မြောက်ဦးခရိုင်

လေကြောင်းတိုက်ခိုက်ခံရတဲ့ စွန်ရဲတံတားပျက်စီးမှုမြင်ကွင်း

​Border News Agency အဥ္ဇနပူရ၊ နိုဝင်ဘာ ၁၅။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ​အဉ္ဇနပူရမြို့နယ်၊ စွန်ရဲကျေးရွာတံတားကို နိုဝင်ဘာလ ၁၄ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ ​လေကြောင်းတိုက်ခိုက်မှုကြောင့် ကွန်ကရစ်တံတား ကြမ်းခင်းအပိုင်းပေါက်ထွက်ကာ သံချောင်းတွေ ထွက်ပေါ်ပျက်စီးသွားခဲ့သလို တံတားဘေးလက်ရန်းအချို့လည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။...

Read more

ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဟာ အာဏာပြစရာနယ်ပါယ်မဟုတ်ပါ

Border News Agency မြောက်ဦး၊ နိုဝင်ဘာ ၁၅။ ​ယဉ်ကျေးမှုနဲ့သဘာဝအမွေအနှစ်တွေကို ထိန်းသိမ်းရေးဟာ ယူနက်စကိုရဲ့ လုပ်ငန်းနယ်ပါယ်ထဲမှာရှိပါတယ်။ အဲဒီလိုထိန်းသိမ်းတဲ့အခါမှာ လူတွေရဲ့ အိုးအိမ်တွေဖျက်တာ၊အတင်းအဓမ္မဖယ်ရှားတာ၊ အတင်းအဓမ္မနေရာရွေ့ပြောင်းတာ၊ အရင်ကတည်းက နေထိုင်လုပ်ကိုင်စားသောက်နေရတဲ့သူတွေကို အမွေအနှစ်ဖျက်ဆီးနေသူတွေလို့ တံဆိပ်ကပ်ပြီး လူဂုဏ်သိက္ခာမဲ့အောင်လုပ်တာမျိုးဟာ ယူနက်စကိုရဲ့မူဝါဒတွေနဲ့ဆန့်ကျင်ပါတယ်။...

Read more

မြောက်ဦးလေကြောင်းတိုက်ခိုက်ခံရမှုဒဏ်ရာရသူထဲကတဦးထပ်မံသေဆုံး

Border News Agencyမြောက်ဦး၊ နိုဝင်ဘာ ၁၄။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့၊မြောက်ဦးမြို့ရှိ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှုဒဏ်ရာရသူထဲက စစ်ရှောင်တဦးဆေးကုသမှုခံယူနေချိန်အတွင်း ထပ်မံသေဆုံးသွားပါတယ်။ အဲဒီစစ်တွေမြို့၊ ကသဲရပ်ကွက်မှ မြောက်ဦးမြို့မှာ စစ်ဘေးရှောင်နေတဲ့ ဦးမောင်သာအေးနဲ့ ဒေါ်ဦးတင်လှိုင်တို့ရဲ့သား အသက်သုံးဆယ်အရွယ်ကိုမင်းဖြိုးထွန်းသေဆုံးသွားတာပါ။ မြောက်ဦးမြို့၊ ကြက်ဈေးရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းကို နိုဝင်ဘာလ...

Read more

မြောက်ဦးမြို့နယ် ပါးတော်ရွာလူသတ်မှုမှတရားခံကို ဒီလပ်ဖမ်းဆီးအရေးယူ

​Border News Agency မြောက်ဦး၊နိုဝင်ဘာ ၁၃။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်၊ ပါးတော်ရွာမှာ အောက် တိုဘာလ ၁၉ရက်နေ့ကဖြစ်ပွားခဲ့တဲ့ လူသတ်မှုမှကျူးလွန်သူတရားခံကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနက ဖမ်းဆီးအရေးယူထားပါတယ်။ ​အဲဒီပါးတော်ရွာမှ အသက်သုံးဆယ့်နှစ်နှစ်အရွယ် ကိုအောင်ကျော်သိန်းဟာ ညအချိန်ခြံစောင့်တဲအောက်မှာ လည်ပင်းပြတ်လုနီးပါးဓားခုတ်ဒဏ်ရာနဲ့...

Read more

အာရက္ခပြည်သူတွေနဲ့ စစ်သည်တော်တွေကို ULA/AA ဂုဏ်ပြု

​Border News Agency မြောက်ဦး၊ နိုဝင်ဘာ ၁၄။ ​အာရက္ခတကျော့ပြန်တိုက်ပွဲ သုံး နှစ်ပြည့်မြောက်တဲ့နေ့မှာ ခက်ခဲကြမ်းတမ်းမှုတွေကြားက ကြံ့ကြံ့ခံရပ်တည်ပေးခဲ့ကြတဲ့ အာရက္ခမိဘပြည်သူတွေအပါအဝင် တိုက်ပွဲဝင်စစ်သည်တော်တွေနဲ့ ပြည်သူ့ဝန်ထမ်းတွေအားလုံးကို အထူးအလေးအနက် ဂုဏ်ပြုကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)က နိုဝင်ဘာလ ၁၃ရက်နေ့ထုတ်ပြန်ပါတယ်။...

