မြောက်ဦးမြို့နယ်

မြောက်ဦးမြို့နယ် သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မြောက်ဦးမြို့ ဖြစ်သည်။

မြေယာဥပဒေကို ULA/AA ကိုယ်တိုင်ချိုးဖောက်နေ

Border News Agencyမြောက်ဦး၊သြဂုတ် ၂၈။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်၊ပေါင်းတုတ်ကျေးရွာမှမြေယာတွေကို ၁၈၉၄ခုနှစ်၊ မြေသိမ်းဥပဒေအတိုင်းသိမ်းမယ်လို့ ULA/AAက တရားဝင်ထုတ်ပြန်ထားပေမယ့် ၁၈ ၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေအတိုင်းမဆောင်ရွက်ဘဲ ULA/AA ဟာ ဥပဒေပါပြဋ္ဌာန်းချက်တွေကို ချိုးဖောက်နေပါတယ်။ အဲဒီမြေကိစ္စနဲ့ပတ်သက်ပြီး ၁၈၉၄...

Read more

အာရက္ခစာရေးဆရာအသင်းနဲ့ ခမီစာပေရေးရာကော်မတီ တွေ့

​Border News Agencyမြောက်ဦး၊ ဩဂုတ် ၂၈။ ​အာရက္ခပြည်အတွင်း အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို)နဲ့ ခမီစာပေရေးရာကော်မတီတို့ သြဂုတ်လ ၂၇ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) နဲ့ ခမီစာပေအရေးရာကော်မတီတို့က တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတာပါ။ ​ခမီစာပေအရေးရာကော်မတီဝင်တဦးက...

Read more

အခွန်ပေးဆောင်မှုတွေကို အွန်လိုင်းစနစ်နဲ့ပြောင်းလဲဖို့ ULA ပြင်ဆင်နေ

​Border News Agencyမြောက်ဦး၊ ဩဂုတ် ၂၇။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ အခွန်အခပေးဆောင်တာတွေကို ပိုမိုလွယ်ကူစေဖို့နဲ့ အဂတိလိုက်စားမှုကင်းရှင်းစေဖို့အတွက် အွန်လိုင်းစနစ်၊မိုဘိုင်းဘဏ်စနစ်တွေနဲ့ပြောင်းလဲအကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(UL A)ပြင်ဆင်နေပါတယ်။ ​အနာဂတ်မှာခိုင်မာထိရောက်ပြီး တရားမျှတတဲ့အခွန်အခနဲ့ အခွင့်အရေးစနစ်တွေပေါ်ပေါက်လာစေဖို့အတွက် ကမ္ဘာ့စံနှုန်းတွေနဲ့အညီ လက်ရှိသမရိုးကျစီမံခန့်ခွဲမှုစနစ်မှ ခေတ်မီနည်းပညာစနစ်တွေဆီ ပြောင်းလဲတည်ဆောက်သွားမယ်လို့ဆိုပါတယ်။ ​အဲဒီအပြင်ကုန်သည်တွေနဲ့...

Read more

ဓာတုလက်နက်အန္တရာယ်ကာကွယ်ရေး ဘာတွေသိထားသင့်လဲ

​Border News Agencyမြောက်ဦး၊ဩဂုတ် ၂၇။ ​ဓာတုလက်နက်(Chemical Weapons) ဆိုတာ လူသားတွေဖန်တီးထားတဲ့အဆိပ်ဓာတ်ငွေ့၊ အရည်နဲ့အမှုန့်တွေဖြစ်ပြီး အမြောက်ကျည်၊ဒုံးကျည်၊ လေကြောင်းဗုံးကြဲမှုနဲ့ ဒရုန်းဗုံးသီးတွေကတဆင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိပါတယ်။ အဲဒီအဆိပ်သင့်ပစ္စည်းတွေဟာ ခန္ဓာကိုယ်ရဲ့အဆုတ်၊ အရေပြား၊ မျက်လုံးနဲ့အမြှေးပါးတွေကတဆင့် အလွယ်တကူဝင်ရောက်နိုင်ပြီး ဦးနှောက်၊အာရုံကြောနဲ့ အသက်ရှူလမ်းကြောင်းစတဲ့...

Read more

အာရက္ခပြည်သူ့ကျန်းမာရေး ကြီးကြပ်သင်တန်းသားသစ်တွေခေါ်ယူနေ

​Border News Agencyမြောက်ဦး၊ ဩဂုတ် ၂၇။ ​အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအောက်မှာရှိတဲ့ ပြည်သူ့ကျန်းမာရေးသင်တန်းကျောင်းက ပြည်သူ့ကျန်းမာရေးကြီးကြပ်နှစ်အပတ်စဉ် ၂ သင်တန်းအတွက်သင်တန်းသားသစ်တွေကို စတင်ခေါ်ယူနေပါတယ်။ အဲ​ဒီသင်တန်းကို အသက်သုံးဆယ်မပြည့်သေးဘဲ အနည်းဆုံးအထက်တန်းတက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူ၊ပြစ်မှုကင်းရှင်းပြီး အကျင့်စာရိတ္တကောင်းမွန်သူနဲ့ ကျန်းမာရေးကောင်းမွန်သူမည်သူမဆို လျှောက်ထားနိုင်တာပါ။ အဲဒီသင်တန်းပြီးရင် ပြည်သူ့ကျန်းမာရေးကြီးကြပ်နှစ်အဖြစ်...

