Border News Agency
ပန်ဆိုင်း၊၂၃။
ကိုးကန့်တပ် (MNDAA)ထိန်းချုပ်ထားတဲ့ ပန်ဆိုင်းမြို့မှာ ရောက်ရှိနေကြတဲ့ စစ်ရှောင်ပြည်သူတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အာရက္ခတပ်တော် (AA) က ဆန်အိတ်တွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့သိရပါတယ်။
အာရက္ခတပ်တော်မီးနဂါးစစ်ဒေသက ဇွန်လ ၁၉ ရက်၊မနက်ပိုင်းမှာ ဆန်အိတ် ၆၇ အိတ်ကို ကချင်စာပေနဲ့ ယဉ်ကျေးမှုအသင်းကတဆင့် ပေးအပ်ခဲ့တာပါ။
“ဒီမှာကတိုက်ပွဲကာလအတွင်း ရောက်လာတဲ့သူတွေလည်း ရှိတယ်။နောက်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေလည်းရှိတယ်။အလုပ်အကိုင် ရှားပါးတော့ တော်တော်ခက်ခဲကြတယ်။ အခုလို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။” လို့ ကချင်ယဉ်ကျေးမှုအသင်းဝင် အမျိုးသမီးတဦးကပြောပါတယ်။
အဲဒီ ပန်ဆိုင်းမြို့ကိုရောက်ရှိနေကြတဲ့ စစ်ရှောင်တွေနဲ့ အလုပ်သမားတွေဟာ အလုပ်အကိုင် ရှားပါးမှုကြောင့် စားဝတ်နေရေးအပြင် အိမ်လခပေးဆောင်ဖို့အတွက်ပါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။













