အာရက္ခဒေသ

ပုဏ္ဏားကျွန်းက စစ်ဘေးရှောင်တွေ အကူအညီတွေလိုအပ်နေ

​Border News Agencyပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၂။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတချို့မှာ ကူညီကယ်ဆယ်ရေးထောက်ပံ့မှုတွေ အပိတ်ခံထားရတာမို့ စားဝတ်နေရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။ အဲဒီ​ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းဆယ်ခုမှာ ကူညီကယ်ဆယ်ရေးမရတာကြာပြီလို့ဆိုကြပါတယ်။ ​"ကယ်ဆယ်ရေးမရတာတော့ ကြာပါပြီ။ ဘာကြောင့်လဲဆိုပြီး စစ်ဘေးရှောင်စခန်းတာဝန်ခံတွေကိုမေးကြည့်တော့...

Read more

အာဏာသိမ်းစစ်တပ်လေကြောင်းရန်ကို ဘယ်လိုကာကွယ်မလဲ

Border News Agencyကျောက်တော်၊ အောက်တိုဘာ ၂။ ​အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားနေရာတွေကို ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်နေတာကြောင့် ပြည်သူတွေဘေးကင်းလုံခြုံမယ့်နည်းလမ်းတွေကို စနစ်တကျလိုက်နာဆောင်ရွက်သင့်ပါတယ်။ ​၁။ဗုံးမကြဲမီကြိုတင်ပြင်ဆင်ထားရမယ့်အချက်တွေ...။ ​ဗုံးခိုကျင်း/ကတုတ်ကျင်းတွေကြိုတင်တူးထားပါ။ မိမိအိမ်ဝင်း သို့မဟုတ် အနီးဝန်းကျင်မှာ အနက် ၄ ပေမှ ၅...

Read more

ကျောက်တော် သကြားရွာဘုန်းကြီးကျောင်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ပျက်စီး(ဓာတ်ပုံသတင်း)

​Border News Agencyကျောက်တော်၊အောက်တိုဘာ ၁။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်၊သကြားကျေးရွာရှိ ဘုန်းကြီးကျောင်းနဲ့အရပ်သားပြည်သူတွေရဲ့ စိုက်ပျိုးခင်းတွေကို အောက်တိုဘာလ ၁ ရက်၊ဒီနေ့ နေ့လည်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သကြားကျေးရွာဘုန်းကြီးကျောင်းဆောင်ထိမှန်ပျက်စီးခဲ့ပေမယ့် သီတင်းသုံးနေတဲ့ရဟန်းသံဃာတော်တွေထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဘေးလွတ်ခဲ့ကြတာဖြစ်ပါတယ်။ ​အဲဒီအပြင်အရပ်သားတွေရဲ့ စိုက်ပျိုးခင်းတွေကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ခရမ်းချဉ်ပင်တွေလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။...

Read more

ကျောက်တော်ကို အာဏာသိမ်းစစ်တပ်ထပ်မံ လေကြောင်းတိုက်ခိုက်

​Border News Agencyကျောက်တော်၊အောက်တိုဘာ ၁။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို အောက်တိုဘာလ၁ ရက်၊ ဒီနေ့ နေ့လည် ၁ နာရီအချိန်က အာဏာသိမ်းစစ်တပ်ကထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီကျောက်တော်မြို့ ပေါ် လမ်းမတော်ရပ်ကွက်နဲ့ ဇီးချောင်းကျေးရွာဘက်သို့ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။ ဒါပေမယ့်...

Read more

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် တော်လှန်ရေးအဖွဲ့သုံးဆယ်ခန့် ပူးတွဲရှုတ်ချ

​Border News Agencyကျောက်တော်၊ အောက်တိုဘာ ၁။ ​ကျောက်တော်မြို့အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ တော်လှန်ရေးနဲ့ လူထုအဖွဲ့အစည်းနှစ်ဆယ့်ကိုးဖွဲ့က စက်တင်ဘာလ ၃၁ ရက်နေ့မှာ ပူးတွဲရှုတ်ချလိုက်ပါတယ်။ ​ကျောက်တော်မြို့ အိန္ဒိယဈေးအနီးကို စက်တင်ဘာလ ၂၈ ရက်နေ့က...

Read more

ကျောက်တော်လေကြောင်းတိုက်ခိုက်တာဟာ​ လူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်တာလို့ EU ဆို

​Border News Agencyကျောက်တော်၊ အောက်တိုဘာ ၁။ ​ကျောက်တော်မြို့နယ်အိန္ဒိယဈေးကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ငါးဆယ်သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂ (EU) ပြောရေးဆိုခွင့်ရှိသူက ကန့်ကွက်ရှုတ်ချကြောင်း အောက်တိုဘာလ ၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ ​ကျောက်တော်မြို့နယ်ရှိ...

Read more

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် MTC/MDF ရှုတ်ချ

​Border News Agencyကျောက်တော်၊အောက်တိုဘာ ၁။ ​ကျောက်တော်မြို့အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားကို အာဏာသိမ်းစစ်တပ်ကလေကြောင်းမှတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/MDF) က စက်တင်ဘာလ ၃၁ ရက်နေ့မှာ ရှုတ်ချလိုက်ပါတယ်။ ​ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က စစ်ဖက်ဆိုင်ရာတိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပြည်သူတွေစီးပွားရေးနဲ့ကုန်သွယ်ရောင်းဝယ်နေတဲ့...

Read more

ပုဏ္ဏားကျွန်းမြို့နယ်ကို လေကြောင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီး

​Border News Agencyပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၁။ ​အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာအနီးရှိ စစ်ဘေးရှောင်တွေနေထိုင်ရာ အိုးအိမ်ကို စက်တင်ဘာလ ၃၀ ရက်၊ ည ၉ နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်တိုက်လေယာဥ်နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။...

Read more

AA ထိန်းချုပ်သုံးမြို့နယ်ကို လေကြောင်းတိုက်ခိုက်လို့ တဦးသေပြီးရှစ်ဦးဒဏ်ရာရ

Border News Agencyပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၁ ။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သုံးမြို့နယ်ကို စက်တင်ဘာလ ၃၀ ရက်နေ့ညက အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီရသေ့တောင်၊ပုဏ္ဏားကျွန်း၊ပေါက်တော သုံးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်ဆိပ်ကျေးရွာအနီးကို...

Read more

ကျောက်တော် လေကြောင်းတိုက်ခိုက်ခံရမှု အချက်အလက်တွေပေးပို့ဖို့ IIMM တောင်းဆို

​Border News Agencyကျောက်တော်၊ အောက်တိုဘာ ၁။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ် အိန္ဒိယဈေးအနီးကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ မျက်မြင်တွေ့ရှိသူတွေနဲ့ အကျိုးအကြောင်းသိရှိထားသူတွေအနေနဲ့ သတင်းအချက်အလက်တွေ မျှဝေပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က တောင်းဆိုလိုက်ပါတယ်။ ကျောက်တော်မြို့...

Read more
Page 2 of 168 1 2 3 … 168

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here