အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြေပုံမြို့မှာတရားမဝင် ပြည်ပအရက်နဲ့ ဘီယာတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ အာရက္ခဒေသအတွင်း တရားမဝင် အရက်၊ ဘီယာတွေကင်းဖို့အတွက် DLEPS တပ်ဖွဲ့ဝင်တွေက မြို့ပေါ်ရှိ အရက်ဖြန့်ဖြူးတဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကိုပါမကျန် လိုက်လံစစ်ဆေးခဲ့တာပါ။ အဲဒီလို စစ်ဆေးရာမှာ မြေပုံမြို့၊သဲတန်းရပ်ကွက်ကနေ ANDAMAN ဘီယာ ၂၄ ဖာနဲ့ Grand Sherry Cask အရက် ၂၁ ဖာကျော်ကို သက်သေခံပစ္စည်းတွေအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီသိမ်းဆည်းရမိတဲ့ ပြည်ပအရက်တွေကို စနစ်တကျထိန်းသိမ်းထားပြီး တရားမဝင် ရောင်းချသူတွေကိုလည်း အာရက္ခအစိုးရရဲ့ ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ၂၀၂၄ ခုနှစ်ကတည်းက ဒေသတွင်းကို ပြည်ပအရက်၊ဘီယာနဲ့ ဝိုင်တွေ တင်သွင်းရောင်းချတာကို ပိတ်ပင်ထားခဲ့တာကြောင့် အခုလို စစ်ဆေးဖမ်းဆီးမှုတွေ ဆောင်ရွက်နေတာပါ။ ဒီလို စစ်ဆေးမှုတွေကို အာရက္ခဒေသ တခုလုံးအတိုင်းအတာနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို ဖမ်းမိထားတဲ့ တရားမဝင်ကုန်ပစ္စည်းတွေကိုလည်း မီးရှို့ဖျက်ဆီးသွားမယ်လို့ DLEPS က အသိပေးထားပါတယ်။
Read moreBorder News Agency မြေပုံ၊ ဖေဖော်ဝါရီ ၂၃။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့မြေပုံမြို့မှာ ဖေဖော်ဝါရီလ ၂၃ ရက်၊ ဒီနေ့မနက်ပိုင်းက အသက် ၅၁ နှစ်အရွယ်အမျိုးသမီးတဦး ရေခပ်သွားရင်းရေကန်ထဲ ချော်ကျပြီးသေဆုံးသွားခဲ့ပါတယ်။ မြေပုံမြို့၊ မြောက်ပိုင်းရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်သိန်းမြဦးဟာ ရပ်ကွက်ထဲက ကန်တော်ကြီးကို ရေခပ်ဖို့သွားရင်းနဲ့ အခုလို မတော်တဆဖြစ်ခဲ့တာလို့ သိရပါတယ်။ အဲဒီသေဆုံးသူရဲ့ ရုပ်အလောင်းကို DLEPS ဌာနက ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ စစ်ဆေးဆောင်ရွက်နေပြီး ဒီနေ့ညနေပိုင်းမှာပဲ သင်္ဂြိုဟ်ပေးသွားမှာ ဖြစ်ပါတယ်။ အာရက္ခပြည်အတွင်းမှာ အခုလိုရေနစ်သေဆုံးမှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့မိုးရာသီကာလအတွင်းမှာလည်း မြို့နယ်အသီးသီးမှာ ရေနစ်သေဆုံးသူ အများအပြားရှိခဲ့ပါတယ်။ အဲဒီလိုဖြစ်စဉ်တွေ များပြားနေတာကြောင့် မိသားစုဝင်တွေအနေနဲ့ မိမိတို့အိမ်က ကလေးငယ်တွေကို ရေကန်၊ မြစ်၊ ချောင်းကမ်းစပ်တွေမှာအန္တရာယ်မဖြစ်အောင် အရင်ကထက် ပိုပြီးဂရုစိုက်ကြည့်ရှုကြဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
Read moreBorder News Agencyမြေပုံ၊ ဒီဇင်ဘာ ၁၉။ မြေပုံမြို့နယ်မှာ ပျောက်ဆုံးနေတဲ့ဖိုင်ဘာစက်လှေတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(DLEPS)မှ ပိုင်ရှင်တွေဆီပြန်ပေးခဲ့ပါတယ်။ အဲဒီသိမ်းဆည်းရမိထားတဲ့ ဖိုင်ဘာစက်လှေဆယ်စီးကို ဒီဇင်ဘာလ ၁၈ ရက်၊ညနေ ၄ နာရီအချိန်ခန့်က DLEPS အဖွဲ့က ပိုင်ရှင်တွေဆီပြန်ပေးလိုက်တာပါ။ အဲဒီအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာနမှတပ်မှူးတွေ၊တပ်ဖွဲ့ဝင်တွေ၊...
