျင့်လူသတ်လူကျူးလွန်ခဲ့ပါတယ်။ အဲဒီအမှုဟာ...

Read more

ဘူးသီးတောင်က မာဒရာဆာကျောင်းသားတွေကို အစိုးရစာသင်ဖို့ ဆွေးနွေး

Border News Agencyဘူးသီးတောင်၊ ဇူလိုင် ၃၁။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်မြို့နယ်က မူဆလင်ကျောင်းသား၊ ကျောင်းသူတွေကို အစိုးရအတန်းစာပညာသင်ကြားရေးအတွက် ဇူလိုင်လ ၂၆ ရက်နေ့က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)နဲ့ မော်လဝီဆရာတွေ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီမောင်တောခရိုင်တာဝန်ရှိသူတွေ၊ မောင်တောခရိုင်အုပ်ချုပ်ရေး၊ ပညာရေးတာဝန်ရှိသူတွေ၊ ဘူးသီးတောင်မြို့နယ်တာဝန်ရှိသူတွေ၊...

Read more

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုတာ…

​Border News Agencyပုဏ္ဏားကျွန်း၊ ဇူလိုင် ၂၉။ ​အမျိုးသမီးတွေအပေါ် အကြမ်းဖက်တယ်ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါ မုဒိမ်းကျင့်လူသတ်တဲ့ကိစ္စကိုသာ ခေါ်တာမဟုတ်ပါဘူး။ ​အမျိုးသမီးတွေအပေါ် ရုပ်ပိုင်း၊စိတ်ပိုင်း၊လိင်ပိုင်းဆိုင်ရာကိုထိခိုက်အောင်ပြုလုပ်တာ၊အနိုင်ကျင့်တာ၊တရားမျှတမှုမရှိတာ၊ကျူးလွန်တဲ့ကိစ္စရပ်တိုင်းဟာလည်း အမျိုးသမီးတွေအပေါ် တနည်းနည်းနဲ့အကြမ်းဖက်ရာရောက်ပါတယ်။ ​မုဒိမ်းကျင့်၊လူသတ်မှု၊ရက်စက်ကြမ်းကြုတ်မှုတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ တောင်းဆိုကြတာကတပိုင်းပါ။ ​အမျိုးသမီးတွေကို အကြမ်းဖက်တယ်ဆိုတဲ့...

Read more

ပြည်သူတွေကို အာရက္ခကျန်းမာရေးဌာန သွားစမ်းသပ်ကုပေး

Border News Agencyကျောက်တော်၊ ဇူလိုင် ၂၈။ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေရှိ စစ်ဘေးရှောင်ပြည်သူတွေသွားရော​ဂါဝေဒနာရှင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ သွားနဲ့ခံတွင်းဆရာဝန်တွေဦးဆောင်ပြီး အခမဲ့စမ်းသပ်ကုပေးနေပါတယ်။ အဲဒီစစ်ရှောင်သွားရောဂါဝေဒနာရှင် တရာ့နှစ်ဆယ်ကို စမ်းသပ်ကုသပေးခဲ့ပြီး အဲဒီအထဲမှလူနာရှစ်ဆယ်ငါးယောက်ကို သွားနှုတ်၊သွားဖာပေးခဲ့ပါတယ်။ အဲဒီစစ်ရှောင်ပြည်သူတွေအပါအဝင် တခြားသွားရောဂါဝေဒနာရှင်တွေကိုလည်း အခမဲ့စမ်းသပ်ကုပေးနေပါတယ်။ အဲဒီသွားရောဂါလူနာရှင်တွေအပါအဝင် မျက်စိခွဲစိတ်ကုသပေးတာ၊ကာကွယ်ဆေးထိုးပေးတာ၊မိခင်နဲ့ကလေးကျန်းမာရေးစောင့်ရှောက်မှုတွေ၊...

Read more

သံတွဲမြို့နယ်ကို စစ်တပ်လေကြောင်း တိုက်ခိုက်

Border News Agencyသံတွဲ၊ ဇူလိုင် ၂၈။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်၊ လင်းမူးတောင်ကျေးရွာကို ဇူလိုင်လ ၂၇ ရက်၊ မနေ့ညက အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလင်းမူးတောင်ကျေးရွာကို ည ၁၀ နာရီခွဲအချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထန်းတောအနီးသို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့...