Read more

အခွန်ကိုရည်ရွယ်ချက်ငါးရပ်နဲ့အဓိကကောက်ခံနေတယ်လို့ ULAအသိပေး

​Border News Agencyမြောက်ဦး၊ ဩဂုတ် ၂၇။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အကောက်ခွန်နဲ့အခွန်ဌာနကဦးဆောင်ပြီ အခွန်၊အခတွေကို ရည်ရွယ်ချက်ငါးရပ်နဲ့ အဓိကကောက်ခံနေတယ်လို့ တရားဝင်ထုတ်ဖော်ပြောဆိုပါတယ်။ ​အာရက္ခပြည်လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ပြည်သူလူထုလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ အစိုးရယန္တရားရေရှည်တည်တံ့ရေးအတွက် အဓိကရည်ရွယ်ချက်ငါးရပ်နဲ့အခွန်ကောက်နေတာလို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ဗဟိုအခွန်ဌာနက ဆိုပါတယ်။ အာရက္ခပြည်ရဲ့အဓိကဝင်ငွေကို တနှစ်ထက်တနှစ်တိုးမြှင့်ကောက်ခံနိုင်ဖို့၊...

Read more

အရက်၊ဘီယာနဲ့ဆေးလိပ်တွေအပေါ် အခွန်ငါးဆယ်ရာခိုင်နှုန်းထိ ULA ကောက်

​Border News Agencyမြောက်ဦး၊ ဩဂုတ် ၂၆။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူတွေရဲ့ကျန်းမာရေးထိခိုက်ခံစားရမှုဆိုးကျိုးတွေကို လျှော့ချနိုင်ဖို့ရည်ရွယ်ပြီး ဆေးလိပ်နဲ့အရက်၊ ဘီယာကုန်ပစ္စည်းတွေအပေါ် တန်ဖိုးရဲ့ ငါးဆယ်ရာခိုင်နှုန်းထိ အခွန်တိုးမြှင့်ကောက်ခံနေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဗဟိုအခွန်ဌာနကဆိုပါတယ်။ ​အဲဒီဆေးလိပ်နဲ့ ယမကာတွေအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုကို ၂၀၂၀...

Read more

အာရက္ခလယ်ယာမြေဥပဒေနောက်ဆက်တွဲ မည်သို့ဖြစ်လာနိုင်သနည်း။

Border News Agencyမြောက်ဦး၊ သြဂုတ် ၂၆။ အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့ နှောင်းပိုင်းမှစတင်၍ စစ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းနှင့်အတူ ရခိုင်ရှိအုပ်ချုပ်ရေးယန္တရားများ၊ ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများမှာလည်း သိသိသာသာထိခိုက်ပျက်စီးလာခဲ့သည်။ စစ်ရေးပဋိပက္ခများ၏ တိုက်ရိုက်နှင့် သွယ်ဝိုက်သောအကျိုးဆက်များအဖြစ်...

Read more

အာရက္ခမြေယာပြဿနာတွေဖြေရှင်းဖို့ စီမံခန့်ခွဲမှုကော်မတီတွေတိုးဖွဲ့

​Border News Agencyမြောက်ဦး၊ ဩဂုတ် ၂၅။ ​အာရက္ခဒေသမြေပြင်စီမံခန့်ခွဲမှုနဲ့ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ပိုမိုခိုင်မာအားကောင်းလာစေဖို့အတွက် ခရိုင်နဲ့တိုက်နယ်အဆင့်စီမံခန့်ခွဲမှုကော်မတီတွေကို အဆင့်ဆင့်တိုးချဲ့ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကဆိုပါတယ်။ အဲဒီ​အာရက္ခဒေသတွင်းဖြစ်ပေါ်နေတဲ့ မြေယာနဲ့တခြားလူမှုရေးပဋိပက္ခတွေကို တရားမျှတစွာစနစ်တကျဖြေရှင်းပေးဖို့၊ပြည်သူ့ဝန်ဆောင်မှုတွေကို ထိထိရောက်ရောက်ပံ့ပိုးပေးနိုင်ဖို့၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအုပ်ချုပ်မှုစနစ်ခိုင်မာစေဖို့ရည်ရွယ်ပြီး တိုးချဲ့ဖွဲ့စည်းခဲ့တာလို့ဆိုပါတယ်။ ​ခေတ်အဆက်ဆက်အုပ်ချုပ်သူတွေရဲ့ စနစ်မကျတဲ့မြေယာစီမံခန့်ခွဲမှု၊ရှုပ်ထွေးတဲ့မြေပိုင်ဆိုင်မှုစာရွက်စာတမ်းတွေနဲ့ အဂတိလိုက်စားမှုတွေကြောင့်...

Read more

လူမှုတရားမျှတရေးပဋိပက္ခတွေဖြစ်လာနိုင်တဲ့ အာရက္ခမြေယာမူဝါဒ

Border News Agencyမြောက်ဦး၊ ဩဂုတ် ၂၅။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဦးကျော်ဇံဟာ အာရက္ခမြေယာမူဝါဒတွေကိုထုတ်ဖော်ပြောလာပါတယ်။ အဲဒီဗဟိုမြေယာစီမံခန့်ခွဲမှု​ကော်မတီအတွင်းရေးမှူး ဦးကျော်ဇံပြောတာတွေထဲမှာ အဓိကလေးချက်ကိုတွေ့ရပါတယ်။ အဲဒါတွေကတော့… ၁။ အာရက္ခဒေသလက်ရှိမြေယာပြဿနာ။ ၂။ မြေအရောင်းအဝယ်ကိစ္စ။...

Read more
Page 1 of 30 1 2 30

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here