Read moreအင်တာဗျူးBorder News Agencyမြောက်ဦး၊ အောက်တိုဘာ ၂၇။ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေရှိစစ်ဘေးရှောင်တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေမရကြတာမို့ စားဝတ်နေရေးအခက်အခဲတွေကို ရင်ဆိုင်နေကြရပါတယ်။ အဲဒီမြောက်ဦးမြို့မှ စစ်ဘေးရှောင်အမျိုးသမီးဒေါ်လှမြသန်းက သူမတို့ကြုံတွေ့နေရတာတွေကို ပြောပြဖူးပါတယ်။ "စစ်တွေကနေ စစ်ဘေးရှောင်လာတာပါ။ အခက်အခဲကတော့ ည ၁၂ နာရီမှာခိုးပြီးလာခဲ့ရတာပါ။ ဆတ်ရိုးကျတံတားကနေပြီးတော့...
Read moreBorder News Agencyမြေပုံ၊ အောက်တိုဘာ ၂၂။ မြေပုံမြို့နယ်မှာ ကားမှောက်လို့ တဦးသေဆုံးပြီးတဦးဒဏ်ရာရရှိသွားတယ်လို့ မြေပုံဒေသခံတွေက ဆိုကြပါတယ်။ အဲဒီကားမှောက်မှုကြောင့် မင်းပြားမြို့ နယ်၊ မေလွမ်းကျေးရွာက အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် ကိုမျိုးချစ်အောင်သေသွားပြီး ကျောက်တော်မြို့နယ်၊ ပြောင်းဆိပ်ကျေးရွာက အသက်နှစ်ဆယ့်သုံးနှစ်အရွယ် ကိုမင်းမင်းဒဏ်ရာရသွားပါတယ်။...
Read moreBorder News Agencyမြေပုံ၊ စက်တင်ဘာ ၉။ မြေပုံမြို့နယ်မှာ စက်တင်ဘာ ၈ ရက်နေ့က မိုးကြိုးပစ်ခံရပြီး စစ်ရှောင်အ မျိုးသားတဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီကျောက်ဖြူမြို့နယ်၊ ဝပြေကျေးရွာမှအသက် ၅၆ နှစ်အရွယ် ဦးမောင်ချမ်းမှာ မျက်နှာ၊ရင်ဘတ်မှာ...
Read moreBorder News Agencyမြေပုံ၊ ဇူလိုင် ၁၆။ မြေပုံမြို့နယ်၊ ရှင်တောင်ကျေးရွာမှငါးဖမ်းသမားတွေက ဇူလိုင်လ ၁၆ ရက်၊ ဒီနေ့ ပင်လယ်လိပ်တလုံးကို ငါးဖမ်းပိုက်မှငြိပါလာလို့ ဖမ်းရခဲ့ကြတယ်လို့ ဆိုကြပါတယ်။ အဲဒီပင်လယ်လိပ်ကို ပင်လယ်ထဲသို့ပြန်လွတ်ပေးဖို့ ပြင်ဆင်နေကြတယ်လို့ ရွာသားတချို့က ဆိုကြပါတယ်။...
Read moreBorder News Agencyမြေပုံ၊ ဇူလိုင် ၉။ မြေပုံမြို့၊ ကျောက်မော်ကြီး၊ ထူးချေကျေးရွာတွေအနီးရှိ ကမ်းစပ်တွေမှာ မြေပုံလူငယ်များအသင်းဦးဆောင်ပြီးမြို့ပေါ်အရပ်ဖက်လူမှုအဖွဲ့အစည်းတွေစုပေါင်းကာ ဒီရေတောပင် ၂၅၀ ခန့်စို က်ပျိုးခဲ့ကြပါတယ်။ "မြေပုံမြို့နယ်ကနှစ်စဉ် မုန်တိုင်းဒဏ် အနည်းအများ ခံစားရတဲ့ ဒေသတွင် ပါ...
Read moreBorder News Agencyမြေပုံ၊ မေ ၃၁။ အာရက္ခဒေသမှာ ရေနစ်ပြီး ငါးနှစ်အရွယ်ကလေးတဦး၊ဆယ်ကျော်သက်အရွယ်နှစ်ဦးသုံးဦးဟာ တရက်တည်းသေဆုံးသွားတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ ပေါက်တောမြို့နယ်၊ရဲရင်ကန်ကျေးရွာမှ အသက်ငါးနှစ်အရွယ်မောင်သူဟိန်းထွန်း၊ မြေပုံမြို့၊ တရုတ်တန်းရပ်ကွက်မှအသက်ဆယ့်ခုနှစ်နှစ်အရွယ်၊ ဆယ့်နှစ်တန်းကျောင်းသား မောင်သန့်ဇင်နဲ့ မောင်တေဇာဝင့်အောင် ရေနစ်သေဆုံးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီအသက်ငါးနှစ်အရွယ်မောင်သူဟိန်းထွန်းဟာ...
Read more“ကြီးလာရင် ခြေတုတပ်မယ်။ မုန့်ဆိုင်တွေမှာ လုပ်မယ်။ အမေ့ကို ကူမယ်။” https://youtu.be/TWQL6pzTTmU
Read moreHey! Don't Copy my content.