စစ်တွေခရိုင်

အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေကို စစ်တပ်ကနေ့စဉ်လေကြောင်းတိုက်ခိုက်နေ

​Border News Agencyပုဏ္ဏားကျွန်း၊စက်တင်ဘာ ၂၈။ ​အာရက္ခတပ်တော် (AA)ထိန်းချုပ်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာလလ ၁ ရက်နေ့မှဒီနေ့ထိ နေ့စဥ်လေကြောင်းတိုက်ခိုက်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အဲ​ဒီရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊ပေါက်တော၊အမ်း၊ဂွ၊သံတွဲ စတဲ့မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်နေတာပါ။ အဲဒီလိုလေကြောင်းတိုက်ခိုက်နေတာကြောင့် ပြည်သူခြောက်ဦးသေဆုံးခဲ့ပြီး ဆယ့်ငါးဦးဒဏ်ရာရသွားခဲ့တယ်လို့ စက်တင်ဘာလ...

Read more

အာရက္ခဒေသအနှံ့စစ်တပ်ကြောင့် သမိုင်းဝင်ဘုရားသိမ်၊ကျောင်းတွေနဲ့အိမ်တွေပျက်စီး

​Border News Agencyပေါက်တော၊စက်တင်ဘာ ၂၈။ ​အာရက္ခဒေသအနှံ့ကမြို့ရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ ၁၇ ရက်မှ ၂၇ ရက်ထိ ၁၀ ရက်တာအတွင်း လေကြောင်း၊လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ​အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပေါက်တော၊ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ ကျိန္တလီမြို့နယ်တို့က စာသင်ကျောင်းတွေ၊...

Read more

ရခိုင်ကမ်းရိုးတန်းမှာ လှိုင်းဆယ်ပေအထိမြင့်တက်နိုင်တယ်လို့ မိုးဇလသတိပေး

​Border News Agencyစစ်တွေ၊စက်တင်ဘာ ၂၆။ ​ရခိုင်ကမ်းရိုးတန်းတလျှောက်ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ကနေလှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေခန့်အထိ မြင့်တက်လာနိုင်တာကြောင့် ပင်လယ်ပြင်ခရီးသွားလာသူတွေအနေနဲ့ အထူးသတိပြုကြဖို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။ ​ဒီလိုလှိုင်းကြီးနိုင်တဲ့ မိုးလေဝသအခြေအနေဟာ စက်တင်ဘာလ ၂၆...

Read more

မြန်မာ့အရေး ကုလသမဂ္ဂညီလာခံမှာ ထည့်သွင်းဆွေးနွေးဖို့ UNOCHA တောင်းဆို

​Border News Agencyပုဏ္ဏားကျွန်း၊ စက်တင်ဘာ ၂၄။ မြန်မာနိုင်ငံတဝှမ်း ပဋိပက္ခ၊ထပ်ဖန်တလဲလဲဖြစ်ပွားနေတဲ့ သဘာဝဘေးအန္တရာယ်နဲ့ နေရပ်စွန့်ခွာမှုတွေကြောင့်လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေဆက်လက်တိုးပွားနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာလ ၂၄ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။ ​မြေပြင်မှာ စစ်ပွဲတွေနဲ့ သဘာဝဘေးအန္တရာယ်တွေဆက်တိုက်ကြုံတွေ့နေရကြောင့်...

Read more

အယ်လ်နီညိုကြောင့် လူပေါင်းလေးသိန်းခွဲခန့် သေဆုံးနိုင်

​Border News Agencyရသေ့တောင်၊ စက်တင်ဘာ ၂၄။ ​ကမ္ဘာပေါ်မှာဖြစ်ပေါ်နေတဲ့ ပြင်းထန်တဲ့ စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် လာမယ့်ခြောက်လအတွင်း လူပေါင်းလေးသိန်းခွဲနီးပါး သေဆုံးနိုင်တယ်လို့ ရာသီဥတုဆိုင်ရာသိပ္ပံပညာရှင်တွေရဲ့ အစီရင်ခံစာသစ်မှာခန့်မှန်းထားပါတယ်။ ​ဒီအယ်လ်နီညိုဖြစ်စဉ်ဟာ လာမယ့်လတွေမှာ အရှိန်ပိုမိုမြင့်တက်လာမှာဖြစ်ပြီး အာရှတောင်ပိုင်း၊ အာဖရိကနဲ့ အမေရိကဒေသအများအပြားမှာ ပြင်းပြင်းထန်ထန်သက်ရောက်မှုတွေရှိလာနိုင်တာပါ။...

