Talk Show
Border News Agency
မောင်တော၊ နိုဝင်ဘာ ၂၁။
“ပဋိပက္ခအတွင်း ကျား၊မ အခြေပြုအကြမ်းဖက်မှုခံရသူတွေ အကာအကွယ်ရရှိရေးနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေအဆုံးသတ်ရေး” Talk Show ကို နိုဝင်ဘာလ ၂၂ ရက်နေ့၊ မနက်ဖြန်၊ မြန်မာစံတော်ချိန်၊ညနေ ၇ နာရီမှာ တိုက်ရိုက်ထုတ်လွှင့်သွားပါမယ်။
အဲဒီကျား၊ မ အခြေပြုအကြမ်းဖက်မှုခံရသူတွေအကာအကွယ်ရရှိရေးစကားဝိုင်းမှာ ရခိုင်အမျိုးသမီးကွန်ရက်မှ ဒေါ်ညိုအေး၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ ဒေါ်ခင်လေး၊ ရှမ်းလူငယ်အရေးလှုပ်ရှားသူ Nang Yadanar တို့ အဓိကဆွေးနွေးထားကြပြီး Enna က Moderator အဖြစ် ပါဝင်မေးထားပါတယ်။
မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်ပဋိပက္ခဟာ ပိုဆိုးလာသလို ပဋိပက္ခတွေအတွင်းမှာ ကျား၊မ အခြေပြုအကြမ်းဖက်ခံရသူတွေလည်းများလာပါတယ်။
ဒါပေမယ့် ကျား၊မအခြေပြုအကြမ်းဖက်မှုခံရသူတွေဟာ ဥပဒေအရအကာအကွယ်ရရှိတာတွေ နည်းပါးနေကြပါတယ်။
အဲဒီအပြင် အကြမ်းဖက်မှုကျူးလွန်သူတွေလည်း ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေရနေကြပါတယ်။
အဲဒါကြောင့် ပဋိပက္ခအတွင်း ကျား၊မ အခြေပြုအကြမ်းဖက်မှုခံရသူတွေ အကာအကွယ်ရရှိရေးနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေအဆုံးသတ်ရေးကို အဓိကဆွေးနွေးထားကြပါတယ်။









