မြေပုံမြို့နယ်

မြေပုံမြို့နယ် သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မြေပုံမြို့ ဖြစ်သည်။ ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် မြို့နယ်၏ နေရာဒေသအများစုတွင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

ပြင်ချောင်းရပ် ကွင်းအမှတ်(၁၈-ခ)ထဲက ပုစွန်တာပြဿနာ- ၂

Border News Agencyမြေပုံ၊ စက်တင်ဘာ ၁။ ​သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့​ ရပ်ရွာလူမှုစီးပွားဘဝအပေါ်သက်ရောက်မှု ​ကွင်းအမှတ်(၁၈-ခ)ထဲက ပုဇွန်တာကိစ္စဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ ရပ်ရွာလူမှုစီးပွားဘဝအပေါ်မှာ ထိခိုက်မှုသိပ်မရှိပါဘူး။ ဘာကြောင့်ဆို ရပ်ရွာဒေသခံတွေကိုယ်တိုင် ဆန်စပါးစိုက်ပျိုးရေးလုပ်ကွက်နဲ့ ငါး၊ပုဇွန်မွေးမြူရေးလုပ်ကွက်တွေသတ်မှတ်ထားတာကြောင့်ပါ။ အဲဒီနေရာမှာ ရိုးရာအကဲဖြတ်ဂေဟဗေဒအသိပညာ (Traditional Ecological...

Read more

ပြင်ချောင်းရပ် ကွင်းအမှတ် (၁၈-ခ)ထဲက ပုဇွန်တာပြဿနာ

Border News Agencyမြေပုံ၊ ဩဂုတ် ၂၉။ ပုဇွန်တာ ပြဿနာ ဘယ်လိုဖြေရှင်းမလဲ ပုဇွန်တာရဲ့သဘောက ချောင်းငယ်တွေကိုပိတ်ပြီး ငါး၊ပုဇွန်တွေမွေးတဲ့လုပ်ငန်းပါ။ ရေချိုနဲ့ရေငန်ထိစပ်တဲ့ ဒီရေတောနေရာရဲ့ သဘာဝကိုအခြေပြုတဲ့ လူမှုစီးပွားလုပ်ငန်း(ရေလုပ်ငန်း)လို့ပြောလို့ရပါတယ်။ ရခိုင်ဒေသထဲက ရေချိုရေငန်ထိစပ် ဒီရေတောနေရာက ချောင်းငယ်၊မြောင်းငယ်တွေကို တာတမံ...

Read more

လူမှုကွန်ရက်နဲ့မူးယစ်ဆေးကြောင့် သက်ငယ်မုဒိန်းမှုတွေပိုဖြစ်လာ

​Border News Agencyမြောက်ဦး၊ဩဂုတ် ၂၃။ ​လူမှုကွန်ရက်မဆင်မခြင်အသုံးပြုတာနဲ့ မူးယစ်ဆေးဝါးသောက်သုံးမှုတွေကြောင့် ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ သက်ငယ်မုဒိမ်းမှုတွေပိုဖြစ်လာနေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဗဟိုပါတီရုံးက ပြောပါတယ်။ ​"သက်ငယ်မုဒိန်းမှုဖြစ်ပွားရတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ မူးယစ်ဆေးဝါးနဲ့အရက်ကိုအလွန်အကျွံသောက်သုံးတာကြောင့် အသိစိတ်ပျောက်ဆုံးတာ၊လူမှုကွန်ရက်ပေါ်က အညစ်အညမ်းစာသားတွေနဲ့ ရုပ်သံတွေကိုကြည့်ရှုစွဲလမ်းတာတွေ ပါဝင်တယ်။"လို့...

Read more

မြေပုံမြို့နယ် စညှင်းရွာ ရေကြီးနေ

Border News Agencyမြေပုံ၊ သြဂုတ် ၇။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြေပုံမြို့နယ်၊ စညှင်းကျေးရွာမှာ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာအတွင်း ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပါတယ်။ အဲဒီစညှင်းကျေးရွာမှာ ဩဂုတ်လ ၆ ရက်၊ မနက်ပိုင်းကစပြီးရွာသွန်းခဲ့တဲ့မိုးကြောင့် ကျေးရွာအတွင်းရှိနေအိမ်တွေနဲ့ လမ်းမတွေပေါ်ကို ရေတွေအရှိန်အဟုန်နဲ့ စတင်ဝင်ရောက်လာခဲ့တာပါ။...

