Border News Agency
နေပြည်တော်၊ သြဂုတ် ၄။
နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ သြဂုတ်လ ၄ ရက်၊ ဒီနေ့တွေ့ဆုံခဲ့ပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ်က တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက်လုပ်နေတယ်လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့”ဝ”ကြား လက်ရှိနိုင်ငံရေးနဲ့ ဒေသတွင်းအခြေအနေတွေအပေါ် ဆွေးနွေးဖို့သွားခဲ့ပေမယ့်နှစ်ဘက်ဆွေးနွေးချက်အသေးစိတ်ကိုမထုတ်ပြန်သေးပါဘူး။