Read more

ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးသေဆုံး 

Border News Agencyပုဏ္ဏားကျွန်း၊စက်တင်ဘာ ၂၃။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံးသွားခဲ့ပါတယ်။ အဲဒီဖက်ကျကျေးရွာကို စက်တင်ဘာလ ၂၃ရက်၊ ဒီနေ့ မနက် ၁၂ နာရီ၄၀ မိနစ်အချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းမှဗုံးအလုံးရေနှစ်ဆယ်နီးပါးနဲ့တိုက်ခိုက်ခဲ့တာပါ။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ဖက်ကျရွာမှာစစ်ဘေးရှောင်နေတဲ့...

Read more

စစ်တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲမှာ အာဏာသိမ်းစစ်သားအများအပြားသေဆုံး

​Border News Agencyစစ်တွေ၊စက်တင်ဘာ ၂၀။ ​စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်တပ်ဆီမှ လက်နက်ခဲယမ်းတွေစစ်အသုံးအဆောင်ပစ္စည်းတွေ၊စစ်သုံ့ပန်းတွေနဲ့ အလောင်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ကထုတ်ပြန်ပါတယ်။ ​အဲဒီတိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို တိုက်ပွဲအတွင်းစစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။...

Read more

ရသေ့တောင်မှာ အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ သားအမိနှစ်ဦးသေဆုံး

​Border News Agencyရသေ့တောင်၊စက်တင်ဘာ ၂၀။ ​ရသေ့တောင်မြို့နယ်၊ဇီးကိုင်းကျေးရွာကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်တွေမြို့ရှိ တပ်ရင်းတွေဆီကရွယ်ရည်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ပတ်ခတ်ခဲ့တာကြောင့် သားအမိနှစ်ဦး သေဆုံးခဲ့ပါတယ်။ အဲဒီဇီးကိုင်းကျေးရွာမှမိခင်ဖြစ်သူ အသက်ခုနှစ်ဆယ်နှစ်နှစ်အရွယ် ဒေါ်အေးနုဖြူနဲ့ သမီးဖြစ်သူအသက်လေးဆယ်တနှစ်အရွယ် ဒေါ်မရွှေတင်တို့သေဆုံးခဲ့ကြတာပါ။ အဲဒီစစ်တွေမြို့ရှိအာဏာသိမ်းစစ်တပ်ရဲ့ တပ်​ရင်းတွေဆီက စက်တင်ဘာလ ၂၀...

Read more

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေအကူအညီလိုအပ်နေ

​Border News Agencyပုဏ္ဏားကျွန်း၊စက်တင်ဘာ ၂၁။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေဟာ ထောက်ပံ့မှုတွေမရှိသလောက်နည်းနေတာမို့ စားဝတ်နေရေးအကူအညီတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။ အဲဒီ​စစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်အခွင့်အလမ်းကင်းမဲ့နေကြသလို ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်လာတာကြောင့် စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို အပြင်းအထန်ရင်ဆိုင်နေကြရတာပါ။ “ကျနော်တို့မှာဘာအလုပ်မှ နည်းနည်းပါးပါးတောင်ရှိကြတာမဟုတ်ပါဘူး။ဒီမှာနေကြတဲ့ လူတွေမှာလည်းဘာအလုပ်မှရှိကြတာမဟုတ်ပါဘူး။ဆန်ဈေးတွေတက်နေပါတယ်။အရင်ကတောင်းစားရမှာ ရှက်တဲ့သူတွေတောင် အခုလမ်းမပေါ်မှာအိတ်တွေနဲ့...

Read more

ရခိုင်မှာ လူမျိုးတုန်းသတ်ဖြတ်ဖို့အမိန့်ပေးထားကြောင်း စစ်သုံ့ပန်းတွေဝန်ခံ

​Border News Agencyပုဏ္ဏားကျွန်း၊ စက်တင်ဘာ ၂၀။ ​စစ်တွေနဲ့ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲတွေမှာ ဖမ်းဆီးရထားတဲ့အာဏာသိမ်းစစ်သားတွေနဲ့လက်နက်ခဲယမ်းတွေကို အာရက္ခတပ်တော်(AA)က စက်တင်ဘာလ ၂၀ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။ ​အဲဒီစစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်ကျေးရွာနဲ့အမြင့်ကျွန်းကျေးရွာကြား စက်တင်ဘာလ ၁၆ ရက်နေ့က တိုက်ပွဲမှာ ပခုက္ကူအခြေစိုက်အမှတ်(၁၀၁) တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းတွေမှ...

Read more
Page 1 of 28 1 2 … 28

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here