Read more

မြေပုံမှာ ရေဘေးသင့်သူတွေအတွက် ကျပ်သိန်းသုံးရာ လှူ

Border News Agencyမြေပုံ၊ သြဂုတ် ၂။ ​အာရက္ခရေဘေးသင့်ပြည်သူတွေအတွက် မြေပုံမြို့နယ်သံဃာအကျိုးဆောင် အဖွဲ့ ဆရာတော်တွေနဲ့ ဒေသခံတွေ စုပေါင်းလှူဒါန်းတဲ့ ကျပ်သိန်းသုံးရာကို ဩဂုတ်လရက်နေ့ ၁ မနက်ပိုင်းမှာ အဉ္ဇနပူရခရိုင်ပါတီကော်မတီကိုပေးအပ်ခဲ့ပါတယ်။ အဲဒီ​လှူဒါန်းပွဲကို ဒီနေ့မနက် ၁၀နာရီမှာ ပြုလုပ်ခဲ့ပြီး...

Read more

မြေပုံမှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦး ခြေတဖက်ပြတ်ထွက်

Border News Agencyမြေပုံ၊ မေ ၁၉။ မြေပုံမြို့နယ်မှာမြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးခြေတဖက်ပြတ်ထွက်သွားတယ်လို့သိရပါတယ်။ အဲဒီမြေပုံမြို့နယ်၊မောင်းချောင်းရွာမှ အသက်လေးဆယ်အရွယ်ဦးမောင်ဝင်းလှိုင်ခြေတဖက်ပြတ်ထွက်သွားတာပါ။ ဦးမောင်ဝင်းလှိုင်ဟာ မေလ ၁၈ရက်၊ နေ့လည် ၃ နာရီအချိန်ခန့်ကဝါးခုတ်ဖို့အတွက်အာဏာသိမ်းစစ်တပ်စခန်းချခဲ့တဲ့နေရာကိုသွားတဲ့အချိန် မြေမြုပ်မိုင်းတလုံးကို တက်နင်းမိလို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ အဲဒီလိုပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့်...

Read more

​မြေပုံမှာ တရားမဝင် အရက်ဘီယာတွေကို အာရက္ခအစိုးရ သိမ်းဆည်း

​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြေပုံမြို့မှာတရားမဝင် ပြည်ပအရက်နဲ့ ဘီယာတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ အာရက္ခဒေသအတွင်း တရားမဝင် အရက်၊ ဘီယာတွေကင်းဖို့အတွက် DLEPS တပ်ဖွဲ့ဝင်တွေက မြို့ပေါ်ရှိ အရက်ဖြန့်ဖြူးတဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကိုပါမကျန် လိုက်လံစစ်ဆေးခဲ့တာပါ။ ​အဲဒီလို စစ်ဆေးရာမှာ မြေပုံမြို့၊သဲတန်းရပ်ကွက်ကနေ ANDAMAN ဘီယာ ၂၄ ဖာနဲ့ Grand Sherry Cask အရက် ၂၁ ဖာကျော်ကို သက်သေခံပစ္စည်းတွေအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။ ​အဲဒီသိမ်းဆည်းရမိတဲ့ ပြည်ပအရက်တွေကို စနစ်တကျထိန်းသိမ်းထားပြီး တရားမဝင် ရောင်းချသူတွေကိုလည်း အာရက္ခအစိုးရရဲ့ ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ ​အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ၂၀၂၄ ခုနှစ်ကတည်းက ဒေသတွင်းကို ပြည်ပအရက်၊ဘီယာနဲ့ ဝိုင်တွေ တင်သွင်းရောင်းချတာကို ပိတ်ပင်ထားခဲ့တာကြောင့် အခုလို စစ်ဆေးဖမ်းဆီးမှုတွေ ဆောင်ရွက်နေတာပါ။ ​ဒီလို စစ်ဆေးမှုတွေကို အာရက္ခဒေသ တခုလုံးအတိုင်းအတာနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို ဖမ်းမိထားတဲ့ တရားမဝင်ကုန်ပစ္စည်းတွေကိုလည်း မီးရှို့ဖျက်ဆီးသွားမယ်လို့ DLEPS က အသိပေးထားပါတယ်။

