Border News Agency
ထိုင်း၊သြဂုတ် ၆
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဒီနေ့မနက်မှာ ထိုင်းနိုင်ငံကိုရောက်နေပါတယ်။
အဲဒီအာဏာသိမ်းစစ်ခေါင်းဆောင်ဦးဆောင်အဖွဲ့ကို ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကြိုကြတာပါ။
အာဏာသိမ်းစစ်တပ်နဲ့ ထိုင်းအစိုးရကြား နှစ်နိုင်ငံဆက်ဆံရေးနဲ့ပေါင်းလုပ်မယ့်ကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။