Read more

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တာဝန်ယူ၊တာဝန်ခံရမည့်အချက်များ

ထွန်းလင်းရေးသည်။ In-depth Analysis Border News Agency မြောက်ဦး၊ နိုဝင်ဘာ ၁၃။ (ဓာတ်ပုံ-၂၀၂၃ ခုနှစ်၊ဇူလိုင်လထိ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ဟု သုံးနှုန်းခဲ့သည်။/BNA) အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခတပ်တော်(AA)ပါဝင်သည့်ညီ နောင်မဟာမိတ်သုံးဖွဲ့၏''၁၀၂၇ စစ်ဆင်ရေး''အဖြစ် အာရက္ခဒေသတွင် ပြီးခဲ့သည့်၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ...

Read more

မြောက်ဦးမြို့ ကြက်ဈေးရပ်ကွက်ကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးသေဆုံး(ဓာတ်ပုံသတင်း)

​Border News Agencyမြောက်ဦး၊နိုဝင်ဘာ ၁၃။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့၊ကြက်ဈေးရပ်ကွက်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးအပါအဝင်အရပ်သားနှစ်ဦးသေဆုံးပြီးခုနှစ်နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်ရှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ ​အာဏာသိမ်းစစ်တပ်ကကြက်ဈေးရပ်ကွက်ရှိ လူနေအိမ်တွေ၊ဘုန်းကြီးကျောင်းနဲ့ မူလတန်းစာသင်ကျောင်းအနီးသို့ နိုဝင်ဘာလ ၁၂ ရက်နေ့က ရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ​အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကြက်ဈေးရပ်ကွက်မှအသက် နှစ်ဆယ့်သုံးနှစ်အရွယ် မနုနုဝင်းနဲ့အသက်နှစ်ဆယ် နှစ်အရွယ်ကိုဇော်ဟိန်းသူတို့သေဆုံးခဲ့ပြီးဒဏ်ရာရရှိသူရှစ်ဦးမှာ...

Read more

မြောက်ဦး မူလတန်းလွန်ကျောင်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ငါးဦးသေဆုံး

​Border News Agency မြောက်ဦး၊ နိုဝင်ဘာ ၁၃။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့၊ ကြက်ဈေးရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားငါးဦး သေဆုံးပြီး ဆယ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီမြောက်ဦးမြို့၊ကြက်စျေးရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းကို ​နိုဝင်ဘာလ ၁၂ ရက်၊...

Read more

စပါးအလေးချိန်ကို အာရက္ခအစိုးရသတ်မှတ်အတည်ပြု

​Border News Agency မြောက်ဦး၊နိုဝင်ဘာ ၁၀။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ စပါးဝယ်ယူရောင်းချရင် တတင်းကိုအလေးချိန်ကိုး ကီလိုဂရမ် သို့မဟုတ် နို့ဆီဗူးငါးဆယ့်ငါးဗူးထက်မပိုတဲ့ နှုန်းထားနဲ့ညီညွတ်စွာချိန်တွယ်ရောင်းဝယ်ကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ​စပါးရောင်းဝယ်ရာမှာ ဒေသအခေါ် တတင်းကို ကိုးကီလိုဂရမ်နဲ့ ချိန်တွယ်ရောင်းဝယ်ရမှာဖြစ်ပြီး ကီလိုဂရမ်နဲ့ချိန်တွယ်ဖို့...

Read more

လူထုရဲ့ ထုတ်ဖော်ပြောဆိုခွင့်အပေါ်  နိုင်ငံတော်ပုန်ကန်မှုအဖြစ် တံဆိပ်ကပ်ခြင်း

Border News Agency မြောက်ဦး၊ နိုဝင်ဘာ ၁၀။ ​ကိုယ့်ကိုယ်ကို အုပ်ချုပ်သူတရပ်လို့ ခံယူတဲ့သူတွေဟာ အနည်းဆုံး ပြည်သူနဲ့အစိုးရကြားက ပဋိညာဉ်ကို သဘောပေါက်နားလည်ဖို့နဲ့ လေးစားဖို့လိုပါတယ်။ တော်လှန်ရေးကာလပဲဖြစ်ဖြစ်၊အရေးပေါ်ကာလပဲဖြစ်ဖြစ် ဘယ်လိုအခင်းအကျင်းမှာပင်ဖြစ်စေ အုပ်ချုပ်သူလို့ ခံယူတဲ့သူဟာ လူထုရဲ့အကျိုးစီးပွားကိုဦးတည်ပေးရပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင်...

Read more
Page 1 of 77 1 2 … 77

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here