Read more

မြေပုံမှာ ရေခပ်သွားတဲ့အမျိုးသမီးတဦး ရေကန်ထဲပြုတ်ကျသေဆုံး

Border News Agency  မြေပုံ၊ ဖေဖော်ဝါရီ ၂၃။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့မြေပုံမြို့မှာ ဖေဖော်ဝါရီလ ၂၃ ရက်၊ ဒီနေ့မနက်ပိုင်းက အသက် ၅၁ နှစ်အရွယ်အမျိုးသမီးတဦး ရေခပ်သွားရင်းရေကန်ထဲ ချော်ကျပြီးသေဆုံးသွားခဲ့ပါတယ်။ ​မြေပုံမြို့၊ မြောက်ပိုင်းရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်သိန်းမြဦးဟာ ရပ်ကွက်ထဲက ကန်တော်ကြီးကို ရေခပ်ဖို့သွားရင်းနဲ့ အခုလို မတော်တဆဖြစ်ခဲ့တာလို့ သိရပါတယ်။ အဲဒီသေဆုံးသူရဲ့ ရုပ်အလောင်းကို DLEPS ဌာနက ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ စစ်ဆေးဆောင်ရွက်နေပြီး ဒီနေ့ညနေပိုင်းမှာပဲ သင်္ဂြိုဟ်ပေးသွားမှာ ဖြစ်ပါတယ်။ အာရက္ခပြည်အတွင်းမှာ အခုလိုရေနစ်သေဆုံးမှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့မိုးရာသီကာလအတွင်းမှာလည်း မြို့နယ်အသီးသီးမှာ ရေနစ်သေဆုံးသူ အများအပြားရှိခဲ့ပါတယ်။ အဲဒီလိုဖြစ်စဉ်တွေ များပြားနေတာကြောင့် မိသားစုဝင်တွေအနေနဲ့ မိမိတို့အိမ်က ကလေးငယ်တွေကို ရေကန်၊ မြစ်၊ ချောင်းကမ်းစပ်တွေမှာအန္တရာယ်မဖြစ်အောင် အရင်ကထက် ပိုပြီးဂရုစိုက်ကြည့်ရှုကြဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

Read more

မြေပုံမှာ ပျောက်ဆုံးနေတဲ့စက်လှေတွေကို အာရက္ခအစိုးရက ပိုင်ရှင်တွေဆီပြန်ပေး

Border News Agencyမြေပုံ၊ ဒီဇင်ဘာ ၁၉။ မြေပုံမြို့နယ်မှာ ပျောက်ဆုံးနေတဲ့ဖိုင်ဘာစက်လှေတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(DLEPS)မှ ပိုင်ရှင်တွေဆီပြန်ပေးခဲ့ပါတယ်။ အဲဒီသိမ်းဆည်းရမိထားတဲ့ ဖိုင်ဘာစက်လှေဆယ်စီးကို ဒီဇင်ဘာလ ၁၈ ရက်၊ညနေ ၄ နာရီအချိန်ခန့်က DLEPS အဖွဲ့က ပိုင်ရှင်တွေဆီပြန်ပေးလိုက်တာပါ။ အဲဒီအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာနမှတပ်မှူးတွေ၊တပ်ဖွဲ့ဝင်တွေ၊...

Read more

“ငတ်ပြီးသေရမှာလည်းကြောက်ရပါတယ်။ ကလေးတွေလည်းပါတော့…”

အင်တာဗျူးBorder News Agencyမြောက်ဦး၊ အောက်တိုဘာ ၂၇။ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေရှိစစ်ဘေးရှောင်တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေမရကြတာမို့ စားဝတ်နေရေးအခက်အခဲတွေကို ရင်ဆိုင်နေကြရပါတယ်။ အဲဒီမြောက်ဦးမြို့မှ စစ်ဘေးရှောင်အမျိုးသမီးဒေါ်လှမြသန်းက သူမတို့ကြုံတွေ့နေရတာတွေကို ပြောပြဖူးပါတယ်။ "စစ်တွေကနေ စစ်ဘေးရှောင်လာတာပါ။ အခက်အခဲကတော့ ည ၁၂ နာရီမှာခိုးပြီးလာခဲ့ရတာပါ။ ဆတ်ရိုးကျတံတားကနေပြီးတော့...

Read more
Page 1 of 3 1 2 3

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here