Read more

ကျောက်တော်ရှိရွာနှစ်ရွာမှာ ငှက်ဖျားပိုးတွေ့လို့ အာရက္ခကျန်းမာရေးဌာန စစ်ဆေး

Border News Agencyကျောက်တော်၊​ ဇူလိုင် ၂၈။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်ရှိ ငတရံရွာနဲ့ တောင်ပေါက်ရွာမှာ ငှက်ဖျားရောဂါအဖြစ်များနေတာကြောင့် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ ​အဲဒီဌက်ဖျားရောဂါအဖြစ်များနေတဲ့ရွာတွေကို မြို့နယ်အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (RRT) နဲ့ ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဇူလိုင်လ ၁၉...

Read more

ကပ်ဘေးစုံအကျပ်အတည်းကြား မြေယာပဋိပက္ခများ

Border News Agencyကျောက်တော်၊ ဇူလိုင် ၂၈။ ရခိုင်ဒေသဟာ သဘာဝကပ်ဘေးနဲ့ လူလုပ်ကပ်ဘေးနှစ်ခုကြားမှာ လူသားချင်းစာနာမှုအကျပ်အတည်းဆိုက်နေပါတယ်။ ကမ္ဘာမှာလည်း ကပ်ဘေးကာလနဲ့ ကပ်ဘေးအလွန်ကာလတွေမှာ မြေယာပြဿနာတွေဟာ နက်နက်ရှိုင်းရှိုင်းကြီးကိုကျန်ခဲ့ပါတယ်။ မြေယာပြဿနာတွေဟာ စီးပွားရေးကျဆင်းမှု၊ လူမှုပဋိပက္ခ၊ အငြင်းပွားမှု၊ နာကျည်းမှုတွေနဲ့ဒွန်တွဲနေပါတယ်။ ရခိုင်မြေယာပြဿနာအတွက်...

Read more

ပုဏ္ဏားကျွန်းမှာ ခမီရိုးရာယာဟင်းကိုင်ပွဲကျင်းပ

Border News Agencyပုဏ္ဏားကျွန်း၊​ ဇူလိုင် ၂၇။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ခမီလူမျိုးတွေရဲ့ရိုးရာဓလေ့ယာဟင်းကိုင်ပွဲကို ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ​အဲဒီပွဲသို့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တာဝန်ရှိသူတွေ၊ ခမီလူမျိုးစုရေးရာအကြီးအကဲတွေနဲ့ ဒေသခံတွေတက်ရောက်ခဲ့ကြတာပါ။ ​ခမီရိုးရာယာဟင်းကိုင်ပွဲဟာ စိုက်ပျိုးထားတဲ့သီးနှံတွေဖြစ်ထွန်းအောင်မြင်ဖို့ နတ်ဒေဝါတွေကိုကြက်သွေး၊...

Read more

ပုဏ္ဏားကျွန်းမုဒိမ်းမှု တရားခံသုံးဦးကိုဖမ်းဆီး

Border News Agencyပုဏ္ဏားကျွန်း၊​ ဇူလိုင် ၂၇။ ​ပုဏ္ဏားကျွန်းမြို့နယ်မှာ အသက်နှစ်ဆယ့်သုံးနှစ်အရွယ်အမျိုးသမီးတဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ အမျိုးသားသုံးဦးကို ဇူလိုင်လ ၂၄ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနက ဇူလိုင်လ ၂၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ ​ပြီးခဲ့တဲ့ဇူလိုင်လ...

Read more

ပုဏ္ဏားကျွန်းကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

Border News Agencyပုဏ္ဏားကျွန်း၊ ဇူလိုင် ၂၇ ။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ဇူလိုင်လ ၂၇ ရက်နေ့၊ မနက် ၆ နာရီကျော်အချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအာဏာသိမ်စစ်တပ်တိုက်လေယာဥ်နှစ်စီးဟာ လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့လို့ တုန်ခါမှုတွေကို မြောက်ဦးမြို့နယ်ကထိကြားကြရပါတယ်။ နောက်ဆက်တွဲသတင်းတွေကို...

Read more
Page 32 of 171 1 … 31 32 33 … 171

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here